ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ျမန္မာႏိုင္ငံ အေျခခံအေဆာက္အအံုႏွင့္စက္မႈလုပ္ငန္းပိုင္းဆိုင္ရာကုန္သြယ္မႈျပပြဲႀကီး (The Industrial & Infrastractructure Event for Myanmar) အား ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႕နယ္ Fortune Plaza ရွိ Myanmar Expo (ME) ၌ ေအာက္တိုဘာလအတြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း စက္တင္ဘာ ၂၄ ရက္က ကုန္သည္မ်ား ႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း၌ ျပဳလုပ္ေသာစာနယ္ဇင္းရွင္းလင္းပြဲမွ သိရသည္။
အဆိုပါျပပြဲတြင္ေဆာက္အအုံႏွင့္ေဆာက္လုပ္ေရး၊လွ်ပ္စစ္စြမ္းအင္ႏွင့္ျပန္ျပည့္ၿဖိဳးျမဲစြမ္းအင္၊ဓာတ္သတၱဳ တူးေဖာ္ေရးဆိုင္ရာျပပြဲမ်ားျဖစ္သည့္ Construction, Power & Mining Myanmar(CPMM) 2019ႏွင့္ ၊ Renewable Energy 2019 တို႔ကို ပူးတြဲက်င္းပသြားမည္ျဖစ္ၿပီး ႏိုင္ငံတကာ အင္ဂ်င္နီယာလုပ္ငန္း၊ပစၥည္းကိရိယာမ်ားႏွင့္ သတၱဳပုံေဖာ္ျခင္းဆိုင္ရာျပပြဲ (MTA Myanmar 2019) ႏွင့္ ႏိုင္ငံတကာစက္မႈလုပ္ငန္းဆိုင္ရာလုပ္ငန္းခြဲေဝအပ္ႏွံမႈျပပြဲ (Subcon Myanmar 2019)တို႔ကိုပါတစ္ၿပိဳင္တည္းက်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။
ျပပြဲတြင္ စက္မႈလုပ္ငန္းသံုး စက္ယႏၱယားမ်ား၊ ကိုယ္စားလွယ္လႊဲအပ္လုပ္ကိုင္ျခင္း၊ အေဆာက္အအံု ႏွင့္ ေဆာက္လုပ္ေရး၊ သတၱဳတူးေဖာ္ေရး၊ စြမ္းအင္ႏွင့္ ျပန္ျပည့္ၿဖိဳးၿမဲစြမ္းအင္တုိ႔အပါအဝင္ လုပ္ငန္းက႑အမ်ိဳးမ်ိဳးတု႔ိအတြက္ အေကာင္းဆံုးနည္းပညာမ်ားႏွင့္ကိရိယာမ်ား၊စက္ယႏၱယားမ်ား၊Solution မ်ားကို ျပသမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကုန္သြယ္မႈျပပြဲႀကီးတြင္ တ႐ုတ္၊ ကိုရီးယား၊ ျမန္မာ၊ စင္ကာပူ၊ ထိုင္ဝမ္ ႏွင့္ထိုင္းႏိုင္ငံတို႔မွ ႏိုင္ငံတကာ ျပခန္းတြဲ ေျခာက္ခုအပါအဝင္ ႏိုင္ငံႏွင့္ ေဒသေပါင္း ကုိးခုတို႔မွ ပါဝင္ျပသသူ ၁ဝဝ ေက်ာ္တို႔ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ျပပြဲရက္ကို ေအာက္တိုဘာလ ၉ ရက္မွ ၁၁ ရက္အထိ သုံးရက္ျပသမွာျဖစ္ၿပီး လာေရာက္ၾကည့္ရႈသူမ်ားအေနျဖင့္ နည္းပညာႏွင့္ထုတ္ကုန္မ်ားကို တစ္ေနရာတည္းတြင္ ေလ့လာႏိုင္ၾကမွာျဖစ္ေၾကာင္း၊လုပ္ငန္းရွင္မ်ားအတြက္ အခြင့္အေရးမ်ားပိုရလာမွာျဖစ္ၿပီး ေရြးခ်ယ္စရာမ်ားလည္းေပါမ်ားလာမွာျဖစ္ေၾကာင္း၊ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ပိုဝင္လာမွာျဖစ္သည့္အတြက္ အလုပ္အကိုင္ေတြပိုရမွာျဖစ္ေၾကာင္း သိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ အခြေခံအဆောက်အအုံနှင့်စက်မှုလုပ်ငန်းပိုင်းဆိုင်ရာကုန်သွယ်မှုပြပွဲကြီး (The Industrial & Infrastractructure Event for Myanmar) အား ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo (ME) ၌ အောက်တိုဘာလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်က ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
အဆိုပါပြပွဲတွင်ဆောက်အအုံနှင့်ဆောက်လုပ်ရေး၊လျှပ်စစ်စွမ်းအင်နှင့်ပြန်ပြည့်ဖြိုးမြဲစွမ်းအင်၊ဓာတ်သတ္တု တူးဖော်ရေးဆိုင်ရာပြပွဲများဖြစ်သည့် Construction, Power & Mining Myanmar(CPMM) 2019နှင့် ၊ Renewable Energy 2019 တို့ကို ပူးတွဲကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာ အင်ဂျင်နီယာလုပ်ငန်း၊ပစ္စည်းကိရိယာများနှင့် သတ္တုပုံဖော်ခြင်းဆိုင်ရာပြပွဲ (MTA Myanmar 2019) နှင့် နိုင်ငံတကာစက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းခွဲဝေအပ်နှံမှုပြပွဲ (Subcon Myanmar 2019)တို့ကိုပါတစ်ပြိုင်တည်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ပြပွဲတွင် စက်မှုလုပ်ငန်းသုံး စက်ယန္တယားများ၊ ကိုယ်စားလှယ်လွှဲအပ်လုပ်ကိုင်ခြင်း၊ အဆောက်အအုံ နှင့် ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်နှင့် ပြန်ပြည့်ဖြိုးမြဲစွမ်းအင်တို့အပါအဝင် လုပ်ငန်းကဏ္ဍအမျိုးမျိုးတု့ိအတွက် အကောင်းဆုံးနည်းပညာများနှင့်ကိရိယာများ၊စက်ယန္တယားများ၊Solution များကို ပြသမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှုပြပွဲကြီးတွင် တရုတ်၊ ကိုရီးယား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်ဝမ် နှင့်ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာ ပြခန်းတွဲ ခြောက်ခုအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ကိုးခုတို့မှ ပါဝင်ပြသသူ ၁ဝဝ ကျော်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲရက်ကို အောက်တိုဘာလ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ပြသမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူများအနေဖြင့် နည်းပညာနှင့်ထုတ်ကုန်များကို တစ်နေရာတည်းတွင် လေ့လာနိုင်ကြမှာဖြစ်ကြောင်း၊လုပ်ငန်းရှင်များအတွက် အခွင့်အရေးများပိုရလာမှာဖြစ်ပြီး ရွေးချယ်စရာများလည်းပေါများလာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်လာမှာဖြစ်သည့်အတွက် အလုပ်အကိုင်တွေပိုရမှာဖြစ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com