ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ကုမၸဏီမွတ္ပံုတင္ရာမွာေပးေဆာင္ရတဲ့ အခေၾကးေငြကို ေျပာင္းလဲျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈနဲ႕ ကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီးဌာန က ထုတ္ျပန္လိုက္ပါတယ္။
အသစ္ျပဌာန္းလိုက္တဲ့ ၂၀၁၇ ခုႏွစ္ ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒအရေျပာင္းလဲလိုက္တာျဖစ္ၿပီး မွတ္ပံုတင္ေၾကးအမ်ားစုကို ေငြက်ပ္ တစ္သိန္းစီ ေလ်ာ့ခ်ေပးလိုက္တာပါ။
ယခု ေျပာင္းလဲသတ္မွတ္လိုက္တဲ့ မွတ္ပံုတင္ေၾကးေတြဟာလာမယ့္ ေအာက္တိုဘာ ၁ ရက္ေန႕က စတင္ၿပီး အက်ိဳးသက္ေရာက္မွာျဖစ္တယ္လို႔ သိရပါတယ္။
အမ်ားနဲ႕သက္ဆိုင္တဲ့ ကုမၸဏီ တည္ေထာင္ျခင္း၊ ခံဝန္ခ်က္နဲ႕ တာဝန္ကန႔္သတ္ထားတဲ့ ကုမၸဏီတည္ေထာင္ျခင္းနဲ႕ျပည္ပေကာ္ပိုေရးရွင္းတစ္ခုအျဖစ္မွတ္ပံုတင္ျခင္း စတာေတြကို ယခင္က်ပ္ႏွစ္သိန္းခြဲေကာက္ခံခဲ့ရာကေန ယခုမွာေတာ့ က်ပ္တစ္သိန္းခြဲကို ေျပာင္းလဲေကာက္ခံလိုက္တာပါ။
ဒါေပမယ့္ ႏွစ္စဥ္အစီရင္ခံစာ တင္ျပျခင္းနဲ႕ ျပည္ပေကာ္ပိုေရးရွင္းရဲ႕ ႏွစ္စဥ္အစီရင္ခံစာ အခေၾကးေငြကိုေတာ့ က်ပ္ႏွစ္ေသာင္းမွ က်ပ္ငါးေသာင္းကို တိုးျမွင့္ေကာက္ခံလိုက္ပါတယ္။
ဒါအျပင့္ ကုမၸဏီမ်ားဥပေဒ (၂၀၁၇) အရ သတ္မွတ္ေဖာ္ျပထားတဲ့ အခေၾကးေငြနဲ႕ေႏွာင့္ေႏွးတဲ့ ေပးပို႔တင္ျပျခင္းအတြက္ ေနာက္က်ေၾကးေတြကိုလည္း ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လ က သတ္မွတ္ထုတ္ျပန္ခဲ့ၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကုမ္ပဏီ မှတ်ပုံတင်ရာမှာပေးဆောင်ရတဲ့ အခကြေးငွေကို ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်။
အသစ် ပြဌာန်းလိုက်တဲ့ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရပြောင်းလဲလိုက်တာဖြစ်ပြီး မှတ်ပုံတင်ကြေးအများစုကို ငွေကျပ် တစ်သိန်းစီ လျော့ချပေးလိုက်တာပါ။
ယခု ပြောင်းလဲသတ်မှတ်လိုက်တဲ့ မှတ်ပုံတင်ကြေးတွေဟာလာမယ့် အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး အကျိုးသက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီ တည်ထောင်ခြင်း၊ ခံဝန်ချက်နဲ့ တာဝန်ကန့်သတ်ထားတဲ့ ကုမ္ပဏီတည်ထောင်ခြင်းနဲ့ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ်မှတ်ပုံတင်ခြင်း စတာတွေကို ယခင်ကျပ်နှစ်သိန်းခွဲကောက်ခံခဲ့ရာကနေ ယခုမှာတော့ ကျပ်တစ်သိန်းခွဲကို ပြောင်းလဲကောက်ခံလိုက်တာပါ။
ဒါပေမယ့် နှစ်စဉ်အစီရင်ခံစာ တင်ပြခြင်းနဲ့ ပြည်ပကော်ပိုရေးရှင်းရဲ့ နှစ်စဉ်အစီရင်ခံစာ အခကြေးငွေကိုတော့ ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းကို တိုးမြှင့်ကောက်ခံလိုက်ပါတယ်။
ဒါအပြင့် ကုမ္ပဏီများဥပဒေ (၂၀၁၇) အရ သတ်မှတ်ဖော်ပြထားတဲ့ အခကြေးငွေနဲ့နှောင့်နှေးတဲ့ ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေးတွေကိုလည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လ က သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com