ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ေရႊတုံး၊ ေရႊခဲမ်ား ျပည္ပသို႔တင္ပို႔ျခင္းႏွင့္တင္သြင္းျခင္း လုပ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ေရႊလုပ္ငန္းရွင္မ်ားအသင္းထံက သိရသည္။
၂၀၁၈ ဇန္န၀ါရီတြင္ ေရႊျပည္ပတင္ပို႔၊ တင္သြင္းျခင္းကိုအစိုးရကတရားဝင္ခြင့္ျပဳခဲ့သည္။အခြန္ကိစၥမ်ား ညႇိႏႈိင္းၿပီးစီးပါက ထပ္မံတင္ပို႔ႏုိင္ေျခရွိၿပီး တင္ပို႔ရာတြင္ ေရေၾကာင္း၊ ေလေၾကာင္းႏွင့္ နယ္စပ္ဂိတ္မ်ားမွ ျပဳလုပ္ႏုိင္ၿပီး အေကာက္ခြန္၊ ကုန္သြယ္ေရးလုပ္ငန္းခြန္၊ အထူးကုန္ပစၥည္းခြန္မ်ားေပးေဆာင္ရမည္ ျဖစ္သည္။
ေရႊတင္ပို႔ရာတြင္ ပင္လယ္ေရေၾကာင္း၊ေလေၾကာင္းႏွင့္ နယ္စပ္ဂိတ္မ်ားမွ ျပဳလုပ္ႏုိင္ၿပီး အေကာက္ခြန္၊ ကုန္သြယ္ေရးလုပ္ငန္းခြန္၊ အထူးကုန္ပစၥည္းခြန္မ်ား ေပးေဆာင္ရမည္ျဖစ္သည္။
ေရႊတင္ပို႔ရာတြင္ ဂ်ပန္ႏုိင္ငံသို႔ ျပည္တြင္းကုမၸဏီတစ္ခုက သုံးႀကိမ္တင္ပို႔ၿပီး ျဖစ္ေၾကာင္းသိရၿပီး ဒူဘိုင္းကုမၸဏီတစ္ခုက အာဖရိကမွ ၂၂ ကာရက္၊ ၂၃ ကာရပ္ေရႊမ်ားတင္ပို႔ၿပီးသန္႔စင္လိုေၾကာင္း၊သန္႔စင္ၿပီးလွ်င္ ျပည္တြင္းေဈးကြက္တြင္လည္းေကာင္း၊ဒူဘိုင္းသို႕ျပန္သယ္ျခင္းတို႔ကိုလုပ္မွာျဖစ္ေၾကာင္း သိရသည္။
ေရႊဆိုင္းႏွင့္အေခါက္ေရႊမ်ားကို ဥေရာပသမဂၢ (EU) ႏွင့္ေဟာင္ေကာင္သို႔လည္း တင္ပို႔ႏိုင္ရန္ ျပည္တြင္းကုမၸဏီႏွစ္ခုကို ခြင့္ျပဳေပးထားေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရွှေတုံး၊ ရွှေခဲများ ပြည်ပသို့တင်ပို့ခြင်းနှင့်တင်သွင်းခြင်း လုပ်နိုင်တော့မည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်းထံက သိရသည်။
၂၀၁၈ ဇန်နဝါရီတွင် ရွှေပြည်ပတင်ပို့၊ တင်သွင်းခြင်းကိုအစိုးရကတရားဝင်ခွင့်ပြုခဲ့သည်။အခွန်ကိစ္စများ ညှိနှိုင်းပြီးစီးပါက ထပ်မံတင်ပို့နိုင်ခြေရှိပြီး တင်ပို့ရာတွင် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များမှ ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန်သွယ်ရေးလုပ်ငန်းခွန်၊ အထူးကုန်ပစ္စည်းခွန်များပေးဆောင်ရမည် ဖြစ်သည်။
ရွှေတင်ပို့ရာတွင် ပင်လယ်ရေကြောင်း၊လေကြောင်းနှင့် နယ်စပ်ဂိတ်များမှ ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန်သွယ်ရေးလုပ်ငန်းခွန်၊ အထူးကုန်ပစ္စည်းခွန်များ ပေးဆောင်ရမည်ဖြစ်သည်။
ရွှေတင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပြည်တွင်းကုမ္ပဏီတစ်ခုက သုံးကြိမ်တင်ပို့ပြီး ဖြစ်ကြောင်းသိရပြီး ဒူဘိုင်းကုမ္ပဏီတစ်ခုက အာဖရိကမှ ၂၂ ကာရက်၊ ၂၃ ကာရပ်ရွှေများတင်ပို့ပြီးသန့်စင်လိုကြောင်း၊သန့်စင်ပြီးလျှင် ပြည်တွင်းဈေးကွက်တွင်လည်းကောင်း၊ဒူဘိုင်းသို့ပြန်သယ်ခြင်းတို့ကိုလုပ်မှာဖြစ်ကြောင်း သိရသည်။
ရွှေဆိုင်းနှင့်အခေါက်ရွှေများကို ဥရောပသမဂ္ဂ (EU) နှင့်ဟောင်ကောင်သို့လည်း တင်ပို့နိုင်ရန် ပြည်တွင်းကုမ္ပဏီနှစ်ခုကို ခွင့်ပြုပေးထားကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com