နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္တြင္ အိမ္ရာမဲ့စခန္းမ်ားအနီးရွိ အိမ္ျခံေျမတို႔၏ တန္ဖိုး ၁၇ ရာခုိင္ႏႈန္းခန္႔ ထိုးက်

နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္တြင္ အိမ္ရာမဲ့စခန္းမ်ားအနီးရွိ အိမ္ျခံေျမတို႔၏ တန္ဖိုး ၁၇ ရာခုိင္ႏႈန္းခန္႔ ထိုးက် - Property News in Myanmar from iMyanmarHouse.com
27 Sep 2019 11:46 am တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕ရွိ အိမ္ရာမဲ့ ျပႆနာမွာ ယခုအခါ အိမ္ျခံေျမတန္ဖုိးမ်ားအေပၚတြင္ပါ ဂယက္ရိုက္လာသည္။

နယူးေယာက္ျမိဳ႕ Independent Budget Office ၏ ေလ့လာခ်က္တစ္ရပ္အရ မန္ဟက္တန္အရပ္တြင္ အိမ္ရာမဲ့စခန္းမ်ားအနီး တည္ရွိသည့္ ေနအိမ္မ်ား၏ တန္ဖိုးမွာ ၁၇ ရာခိုင္ႏႈန္းခန္႔အထိ က်ဆင္းသြားေၾကာင္း ေဖာ္ျပထားသည္။

အဆိုပါ ေတြ႔ရွိခ်က္မွာ နယူးေယာက္ျမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔က စီစဥ္ေနသည့္ အစီအစဥ္မ်ားအေပၚ ကန္႔ကြက္သူမ်ားအတြက္ ေလာင္စာတစ္ခု ျဖစ္လာသည္။ နယူးေယာက္အုပ္ခ်ဳပ္ေရးအဖြဲ႔က စီစဥ္ေနသည္မွာ နယူးေယာက္ရွိ အိမ္ရာမဲ့ ၅၈၀၀၀ ခန္႔အတြက္ ရပ္ကြက္ၾကီး ၅ ခုတြင္ အိမ္ရာမဲ့ စခန္းသစ္ ၉၀ ခန္႔ ဖြင့္လွစ္ေပးသြားရန္ စီစဥ္ေနျခင္း ျဖစ္သည္။

ထို႔အျပင္ အသံုးျပဳျခင္းမရွိေတာ့ေသာ Park Savoy ဟိုတယ္ကိုလည္း အိမ္ရာမဲ့စခန္းအျဖစ္ အသံုးျပဳရန္ တိုက္တြန္းခ်က္မ်ား ရွိေနသည္။

“အိမ္ရာမဲ့ စခန္းေတြအေပၚ ကၽြန္ေတာ္အားေပးပါတယ္။ ဒါေပမယ့္ လူေနအိမ္ရာတစ္ခုနဲ႔ အလြန္နီးနီးကပ္ကပ္ထားမယ္ဆိုရင္ က်ဆင္းသြားမယ့္ အိမ္တန္ဖိုးေတြအတြက္ အဲဒီအေဆာက္အအံုမွာ ေနထုိင္ၾကသူတိုင္းကို ေလ်ာ္ေၾကးေပးသင့္ပါတယ္”ဟု အေနာက္ ၅၈ လမ္းတြင္ ေနထိုင္သည့္ လမ္းသားတစ္ဦးျဖစ္သူ မိုက္ကယ္ ဖစ္ရွာက ေျပာၾကားသည္။

IBO ၏ ေတြ႔ရွိခ်က္အရ အိမ္ရာမဲ့စခန္းမ်ားအနီး မန္ဟက္တန္ရွိ ေနအိမ္ေရာင္းခ်သူမ်ားသည္ အျခားေနရာမ်ားမွ ေရာင္းခ်သူမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေစ်းႏႈန္း ၇ ရာခိုင္ႏႈန္းမွ ၁၇ ရာခိုင္ႏႈန္းအၾကား နစ္နာခဲ့ေၾကာင္း ေတြ႔ရွိခဲ့သည္။

