ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
### Unicode Version ###
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ မြန်မာ-စင်္ကာပူ နှစ်နိုင်ငံသဘောတူစာချုပ်ကို ဒီကနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ယခု သဘောတူစာချုပ်ဟာ နှစ်နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမိုအထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း စင်္ကာပူလုပ်ငန်း ၃၁၂ ခု ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပြီး ပမာဏ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်နဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးအဖြစ် ရပ်တည်နေတာပါ။
ဒါ့အပြင် မြန်မာ-စင်္ကာပူ နှစ်နိုင်ငံ ကုန်သွယ်မှုဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ဆောက်လုပ်ရေးနှင့်အိမ်ခြံမြေကဏ္ဍတွေက ရင်းနှီးမြှပ်နှံမှုတွေမှာ စင်ကာပူကအများဆုံးဖြစ်နေတာပါ။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com