ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕ ႐ွိ စက္မႈဇုန္မ်ားတြင္ ၄၀ ရာခိုင္နႈန္းမွာ လုပ္ငန္းလည္ပတ္မႈမရိွသျဖင့္ လုပ္ငန္းမ်ားအျမန္ဆံုးစတင္ရန္ သတိေပးထားၿပီး ျဖစ္ေၾကာင္းႏွင့္ လိုက္နာျခင္းမ႐ွိသည့္လုပ္ငန္းမ်ားအားျပန္လည္သိမ္းယူသြားရန္စီစဥ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (YCDC) ၊တြဲဖက္အတြင္းေရးမွဴးဦးသန္းကေျပာသည္။
" စက္မႈဇုန္ အသီးသီးမွာေနရာခ်ထားေပးတဲ့ ေျမကြက္ေတြေပၚမွာ ၆၀ ရာခိုင္ႏႈန္းေလာက္သာ လုပ္ငန္းလည္ပတ္ေနတယ္။က်န္တဲ့ ၄၀ ရာခိုင္ႏႈန္းမွာတခ်ိဳ႕ေသာလုပ္ငန္းေတြကေတာ့ foundation လုပ္ထားတယ္။လုပ္ငန္းလုပ္ေဆာင္ျခင္းမရွိေသးတဲ့ စက္မႈဇုန္ေျမအလြတ္ေတြကိုလည္း ဥပေဒအရ ေဆာင္ရြက္သြားဖို႔ စီစဥ္ေနပါတယ္။ အခုက်န္ေနေသးတဲ့ ၄၀ ရာခိုင္ႏႈန္းကိုလည္း အျမန္ဆံုးအေကာင္ထည္ေဖာ္ႏိုင္ေအာင္ေဆာင္ရြက္သြားပါမယ္ "ဟု ဦးသန္းက ေျပာသည္။
စက္မႈဇုန္မ်ား ေျမယာစီမံခန္႔ခြဲမႈႏွင့္ပတ္သက္၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအား လႊဲအပ္ေပးထားၿပီး ျဖစ္၍ ေကာ္မတီအေနျဖင့္ စက္မႈဇုန္အတြင္းရွိ လုပ္ငန္းမ်ားလည္ပတ္မႈရွိ၊မရွိကို ႀကီးၾကပ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့ ရှိ စက်မှုဇုန် များတွင် ၄၀ ရာခိုင်နှုန်းမှာ လုပ်ငန်းလည်ပတ်မှုမရှိသဖြင့် လုပ်ငန်းများအမြန်ဆုံးစတင်ရန် သတိပေးထားပြီး ဖြစ်ကြောင်းနှင့် လိုက်နာခြင်းမရှိသည့်လုပ်ငန်းများအားပြန်လည်သိမ်းယူသွားရန်စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊တွဲဖက်အတွင်းရေးမှူးဦးသန်းကပြောသည်။
" စက်မှုဇုန်အသီးသီးမှာနေရာချထားပေးတဲ့ မြေကွက်တွေပေါ်မှာ ၆၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်းလည်ပတ်နေတယ်။ကျန်တဲ့ ၄၀ ရာခိုင်နှုန်းမှာတချို့သောလုပ်ငန်းတွေကတော့ foundation လုပ်ထားတယ်။လုပ်ငန်းလုပ်ဆောင်ခြင်းမရှိသေးတဲ့ စက်မှုဇုန်မြေအလွတ်တွေကိုလည်း ဥပဒေအရ ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ အခုကျန်နေသေးတဲ့ ၄၀ ရာခိုင်နှုန်းကိုလည်း အမြန်ဆုံးအကောင်ထည်ဖော်နိုင်အောင်ဆောင်ရွက်သွားပါမယ် "ဟု ဦးသန်းက ပြောသည်။
စက်မှုဇုန်များ မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအား လွှဲအပ်ပေးထားပြီး ဖြစ်၍ ကော်မတီအနေဖြင့် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများလည်ပတ်မှုရှိ၊မရှိကို ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com