ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ေနာက္ေဖးလမ္းၾကားဥယ်ာဥ္မ်ား ဒုတိယအႀကိမ္ သန႔္ရွင္းေရလႈပ္ရွားမႈ က်င္းပမည္ျဖစ္ေၾကာင္း ဒို႔အိမ္၏ လူမႈကြန္ရက္စာမ်က္ႏွာမွသိရသည္။
ေနာက္ေဖးလမ္းၾကားဥယ်ာဥ္မ်ားကို ထိန္းသိမ္းကာကြယ္ရန္ႏွင့္ ရန္ကုန္ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ ပေရာဂ်က္၏ ေအာင္ျမင္မႈမ်ားကို ဆင္ႏႊဲရန္ ဒို႔အိမ္ မွကၽြန္ုပ္တို႔ အသစ္တဖန္ျပဳျပင္ထားသည့္ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ (၈) ခု မွ (၁) ခုတြင္ ဒုတိယအႀကိမ္ သန႔္ရွင္းေရးလႈပ္ရွားမႈ (ဒုတိယ အႀကိမ္လမ္းၾကားဂ်ီးခၽြတ္ပြဲ) က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။
လမ္းသူ၊ လမ္းသားမ်ားမွ ဦးေဆာင္၍ အဆိုပါလႈပ္ရွားမႈကို ဒို႔အိမ္ အဖြဲ႕သားမ်ားႏွင့္အတူ က်င္းပသြားမည္ ျဖစ္ေၾကာင္း၊ဗိုလ္တေထာင္ၿမိဳ႕နယ္ ၄၁-၄၂ လမ္း (အလယ္ဘေလာက္) ဘိုကေလးေစ်းအနီးတြင္ ဖြင့္လွစ္ထားေသာ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္တြင္ စက္တင္ဘာလ ၂၉ ရက္ေန႔ ညေန ၂ နာရီမွ ၅ နာရီ အထိ ဂ်ီးခၽြတ္ ၿပီး ျပန္ေတာက္ပေစဖို႔ အခ်ိန္(၂) နာရီခန႔္ စုေပါင္းသန႔္ရွင္းျခင္းႏွင့္ ဂိမ္းကစားျခင္းတို႔ အတူ ျပဳလုပ္ၾကမည္ျဖစ္ ေၾကာင္းသိရသည္။
အဆိုပါသန႔္ရွင္းေရးလႈပ္ရွားမွႈ (ဂ်ီးခၽြတ္ပြဲ)ကို စိတ္ပါ၀င္စားသူ ၁၀ ဦးခန္႔အား လမ္းသူလမ္းသားမ်ားႏွင့္အတူ ကူညီလုပ္အားေပးနိုင္ရန္ စာရင္းသြင္းဖိတ္ေခၚထားသည္။
အဆိုပါလႈပ္ရွားမႈတြင္ ပါဝင္ျခင္းျဖင့္ မိမိေနထိုင္သည့္ ပတ္ဝန္းက်င္ကို သန႔္ရွင္း၍ေနထိုင္ေကာင္းေအာင္ ဘာေၾကာင့္ ထိန္းသိမ္းသင့္သည္ကို နားလည္လာမည္ျဖစ္ေၾကာင္း၊ ယင္းကဲ့ စုေပါင္းသန႔္ရွင္းရာတြင္ ကူညီျခင္းျဖင့္ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ကို လူထုႏွင့္အတူ ဒီဇိုင္းျပဳလုပ္ျခင္းအေၾကာင္းမ်ား၊ သန႔္ရွင္းျခင္းႏွင့္ ထိန္းသိမ္းေစာင့္ေရွာက္ျခင္း အတြက္ ရပ္မိရပ္ဖမ်ား၏ စိန္ေခၚမွႈမ်ားကိုလဲ ေလ့လာသိရွိနိုင္မည္ ျဖစ္ေၾကာင္းေျပာထားသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
နောက်ဖေးလမ်းကြားဥယျာဉ်များ ဒုတိယအကြိမ် သန့်ရှင်းရေလှုပ်ရှားမှု ကျင်းပမည်ဖြစ်ကြောင်း ဒို့အိမ်၏ လူမှုကွန်ရက်စာမျက်နှာမှသိရသည်။
နောက်ဖေးလမ်းကြားဥယျာဉ်များကို ထိန်းသိမ်းကာကွယ်ရန်နှင့် ရန်ကုန်နောက်ဖေးလမ်းကြားဥယျာဉ် ပရောဂျက်၏ အောင်မြင်မှုများကို ဆင်နွှဲရန် ဒို့အိမ် မှကျွန်ုပ်တို့ အသစ်တဖန်ပြုပြင်ထားသည့် နောက်ဖေးလမ်းကြားဥယျာဉ် (၈) ခု မှ (၁) ခုတွင် ဒုတိယအကြိမ် သန့်ရှင်းရေးလှုပ်ရှားမှု (ဒုတိယ အကြိမ်လမ်းကြားဂျီးချွတ်ပွဲ) ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
လမ်းသူ၊ လမ်းသားများမှ ဦးဆောင်၍ အဆိုပါလှုပ်ရှားမှုကို ဒို့အိမ် အဖွဲ့သားများနှင့်အတူ ကျင်းပသွားမည် ဖြစ်ကြောင်း၊ဗိုလ်တထောင်မြို့နယ် ၄၁-၄၂ လမ်း (အလယ်ဘလောက်) ဘိုကလေးဈေးအနီးတွင် ဖွင့်လှစ်ထားသော နောက်ဖေးလမ်းကြားဥယျာဉ်တွင် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၂ နာရီမှ ၅ နာရီ အထိ ဂျီးချွတ် ပြီး ပြန်တောက်ပစေဖို့ အချိန်(၂) နာရီခန့် စုပေါင်းသန့်ရှင်းခြင်းနှင့် ဂိမ်းကစားခြင်းတို့ အတူ ပြုလုပ်ကြမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါသန့်ရှင်းရေးလှုပ်ရှားမှှု (ဂျီးချွတ်ပွဲ)ကို စိတ်ပါဝင်စားသူ ၁၀ ဦးခန့်အား လမ်းသူလမ်းသားများနှင့်အတူ ကူညီလုပ်အားပေးနိုင်ရန် စာရင်းသွင်းဖိတ်ခေါ်ထားသည်။
အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခြင်းဖြင့် မိမိနေထိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်း၍နေထိုင်ကောင်းအောင် ဘာကြောင့် ထိန်းသိမ်းသင့်သည်ကို နားလည်လာမည်ဖြစ်ကြောင်း၊ ယင်းကဲ့ စုပေါင်းသန့်ရှင်းရာတွင် ကူညီခြင်းဖြင့် နောက်ဖေးလမ်းကြားဥယျာဉ်ကို လူထုနှင့်အတူ ဒီဇိုင်းပြုလုပ်ခြင်းအကြောင်းများ၊ သန့်ရှင်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း အတွက် ရပ်မိရပ်ဖများ၏ စိန်ခေါ်မှှုများကိုလဲ လေ့လာသိရှိနိုင်မည် ဖြစ်ကြောင်းပြောထားသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com