ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
တည္ေနရာ- အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕
ေစ်းႏႈန္း- ကန္ေဒၚလာ ၆ ဒသမ ၄ သန္း
အက်ယ္အဝန္း- ၆၅၅၀ စတုရန္းေပ၊ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၅ ဒသမ ၅ ခန္း
အေမရိကန္ ေပါ့ပ္ ၊ ေရာ့ခ္ ေတးဂီတအဖြဲ႔ Maroon 5 ၏ လိဒ္ဂစ္တာသမား ဂ်ိမ္းစ္ ဘီ- ဗယ္လင္တိုင္းသည္ ရုပ္ရွင္ထုတ္လုပ္သူ ဒါနာ ဘရူနက္တီ၏ စံအိမ္ကို ဝယ္ယူလိုက္ေၾကာင္း သတင္းမ်ား ထပ္မံေပၚထြက္လာသည္။
ဂ်ိမ္းစ္ ဗယ္လင္တိုင္းသည္ မၾကာေသးမီကပင္ ေလာ့စ္အိန္ဂ်လိရွိ သူ၏စံအိမ္ကို ကန္ေဒၚလာ ၃ ဒသမ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ျပီးေနာက္ ယခုစံအိမ္ကို ဝယ္ယူလိုက္ျခင္းလည္း ျဖစ္သည္။
(ေလာ့စ္အိန္ဂ်လိစံအိမ္အား ေစ်းကြက္တင္ခဲ့ပံုသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ပါသည္။ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/859491 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)
ကမၻာေက်ာ္ ရုပ္ရွင္ႏွင့္ ရုပ္သံထုတ္လုပ္သူ ဒါနာ ဘရြန္နက္တီသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၏ လူကံုထံရပ္ကြက္တစ္ခုျဖစ္ေသာ Toluca Lake အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၆ ဒသမ ၄ သန္းျဖင့္ ေရာင္းခ်လုိက္ရျပီး မူလေခၚေစ်း ၆ ဒသမ ၂၅ သန္းထက္ မ်ားျပားသည့္ ေစ်းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ျခင္းျဖစ္ကာ ဝယ္ယူသြားသူမွာ အေမရိကန္ ေပါ့ပ္ ၊ ေရာ့ခ္ ေတးဂီတအဖြဲ႔ Maroon 5 ၏ လိဒ္ဂစ္တာသမား ဂ်ိမ္းစ္ ဗယ္လင္တိုင္း ျဖစ္သည္။
ဘရြန္နက္တီသည္ ယခုစံအိမ္ကို ဂီတပညာရွင္ ေဒ့ဗ္ စတီးဝါ့ထ္ထံမွ ၂၀၁၅ ႏွစ္ကုန္ပိုင္းတြင္ ကန္ေဒၚလာ ၃ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ေသာေၾကာင့္ ယခုေရာင္းခ်ရာတြင္ မ်ားစြာျမတ္စြန္းခဲ့သည္။
ဦးဆံုး ပိုင္ဆိုင္ခဲ့သူမွာ Toluca Lake အရပ္မွ ဗိသုကာပညာရွင္ ပါ့ခ္ ဖရန္႔ခ်္ျဖစ္သည္။
၁၉၂၀ ျပည့္လြန္ကာလမ်ားက စပိန္ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး အိုင္ဗီႏြယ္မ်ား လႊမ္းထားေသာ ျမင့္မားသည့္ နံရံမ်ားေနာက္တြင္ လွ်ိဳ႕ဝွက္ဆိတ္ျငိမ္စြာ တည္ရွိေနသည္။
၃ ထပ္အေဆာက္အအံုျဖစ္ကာ စတုရန္းေပ ၆၅၀၀ ေက်ာ္ က်ယ္ဝန္းျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ဒသမ ၅ ခန္း ပါဝင္သည္။
ျပန္လည္ျပဳျပင္မြမ္းမံထားေသာ ဗိသုကာလက္ရာမ်ားျဖင့္ ျပည့္လွ်မ္းေနသည့္ေနအိမ္အတြင္း အလိုအေလ်ာက္စနစ္မ်ား၊ လံုျခံဳေရးစနစ္ မ်ား အစရွိေသာ အဆင့္ျမင့္နည္းပညာမ်ားအျပင္ ကား ၅ စင္းဆန္႔ ကားဂိုေဒါင္တြင္ ဟိုက္ဒေရာလစ္စနစ္ ၊ လွ်ပ္စစ္ယာဥ္မ်ား အားသြင္း သည့္ေနရာမ်ား ပါဝင္သည္။
အေရာင္းေစ်းကြက္တင္ေပးခဲ့သည္မွာ Six17 ကုမၸဏီမွ အက်ဳိးေဆာင္ ကာဆန္ဒရာ အိုရမ္ႏွုင့္ Compass ကုမၸဏီမွ မာ့ခ္ ေဆးလ္ဗားတို႔ ျဖစ္ၾကကာ ဝယ္လက္ဘက္မွ အက်ဳိးေဆာင္မွာ Deasy Penner Podley ကုမၸဏီမွ ဂ်ဴအန္ ေလာင္းဖဲလိုးျဖစ္သည္။
ဘရူနက္တီသည္ ေလာ့စ္ ဖီလစ္အရပ္ရွိ စံအိမ္တစ္လံုးကိုလည္း ၂၀၀၅ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၂ ဒသမ ၁ သန္းျဖင့္ ဝယ္ယူထားကာ ကာလၾကာရွည္ ပိုင္ဆိုင္ထားခဲ့ဖူးသည္။
