ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
FMI City အိမ္ရာစီမံကိန္း တည္ေဆာက္မႈ ျပီးစီး၍ ေဆာက္လုပ္ေရးဝန္ၾကီးဌာန ျမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ျဖိဳးေရးဦးစီးဌာနသို႔ စက္တင္ဘာ ၃၀ ရက္တြင္လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း FMI Garden Development က ေၾကျငာခ်က္ထုတ္ျပန္ထားသည္။
FMI City အိမ္ရာစီမံကိန္းသည္ ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ အိမ္ရာစီမံကိန္းျဖစ္ၿပီး ၁၉၉၅ ခုႏွစ္မွ စတင္ကာ အုတ္ျမစ္ခ်ၿပီး ျမိဳ့ျပႏွင့္အိမ္ရာဖြံ႔ျဖိဳးေရးဦးစီးဌာနႏွင့္ FMI Garden Development Ltd, က အေကာင္အထည္ေဖာ္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
FMI City အိမ္ရာတြင္ Finger Lakes ၊ Orchid Garden ၊ Cherry Avenue ၊ Lake View Villas အိမ္ရာအမ်ိဳးအစားေလးမ်ိဳးပါဝင္ၿပီး အိမ္ေျခစုစုေပါင္း ၂၀၀၀ ႏွင့္လူဦးေရ ၈၀၀၀ ေထာင္ခန္႔ေနထိုင္ေၾကာင္းသိရသည္။
FMI City သည္ ရန္ကုန္ျမိဳ႕လယ္မွ ၉ မုိင္၊ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္မွ ၆ မုိင္အကြာတြင္တည္ ရွိျပီး ၄၆၅ ဧက က်ယ္ဝန္းသည့္လယ္ေျမေပၚတြင္ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။
အဆိုပါ အိမ္ရာတြင္ အားကစားကြင္းႏွင့္ အပန္းေျဖရန္ေနရာ၊ေစ်းဝယ္စင္တာ၊အသားငါးအသီးရြက္ေစ်း၊ ဘဏ္၊စားေသာက္ဆုိင္မ်ားႏွင့္ ပန္းဥယ်ာဥ္တုိ႕ကုိ ထည့္သြင္းတည္ေဆာက္ထားသည္။
FMI City တည္ေဆာက္ျပီးေနာက္ အိမ္ရာကြက္ကဲမႈႏွင့္ စည္ပင္သာယာေရး လုပ္ငန္းမ်ားကုိ FMI City က ႏွစ္အတန္ၾကာ တာဝန္ယူေဆာင္ရြက္ေပးခဲ့ေသာ္လည္း ႏုိင္ငံေတာ္မွ သတ္မွတ္ထားသည့္ စည္းမ်ဥ္း၊စည္းကမ္းမ်ားႏွင့္အညီတည္ေဆာက္ျပီးစီးၿပီျဖစ္သည့္အတြက္ အိမ္ရာစီမံကိန္းကုိ အစုိးရအဖြဲ႕ျဖစ္သည့္ ျမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႔ျဖိဳးေရးဦးစီးဌာနသို႔ လႊဲေျပာင္းကာ FMI ကုမၸဏီ အေနျဖင့္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ပါဝင္ေတာ့မည္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
FMI City အိမ်ရာစီမံကိန်း တည်ဆောက်မှု ပြီးစီး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ စက်တင်ဘာ ၃၀ ရက်တွင်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း FMI Garden Development က ကြေ ငြာချက်ထုတ်ပြန်ထားသည်။
FMI City အိမ်ရာစီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အိမ်ရာစီမံကိန်းဖြစ်ပြီး ၁၉၉၅ ခုနှစ်မှ စတင်ကာ အုတ်မြစ်ချပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် FMI Garden Development Ltd, က အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
FMI City အိမ်ရာတွင် Finger Lakes ၊ Orchid Garden ၊ Cherry Avenue ၊ Lake View Villas အိမ်ရာအမျိုးအစားလေးမျိုးပါဝင်ပြီး အိမ်ခြေစုစုပေါင်း ၂၀၀၀ နှင့်လူဦးရေ ၈၀၀၀ ထောင်ခန့်နေထိုင်ကြောင်းသိရသည်။
FMI City သည် ရန်ကုန်မြို့လယ်မှ ၉ မိုင်၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၆ မိုင်အကွာတွင်တည် ရှိပြီး ၄၆၅ ဧက ကျယ်ဝန်းသည့်လယ်မြေပေါ်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အိမ်ရာတွင် အားကစားကွင်းနှင့် အပန်းဖြေရန်နေရာ၊ဈေးဝယ်စင်တာ၊အသားငါးအသီးရွက်ဈေး၊ ဘဏ်၊စားသောက်ဆိုင်များနှင့် ပန်းဥယျာဉ်တို့ကို ထည့်သွင်းတည်ဆောက်ထားသည်။
FMI City တည်ဆောက်ပြီးနောက် အိမ်ရာကွက်ကဲမှုနှင့် စည်ပင်သာယာရေး လုပ်ငန်းများကို FMI City က နှစ်အတန်ကြာ တာဝန်ယူဆောင်ရွက်ပေးခဲ့သော်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်းများနှင့်အညီတည်ဆောက်ပြီးစီးပြီဖြစ်သည့်အတွက် အိမ်ရာစီမံကိန်းကို အစိုးရအဖွဲ့ဖြစ်သည့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းကာ FMI ကုမ္ပဏီ အနေဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါဝင်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com