ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
က်ပ္သိန္းေပါင္း ၆ ေသာင္းေက်ာ္ကို သိမ္းဆည္းခံလယ္ယာေျမမ်ား၏ မူလေတာင္သူ (၄၇) ဦးအား ရန္ကုန္တုိင္းအစိုးရက ေလ်ာ္ေၾကးေပးအပ္ခဲ့သည္။
အဆိုပါေလ်ာ္ေၾကးေပးအပ္ပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ စက္တင္ဘာ ၂၈ ရက္က ျပဳလုပ္ခဲ့ရာ လယ္ယာေျမႏွင့္အျခားေျမမ်ားသိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီဥကၠ႒ ရန္ကုန္တုိင္းဝန္ႀကီး ခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ ဝန္ႀကီးမ်ားႏွင့္ သက္ဆုိင္ရာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက မူလေတာင္သူမ်ားကို ေျမယာေလ်ာ္ေၾကးမ်ားေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ယင္းအခမ္းအနားတြင္ ဝန္ႀကီးခ်ဳပ္က ေတာင္သူလယ္သမားမ်ားထံမွ ရန္ကုန္ၿမိဳ႕တည္ေဆာက္ေရးအတြက္ သိမ္းဆည္းခဲ့သည့္ လယ္ယာေျမမ်ားကို တိုင္းေဒသႀကီး လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းခံရမႈ ေကာ္မတီအဆင့္ဆင့္မ်ားႏွင့္ ရပ္ကြက္၊ေက်းရြာ၊ၿမိဳ့နယ္၊ခရုိင္၊တိုင္း၊အဆင့္ဆင့္မွ စိစစ္ၿပီးေဆာင္ရြက္ခဲ့ျခင္းျဖစ္ ေၾကာင္း ေျပာၾကားသည္။
ထိုအခမ္းအနားတြင္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္မ်ားမွ သိမ္းဆည္းခဲ့ေသာ လယ္ယာေျမမ်ား၏ မူလေတာင္သူ (၄၇) ဦး၏ ေျမဧက (၆၉၆.၃၁) ဧကအတြက္ တစ္ဧကလွ်င္ ေငြက်ပ္ သိန္း ၁၀၀ ႏႈန္းျဖင့္ ေျမယာေလ်ာ္ေၾကး က်ပ္ (၆၉၆၃၁) သိန္းအားေပးအပ္ခဲ့ေၾကာင္း သိရသည္။
အေထာက္အထားမွန္ကန္ၿပီး သိမ္းဆည္းထားျခင္းမွန္ကန္လွ်င္ ေျမ သို႔မဟုတ္ ေငြေလ်ာ္မည္ျဖစ္ေၾကာင္း သိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကျပ်သိန်းပေါင်း ၆ သောင်းကျော်ကို သိမ်းဆည်းခံလယ်ယာမြေများ၏ မူလတောင်သူ (၄၇) ဦးအား ရန်ကုန်တိုင်းအစိုးရက လျော်ကြေးပေးအပ်ခဲ့သည်။
အဆိုပါလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ရာ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ဝန်ကြီးများနှင့် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက မူလတောင်သူများကို မြေယာလျော်ကြေးများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအခမ်းအနားတွင် ဝန်ကြီးချုပ်က တောင်သူလယ်သမားများထံမှ ရန်ကုန်မြို့တည်ဆောက်ရေးအတွက် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများကို တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ကော်မတီအဆင့်ဆင့်များနှင့် ရပ်ကွက်၊ကျေးရွာ၊မြို့နယ်၊ခရိုင်၊တိုင်း၊အဆင့်ဆင့်မှ စိစစ်ပြီးဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထိုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များမှ သိမ်းဆည်းခဲ့သော လယ်ယာမြေများ၏ မူလတောင်သူ (၄၇) ဦး၏ မြေဧက (၆၉၆.၃၁) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် မြေယာလျော်ကြေး ကျပ် (၆၉၆၃၁) သိန်းအားပေးအပ်ခဲ့ကြောင်း သိရသည်။
အထောက်အထားမှန်ကန်ပြီး သိမ်းဆည်းထားခြင်းမှန်ကန်လျှင် မြေ သို့မဟုတ် ငွေလျော်မည်ဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com