အဆိုပါ ေလ့လာခ်က္အရ အိမ္ရာမဲ့စခန္းတစ္ခုႏွင့္ ေပ ၅၀၀ ႏွင့္အထက္ ေဝးကြာသည့္ ေနအိမ္တစ္လံုးကို ကန္ေဒၚလာ ၁ သန္းျဖင့္ ေရာင္းခ်ရသည္ဆိုလွ်င္ ေပ ၅၀၀ အတြင္းရွိ ေနအိမ္မ်ားမွာ ကန္ေဒၚလာ ၉၂၉၀၀၀ သာရရွိျပီး ၇ ရာခိုင္ႏႈန္း နစ္နာၾကသည္။

အကယ္၍ အိမ္ရာမဲ့စခန္းမ်ားစြာ တည္ရွိေသာအရပ္တြင္ ေပ ၁၀၀၀ ပတ္လည္အတြင္း တည္ရွိေသာ ေနအိမ္ဆိုပါက ၁၇ ဒသမ ၄ ရာခိုင္ႏႈန္းအထိ နစ္နာၾကသည္ဟု ဆိုသည္။

အဆိုပါ အစီရင္ခံစာမွာ ၂၀၁၀ ျပည့္ႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း မန္ဟက္တန္အရပ္ရွိ ကြန္ဒိုခန္းမ်ား၊ မိသားစု ၁ စုမွ ၃ စုအထိ ေနထိုင္ႏိုင္ေသာ ေနအိမ္မ်ား ေရာင္းခ်ရမႈ အားလံုးအေပၚ ရရွိထားသည္ နယူးေယာက္ဘ႑ာေရးဌာန Department of Finance မွ အခ်က္အလက္မ်ားအေပၚ အေျခခံတြက္ခ်က္ထားျခင္း ျဖစ္သည္။

အိမ္ရာမဲ့မ်ားကို ေနစရာမ်ား ရွာေဖြေပးအပ္ေနျပီး အိမ္ရာမဲ့ အေရးေဆာင္ရြက္လ်က္ရွိသည့္ City Hall အဖြဲ႔၏ ေျပာေရးဆိုခြင့္ရ အမ်ဳိးသမီး ေအဗရီ ကိုဟင္က သံုးသပ္ရာတြင္မူ ယခုေလ့လာခ်က္၌ အားနည္းခ်က္မ်ားရွိေနေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ မန္ဟက္တန္ရွိ အိမ္ျခံေျမ ပမာဏအနည္းငယ္ကိုသာ ေလ့လာထားျခင္းျဖစ္ေၾကာင္း၊ အေဆာက္အအံုႏွင့္ ကြန္ဒိုခန္းအနည္းငယ္ကိုသာ ေလ့လာကာ သိမ္းက်ံဳး ေကာက္ခ်က္ဆြဲသြားျခင္းျဖစ္ေၾကာင္း ေထာက္ျပေဝဖန္သည္။

IBO သည္ အိမ္ျခံေျမတန္ဖိုးအေပၚ သက္ေရာက္မႈရွိသည့္ အျခားေသာ အခ်က္အလက္မ်ားကို ထည့္သြင္းတြက္ခ်က္ရန္ ပ်က္ကြက္ခဲ့ေၾကာင္းလည္း City Hall က ေထာက္ျပသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ အိမ်ရာမဲ့ ပြဿနာမှာ ယခုအခါ အိမ်ခြံမြေတန်ဖိုးများအပေါ်တွင်ပါ ဂယက်ရိုက်လာသည်။

နယူးယောက်မြို့ Independent Budget Office ၏ လေ့လာချက်တစ်ရပ်အရ မန်ဟက်တန်အရပ်တွင် အိမ်ရာမဲ့စခန်းများအနီး တည်ရှိသည့် နေအိမ်များ၏ တန်ဖိုးမှာ ၁၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

အဆိုပါ တွေ့ရှိချက်မှာ နယူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေသည့် အစီအစဉ်များအပေါ် ကန့်ကွက်သူများအတွက် လောင်စာတစ်ခု ဖြစ်လာသည်။ နယူးယောက်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေသည်မှာ နယူးယောက်ရှိ အိမ်ရာမဲ့ ၅၈၀၀၀ ခန့်အတွက် ရပ်ကွက်ကြီး ၅ ခုတွင် အိမ်ရာမဲ့ စခန်းသစ် ၉၀ ခန့် ဖွင့်လှစ်ပေးသွားရန် စီစဉ်နေခြင်း ဖြစ်သည်။