အဆိုပါ စံအိမ္သည္ ယခုႏွစ္အေစာပိုင္းတြင္ တစ္လလွ်င္ ကန္ေဒၚလာ ၁၁၀၀၀ ျဖင့္ အငွားေစ်းကြက္ဝင္လာခဲ့ေသးသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့
ဈေးနှုန်း- ကန်ဒေါ်လာ ၆ ဒသမ ၄ သန်း
အကျယ်အဝန်း- ၆၅၅၀ စတုရန်းပေ၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ဒသမ ၅ ခန်း
အမေရိကန် ပေါ့ပ် ၊ ရော့ခ် တေးဂီတအဖွဲ့ Maroon 5 ၏ လိဒ်ဂစ်တာသမား ဂျိမ်းစ် ဘီ- ဗယ်လင်တိုင်းသည် ရုပ်ရှင်ထုတ်လုပ်သူ ဒါနာ ဘရူနက်တီ၏ စံအိမ်ကို ဝယ်ယူလိုက်ကြောင်း သတင်းများ ထပ်မံပေါ်ထွက်လာသည်။
ဂျိမ်းစ် ဗယ်လင်တိုင်းသည် မကြာသေးမီကပင် လော့စ်အိန်ဂျလိရှိ သူ၏စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်တင်ပြီးနောက် ယခုစံအိမ်ကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
(လော့စ်အိန်ဂျလိစံအိမ်အား ဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/859491 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)
ကမ္ဘာကျော် ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်သူ ဒါနာ ဘရွန်နက်တီသည် လော့စ်အိန်ဂျလိမြို့၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Toluca Lake အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်ရပြီး မူလခေါ်ဈေး ၆ ဒသမ ၂၅ သန်းထက် များပြားသည့် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကာ ဝယ်ယူသွားသူမှာ အမေရိကန် ပေါ့ပ် ၊ ရော့ခ် တေးဂီတအဖွဲ့ Maroon 5 ၏ လိဒ်ဂစ်တာသမား ဂျိမ်းစ် ဗယ်လင်တိုင်း ဖြစ်သည်။
ဘရွန်နက်တီသည် ယခုစံအိမ်ကို ဂီတပညာရှင် ဒေ့ဗ် စတီးဝါ့ထ်ထံမှ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သောကြောင့် ယခုရောင်းချရာတွင် များစွာမြတ်စွန်းခဲ့သည်။
ဦးဆုံး ပိုင်ဆိုင်ခဲ့သူမှာ Toluca Lake အရပ်မှ ဗိသုကာပညာရှင် ပါ့ခ် ဖရန့်ချ်ဖြစ်သည်။
၁၉၂၀ ပြည့်လွန်ကာလများက စပိန်ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး အိုင်ဗီနွယ်များ လွှမ်းထားသော မြင့်မားသည့် နံရံများနောက်တွင် လျှို့ဝှက်ဆိတ်ငြိမ်စွာ တည်ရှိနေသည်။
၃ ထပ်အဆောက်အအုံဖြစ်ကာ စတုရန်းပေ ၆၅၀၀ ကျော် ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ဒသမ ၅ ခန်း ပါဝင်သည်။
ပြန်လည်ပြုပြင်မွမ်းမံထားသော ဗိသုကာလက်ရာများဖြင့် ပြည့်လျှမ်းနေသည့်နေအိမ်အတွင်း အလိုအလျောက်စနစ်များ၊ လုံခြုံရေးစနစ် များ အစရှိသော အဆင့်မြင့်နည်းပညာများအပြင် ကား ၅ စင်းဆန့် ကားဂိုဒေါင်တွင် ဟိုက်ဒရောလစ်စနစ် ၊ လျှပ်စစ်ယာဉ်များ အားသွင်း သည့်နေရာများ ပါဝင်သည်။
အရောင်းဈေးကွက်တင်ပေးခဲ့သည်မှာ Six17 ကုမ္ပဏီမှ အကျိုးဆောင် ကာဆန်ဒရာ အိုရမ်နှုင့် Compass ကုမ္ပဏီမှ မာ့ခ် ဆေးလ်ဗားတို့ ဖြစ်ကြကာ ဝယ်လက်ဘက်မှ အကျိုးဆောင်မှာ Deasy Penner Podley ကုမ္ပဏီမှ ဂျူအန် လောင်းဖဲလိုးဖြစ်သည်။
ဘရူနက်တီသည် လော့စ် ဖီလစ်အရပ်ရှိ စံအိမ်တစ်လုံးကိုလည်း ၂၀၀၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် ဝယ်ယူထားကာ ကာလကြာရှည် ပိုင်ဆိုင်ထားခဲ့ဖူးသည်။
အဆိုပါ စံအိမ်သည် ယခုနှစ်အစောပိုင်းတွင် တစ်လလျှင် ကန်ဒေါ်လာ ၁၁၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာခဲ့သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)