ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
Maroon 5 ၏ လိဒ္ဂစ္တာသမား ဂ်ိမ္းစ္ ဘီ- ဗယ္လင္တိုင္းက ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ စံအိမ္ကို ကန္ေဒၚလာ ၃ ဒသမ ၇၈၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။
Maroon 5 သည္ အေမရိကန္ ေပါ့ပ္ေရာ့ခ္ ေတးဂီတအဖြဲ႔ျဖစ္ျပီး ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ၂၀၀၁ ခုႏွစ္၌ စတင္ဖြဲ႔စည္းခဲ့သည္။
လက္ရွိ ပါဝင္သူမ်ားမွာ အဒမ္ လီဗင္း (ေရွ႕ထြက္အဆိုေတာ္)၊ ဂ်က္ဆီ ကားမိုက္ကယ္ (ကီးဘုတ္ပညာရွင္၊ ရစ္သမ္ဂစ္တာသမား)၊ မစ္ကီ မက္ဒန္ ( ေဘ့စ္ဂစ္တာသမား)၊ ဂ်ိမ္းစ္ ဗယ္လင္တိုင္း ( လိဒ္ဂစ္တာသမား)၊ မက္ထ္ ဖလင္း (ဒရမ္မာ)၊ ပီ-ေဂ် ေမာ္တန္ (ကီးဘုတ္သမား)၊ ဆမ္ ဖာရာ (တူရိယာစံု တီးခတ္ႏိုင္သည့္ပညာရွင္) တို႔ျဖင့္ ဖြဲ႔စည္းထားသည္။
၁၉၆၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ရာစုႏွစ္လယ္ ေမာ္ဒန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး စတီးျဖင့္ ေဆာက္လုပ္မႈမ်ား၊ ရက္မတန္းမ်ားေၾကာင့္စတီးစံအိမ္ဟု လူသိမ်ားသည္။
ဗိသုကာပညာရွင္ နီးလ္ ေအ- ဂၽြန္ဆင္က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္းျဖစ္သည္။
မၾကာေသးမီကပင္ မာ့ခ္ ဟက္ဒါဝီက မူလပံုစံအတိုင္း ျပန္လည္မြမ္းမံေပးထားသည္။
ျမိဳ႕၏ရႈခင္းမ်ားကို ၾကည့္ရႈႏိုင္သည့္ ေတာင္ကုန္းေလးတစ္ခုေပၚတြင္ တည္ေဆာက္ထားျပီး တစ္ထပ္ေနအိမ္ျဖစ္ကာ ကယ္လီဖိုးနီးယား၏ ေမာ္ဒန္ဗိသုကာ စံႏႈန္းမ်ားအတိုင္း ေဆာက္လုပ္ထားရာ ရိုးရွင္းေသာ မ်ဥ္းလိုင္းမ်ား၊ overhanging eaves ………..တံစက္ျမိတ္မ်ား၊ မွန္နံရံမ်ား ေတြ႔ရသည္။
စတုရန္းေပ ၂၁၀၀ ခန္႔က်ယ္ဝန္းေသာ ေနအိမ္အတြင္းတြင္ တာရာဇိုၾကမ္းခင္းမ်ား၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားလည္း ေတြ႔ရသည္။
အသံုးမျပဳေတာ့ေသာ မီးလင္းဖိုေနရာကို ဧည့္ခန္း၏ အဓိကေနရာတစ္ခုအျဖစ္ အသံုးျပဳထားသည္။
ပန္းဥယ်ာဥ္ကို ရႈျမင္ႏိုင္သည့္ ညစာစားခန္းႏွင့္ ေခတ္မီမီးဖိုေဆာင္တို႔မွာ ဧည့္ခန္းႏွင့္ ကပ္လ်က္တည္ရွိသည္။
စံအိမ္အတြင္း အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္း ပါဝင္သည္။
ဆလပ္ျပားျဖင့္ မိုးထားေသာ ေနအိမ္ျဖစ္ျပီး ျခံဝန္းအက်ယ္မွာ တစ္ဧက၏ သံုးပံုတစ္ပံုခန္႔ရွိကာ ေရကူးကန္ႏွင့္ spa တို႔လည္း ပါဝင္သည္။
Maroon 5 ၏ ေနာက္ဆံုးထုတ္လုပ္ထားသည့္ ေတးအယ္လ္ဘမ္မွာ “Red Pill Blues”ဟု အမည္ရျပီး ၂၀၁၇ ခုႏွစ္အတြင္း ထုတ္လုပ္ခဲ့ျခင္းျဖစ္ကာ Billboard 200 စာရင္းတြင္ နံပါတ္ ၂ ေနရာ၌ ရပ္တည္ခဲ့သည္။
မွတ္တမ္းမ်ားအရ ဗယ္လင္တုိင္းမ္သည္ အဆိုပါစံအိမ္ကို ၂၀၀၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။
