ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
အစိုးရမွ ေရာင္းခ်သည့္ တန္ဖိုးနည္အိမ္ရာ၀ယ္ယူခြင့္ရရွိသည့္သူ ၃၀၀ ေက်ာ္မွာစက္တင္ဘာ၂၉ ရက္ေန႕နံနက္ပုိင္းက ရာႏႈန္းျပည့္လာေရာက္ မဲနွိဳက္ခဲ့ေၾကာင္း ျပည့္သူအိမ္ရာေရာင္းခ်ေရးေကာ္မတီမွ အတြင္းေရးမွဳးဦးညီညီကေျပာၾကားသည္။
“ အရင္က အိမ္ရာ၀ယ္ယူခြင့္ရွိတယ္ဆိုရင္ေတာင္ မဲလာမနွိဳက္တာေတြ၊ ေငြမသြင္းတာမ်ိဳးေတြရွိေပမဲ့ ေကာ္မတီတည္ေထာင္ျပီးေနာက္ပုိင္းမွာ စည္းကမ္းေတြထပ္ေရးဆြဲလိုက္ေတာ့ လူအမ်ားစုလိုက္နာလာၾကတယ္ ” ဟု ဦးညီညီကဆက္လက္ေျပာၾကားသည္။
ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရးႀကီးၾကပ္မွဳေကာ္မတီမွ အိမ္ရာ၀ယ္ယူခြင့္ ေလွ်ာက္ထားသူ ၄၈၀၀ ေက်ာ္ရွိျပီး တတိယအသုတ္အိမ္ရာ၀ယ္ယူရန္ လာေရာက္ဆက္သြယ္ဆႏၵျပဳသူ ၉၀၀ ေက်ာ္မွ တန္းစီဇယားအတိုင္း မဲနွိဳက္ခြင့္ရရွိသူ ၃၀၀ ေက်ာ္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း အဆုိပါဌာနမွ သိရသည္။
အဆိုပါမဲနွိဳက္ေရြးခ်ယ္မွဳကုိ စက္တင္ဘာလ ၂၉ ရက္ေန႕ နံနက္ ၉ နာရီတြင္က်င္းပခဲ့ျပီး အိမ္ခန္း၀ယ္ယူခြင့္ရရွိ သူသည္ ေအာက္တိုဘာလ ၇ ရက္ေန႕မွ ၃၁ ရက္ေန႕အထိ ေဆာက္လုပ္ေရး၊ အိမ္ရာနင့္အေျခခံအေဆာက္အအံု ဖြံျဖိဳးေရးဘဏ္တြင္ ေငြေပးျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္နိုင္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွသိရသည္။
လက္ရွိ ဆႏၵျပဳထားသည့္ အိမ္ရာစာရင္းတြင္ မပါ၀င္သည့္ ေရာင္းခ်ရန္က်န္ရွိေသာ ကေနာင္အိမ္ရာမွ အခန္း ၂၇ ခန္း၊ ေရႊလင္ဗန္းအိမ္ရာမွ ၁၄ ခန္း၊ ေရႊလင္ဗန္းစက္မွဳဇုန္မွ ၁၅ ခန္း၊ ထီးလွိဳင္ရွင္အိမ္ရာမွ ၁၀ ခန္း စုစုေပါင္း ၆၆ ခန္းကုိလည္း က်န္ဆႏၵျပဳသူ ၆၀၀ ေက်ာ္ကုိ ေနာက္ထပ္ အိမ္ရာအစည္းအေ၀းဆံုးျဖတ္မွဳျဖင့္ ဆက္လက္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ျပည့္သူအိမ္ရာေရာင္းခ်ေရးေကာ္မတီထံမွသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အစိုးရမှ ရောင်းချသည့် တန်ဖိုးနည်အိမ်ရာဝယ်ယူခွင့်ရရှိသည့်သူ ၃၀၀ကျော်မှာစက်တင်ဘာ၂၉ ရက်နေ့ နံနက်ပိုင်းက ရာနှုန်းပြည့်လာရောက် မဲနှိုက်ခဲ့ကြောင်း ပြည့်သူအိမ်ရာရောင်းချရေးကော်မတီမှ အတွင်းရေးမှုးဦးညီညီကပြောကြားသည်။
“ အရင်က အိမ်ရာဝယ်ယူခွင့်ရှိတယ်ဆိုရင်တောင် မဲလာမနှိုက်တာတွေ၊ ငွေမသွင်းတာမျိုးတွေရှိပေမဲ့ ကော်မတီတည်ထောင်ပြီးနောက်ပိုင်းမှာ စည်းကမ်းတွေထပ်ရေးဆွဲလိုက်တော့ လူအများစုလိုက်နာလာကြတယ် ” ဟု ဦးညီညီကဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီမှ အိမ်ရာဝယ်ယူခွင့် လျှောက်ထားသူ ၄၈၀၀ ကျော်ရှိပြီး တတိယအသုတ်အိမ်ရာဝယ်ယူရန် လာရောက်ဆက်သွယ်ဆန္ဒပြုသူ ၉၀၀ ကျော်မှ တန်းစီဇယားအတိုင်း မဲနှိုက်ခွင့်ရရှိသူ ၃၀၀ ကျော်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
အဆိုပါမဲနှိုက်ရွေးချယ်မှုကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီတွင်ကျင်းပခဲ့ပြီး အိမ်ခန်းဝယ်ယူခွင့်ရရှိ သူသည် အောက်တိုဘာလ ၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောက်လုပ်ရေး၊ အိမ်ရာနင့်အခြေခံအဆောက်အအုံ ဖွံဖြိုးရေးဘဏ်တွင် ငွေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
လက်ရှိ ဆန္ဒပြုထားသည့် အိမ်ရာစာရင်းတွင် မပါဝင်သည့် ရောင်းချရန်ကျန်ရှိသော ကနောင်အိမ်ရာမှ အခန်း ၂၇ ခန်း၊ ရွှေလင်ဗန်းအိမ်ရာမှ ၁၄ ခန်း၊ ရွှေလင်ဗန်းစက်မှုဇုန်မှ ၁၅ ခန်း၊ ထီးလှိုင်ရှင်အိမ်ရာမှ ၁၀ ခန်း စုစုပေါင်း ၆၆ ခန်းကိုလည်း ကျန်ဆန္ဒပြုသူ ၆၀၀ ကျော်ကို နောက်ထပ် အိမ်ရာအစည်းအဝေးဆုံးဖြတ်မှုဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း ပြည့်သူအိမ်ရာရောင်းချရေးကော်မတီထံမှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com