ထို့အပြင် အသုံးပြုခြင်းမရှိတော့သော Park Savoy ဟိုတယ်ကိုလည်း အိမ်ရာမဲ့စခန်းအဖြစ် အသုံးပြုရန် တိုက်တွန်းချက်များ ရှိနေသည်။

“အိမ်ရာမဲ့ စခန်းတွေအပေါ် ကျွန်တော်အားပေးပါတယ်။ ဒါပေမယ့် လူနေအိမ်ရာတစ်ခုနဲ့ အလွန်နီးနီးကပ်ကပ်ထားမယ်ဆိုရင် ကျဆင်းသွားမယ့် အိမ်တန်ဖိုးတွေအတွက် အဲဒီအဆောက်အအုံမှာ နေထိုင်ကြသူတိုင်းကို လျော်ကြေးပေးသင့်ပါတယ်”ဟု အနောက် ၅၈ လမ်းတွင် နေထိုင်သည့် လမ်းသားတစ်ဦးဖြစ်သူ မိုက်ကယ် ဖစ်ရှာက ပြောကြားသည်။

IBO ၏ တွေ့ရှိချက်အရ အိမ်ရာမဲ့စခန်းများအနီး မန်ဟက်တန်ရှိ နေအိမ်ရောင်းချသူများသည် အခြားနေရာများမှ ရောင်းချသူများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း ၇ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအကြား နစ်နာခဲ့ကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာချက်အရ အိမ်ရာမဲ့စခန်းတစ်ခုနှင့် ပေ ၅၀၀ နှင့်အထက် ဝေးကွာသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁ သန်းဖြင့် ရောင်းချရသည်ဆိုလျှင် ပေ ၅၀၀ အတွင်းရှိ နေအိမ်များမှာ ကန်ဒေါ်လာ ၉၂၉၀၀၀ သာရရှိပြီး ၇ ရာခိုင်နှုန်း နစ်နာကြသည်။

အကယ်၍ အိမ်ရာမဲ့စခန်းများစွာ တည်ရှိသောအရပ်တွင် ပေ ၁၀၀၀ ပတ်လည်အတွင်း တည်ရှိသော နေအိမ်ဆိုပါက ၁၇ ဒသမ ၄ ရာခိုင်နှုန်းအထိ နစ်နာကြသည်ဟု ဆိုသည်။

အဆိုပါ အစီရင်ခံစာမှာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မန်ဟက်တန်အရပ်ရှိ ကွန်ဒိုခန်းများ၊ မိသားစု ၁ စုမှ ၃ စုအထိ နေထိုင်နိုင်သော နေအိမ်များ ရောင်းချရမှု အားလုံးအပေါ် ရရှိထားသည် နယူးယောက်ဘဏ္ဍာရေးဌာန Department of Finance မှ အချက်အလက်များအပေါ် အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်။

အိမ်ရာမဲ့များကို နေစရာများ ရှာဖွေပေးအပ်နေပြီး အိမ်ရာမဲ့ အရေးဆောင်ရွက်လျက်ရှိသည့် City Hall အဖွဲ့၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး အေဗရီ ကိုဟင်က သုံးသပ်ရာတွင်မူ ယခုလေ့လာချက်၌ အားနည်းချက်များရှိနေကြောင်း၊ အဘယ်ကြောင့်ဆိုသော် မန်ဟက်တန်ရှိ အိမ်ခြံမြေ ပမာဏအနည်းငယ်ကိုသာ လေ့လာထားခြင်းဖြစ်ကြောင်း၊ အဆောက်အအုံနှင့် ကွန်ဒိုခန်းအနည်းငယ်ကိုသာ လေ့လာကာ သိမ်းကျုံး ကောက်ချက်ဆွဲသွားခြင်းဖြစ်ကြောင်း ထောက်ပြဝေဖန်သည်။

IBO သည် အိမ်ခြံမြေတန်ဖိုးအပေါ် သက်ရောက်မှုရှိသည့် အခြားသော အချက်အလက်များကို ထည့်သွင်းတွက်ချက်ရန် ပျက်ကွက်ခဲ့ကြောင်းလည်း City Hall က ထောက်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service