### Unicode Version ###
Maroon 5 ၏ လိဒ်ဂစ်တာသမား ဂျိမ်းစ် ဘီ- ဗယ်လင်တိုင်းက လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇၈၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
Maroon 5 သည် အမေရိကန် ပေါ့ပ် ရော့ခ် တေးဂီတအဖွဲ့ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့တွင် ၂၀၀၁ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။
လက်ရှိ ပါဝင်သူများမှာ အဒမ် လီဗင်း (ရှေ့ထွက်အဆိုတော်)၊ ဂျက်ဆီ ကားမိုက်ကယ် (ကီးဘုတ်ပညာရှင်၊ ရစ်သမ်ဂစ်တာသမား)၊ မစ်ကီ မက်ဒန် ( ဘေ့စ်ဂစ်တာသမား)၊ ဂျိမ်းစ် ဗယ်လင်တိုင်း ( လိဒ်ဂစ်တာသမား)၊ မက်ထ် ဖလင်း (ဒရမ်မာ)၊ ပီ-ဂျေ မော်တန် (ကီးဘုတ်သမား)၊ ဆမ် ဖာရာ (တူရိယာစုံ တီးခတ်နိုင်သည့်ပညာရှင်) တို့ဖြင့် ဖွဲ့စည်းထားသည်။
၁၉၆၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ရာစုနှစ်လယ် မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စတီးဖြင့် ဆောက်လုပ်မှုများ၊ ရက်မတန်းများကြောင့်စတီးစံအိမ်ဟု လူသိများသည်။
ဗိသုကာပညာရှင် နီးလ် အေ- ဂျွန်ဆင်က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။
မကြာသေးမီကပင် မာ့ခ် ဟက်ဒါဝီက မူလပုံစံအတိုင်း ပြန်လည်မွမ်းမံပေးထားသည်။
မြို့၏ရှုခင်းများကို ကြည့်ရှုနိုင်သည့် တောင်ကုန်းလေးတစ်ခုပေါ်တွင် တည်ဆောက်ထားပြီး တစ်ထပ်နေအိမ်ဖြစ်ကာ ကယ်လီဖိုးနီးယား၏ မော်ဒန်ဗိသုကာ စံနှုန်းများအတိုင်း ဆောက်လုပ်ထားရာ ရိုးရှင်းသော မျဉ်းလိုင်းများ၊ overhanging eaves ………..တံစက်မြိတ်များ၊ မှန်နံရံများ တွေ့ရသည်။
စတုရန်းပေ ၂၁၀၀ ခန့်ကျယ်ဝန်းသော နေအိမ်အတွင်းတွင် တာရာဇိုကြမ်းခင်းများ၊ ထုတ်တန်းဖော် မျက်နှာကြက်များလည်း တွေ့ရသည်။
အသုံးမပြုတော့သော မီးလင်းဖိုနေရာကို ဧည့်ခန်း၏ အဓိကနေရာတစ်ခုအဖြစ် အသုံးပြုထားသည်။
ပန်းဥယျာဉ်ကို ရှုမြင်နိုင်သည့် ညစာစားခန်းနှင့် ခေတ်မီမီးဖိုဆောင်တို့မှာ ဧည့်ခန်းနှင့် ကပ်လျက်တည်ရှိသည်။
စံအိမ်အတွင်း အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါဝင်သည်။
ဆလပ်ပြားဖြင့် မိုးထားသော နေအိမ်ဖြစ်ပြီး ခြံဝန်းအကျယ်မှာ တစ်ဧက၏ သုံးပုံတစ်ပုံခန့်ရှိကာ ရေကူးကန်နှင့် spa တို့လည်း ပါဝင်သည်။
Maroon 5 ၏ နောက်ဆုံးထုတ်လုပ်ထားသည့် တေးအယ်လ်ဘမ်မှာ “Red Pill Blues”ဟု အမည်ရပြီး ၂၀၁၇ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ Billboard 200 စာရင်းတွင် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့သည်။
မှတ်တမ်းများအရ ဗယ်လင်တိုင်းမ်သည် အဆိုပါစံအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)