ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ကမၻာေက်ာ္တင္းနစ္ၾကယ္ပြင့္ေဟာင္း အင္ဒီေရာ့ဒစ္ႏွင့္ ရုပ္ရွင္မင္းသမီး ဘရြတ္ကလင္းဒက္ကာတို႔ စံုတြဲသည္ တကၠဆပ္ျပည္နယ္ရွိ ၁၅ ဧက က်ယ္ဝန္းေသာ ျခံဝန္းႏွင့္ စံအိမ္ကို ကန္ေဒၚလာ ၄ ဒသမ ၆ သန္းျဖင့္ ေရာင္းခ်လိုက္ေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၏ ျမိဳ႕ေတာ္ ၾသစတင္တြင္ တည္ရွိသည္။
တကၠဆပ္ျပည္နယ္ေတာင္ပိုင္း Texas Hill Country အရပ္တြင္ တည္ရွိျပီး ေက်ာက္တံုးျဖင့္ ေဆာက္လုပ္ထားသည့္ ႏွစ္ထပ္အိမ္၊ အဆင့္ျမင့္အသံုးအေဆာင္မ်ား ပါဝင္ေသာ စံအိမ္ကို ယခုလအေစာပိုင္းတြင္ ေရာင္းထြက္သြားျခင္းျဖစ္ျပီး ေစ်းကြက္ေပၚတြင္ တစ္ႏွစ္ခန္႔ ၾကာျမင့္ခဲ့သည္။
ယခင္က ကမၻာ့အဆင့္ ၁ တင္းနစ္ကစားသမားအျဖစ္ ရပ္တည္ခဲ့သူ မစၥတာ ေရာ့ဒစ္သည္ ယခုအခါ အသက္ ၃၇ ႏွစ္ရွိျပီျဖစ္ျပီး မစၥ ဒက္ကာမွာ အသက္ ၃၂ ႏွစ္ရွိျပီျဖစ္သည္။
မစၥ ဒက္ကာသည္ ေနအိမ္မ်ား ျပဳျပင္မြမ္းမံရျခင္းကို စိတ္ဝင္စား ၊ ဝါသနာပါသူတစ္ဦးျဖစ္ျပီး သူ၏ အင္စတာဂရမ္ အေကာင့္တြင္ ဒီဇိုင္း အိုင္ဒီယာမ်ား၊ ေနအိမ္မြမ္းမံမႈဆိုင္ရာ ေနာက္ဆံုးသတင္းအခ်က္အလက္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။
အင္ဒီေရာ့ဒစ္တို႔စံုတြဲက ၾသစတင္ရွိ ေနအိမ္ကို မြမ္းမံေရာင္းခ်ရာတြင္ ျမတ္စြန္းခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။
အင္ဒီေရာ့ဒစ္ စံုတြဲက အဆိုပါစံအိမ္ကို ၂၀၁၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃ ဒသမ ၇ သန္းခန္႔ျဖင့္ ဝယ္ယူခဲ့ျပီး စိတ္ၾကိဳက္ျပဳျပင္မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ခဲ့ေၾကာင္း အေရာင္းေစ်းကြက္တင္သြင္းသည့္ အက်ဳိးေဆာင္ ဂ်ဳိနသန္ ခရိသ္က ေျပာၾကားသည္။
မီးဖိုေဆာင္ကို အျဖဴေရာင္ စက်င္ေက်ာက္ျပားမ်ားျဖင့္ မြမ္းမံခဲ့ျပီး အပူခ်ိန္ထိန္းခ်ဳပ္စနစ္ပါဝင္သည့္ ဝိုင္သိုေလွာင္ခန္းတစ္ခု ထပ္မံထည့္သြင္းခဲ့ကာ master bedroom ခန္းေဟာင္းတစ္ခုကို ဧည့္ေဂဟာအျဖစ္ ေျပာင္းလဲခဲ့ေၾကာင္း Sotheby’s International မွ အက်ဳိးေဆာင္ျဖစ္သူ မစၥတာ ခရိသ္က ေျပာၾကားသည္။
လက္ရွိတြင္ ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၇၃၀၀ ရွိျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္းခြဲ ပါဝင္သည္။
ေနအိမ္အတြင္းပိုင္းတြင္ ေက်းလက္ဟန္ ဒီဇိုင္းမြမ္းမံမႈမ်ား ေတြ႔ရျပီး က်ယ္ေျပာေသာ ပ်ဥ္ၾကမ္းခင္းမ်ား၊ ထုတ္ေလွ်ာက္မ်ား ေဖာ္ကာ ေဆာက္လုပ္ထားသည့္ မ်က္ႏွာၾကက္မ်ား၊ ေက်ာက္တံုးမ်ားျဖင့္ သဘာဝဟန္မြမ္းမံထားေသာ နံရံမ်ားလည္း ေတြ႔ရသည္။
ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပတင္းမ်ားႏွင့္ ျပင္သစ္တံခါးမ်ားသည္ ေနအိမ္ေနာက္ဘက္ႏွင့္ ဆက္သြယ္ေပးထားျပီး ေနအိမ္အတြင္းသို႔ သဘာဝအလင္းေကာင္းစြာရရွိေစသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ကမ္ဘာကျော်တင်းနစ်ကြယ်ပွင့်ဟောင်း အင်ဒီရော့ဒစ်နှင့် ရုပ်ရှင်မင်းသမီး ဘရွတ်ကလင်းဒက်ကာတို့ စုံတွဲသည် တက္ကဆပ်ပြည်နယ်ရှိ ၁၅ ဧက ကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် ရောင်းချလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။ တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၏ မြို့တော် သြစတင်တွင် တည်ရှိသည်။
တက္ကဆပ်ပြည်နယ်တောင်ပိုင်း Texas Hill Country အရပ်တွင် တည်ရှိပြီး ကျောက်တုံးဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်၊ အဆင့်မြင့်အသုံးအဆောင်များ ပါဝင်သော စံအိမ်ကို ယခုလအစောပိုင်းတွင် ရောင်းထွက်သွားခြင်းဖြစ်ပြီး ဈေးကွက်ပေါ်တွင် တစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။
ယခင်က ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမားအဖြစ် ရပ်တည်ခဲ့သူ မစ္စတာ ရော့ဒစ်သည် ယခုအခါ အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး မစ္စ ဒက်ကာမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်သည်။
မစ္စ ဒက်ကာသည် နေအိမ်များ ပြုပြင်မွမ်းမံရခြင်းကို စိတ်ဝင်စား ၊ ဝါသနာပါသူတစ်ဦးဖြစ်ပြီး သူ၏ အင်စတာဂရမ် အကောင့်တွင် ဒီဇိုင်း အိုင်ဒီယာများ၊ နေအိမ်မွမ်းမံမှုဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များဖြင့် ပြည့်နှက်နေသည်။
အင်ဒီရော့ဒစ်တို့စုံတွဲက သြစတင်ရှိ နေအိမ်ကို မွမ်းမံရောင်းချရာတွင် မြတ်စွန်းခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အင်ဒီရော့ဒစ် စုံတွဲက အဆိုပါစံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းခန့်ဖြင့် ဝယ်ယူခဲ့ပြီး စိတ်ကြိုက်ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း အရောင်းဈေးကွက်တင်သွင်းသည့် အကျိုးဆောင် ဂျိုနသန် ခရိသ်က ပြောကြားသည်။
မီးဖိုဆောင်ကို အဖြူရောင် စကျင်ကျောက်ပြားများဖြင့် မွမ်းမံခဲ့ပြီး အပူချိန်ထိန်းချုပ်စနစ်ပါဝင်သည့် ဝိုင်သိုလှောင်ခန်းတစ်ခု ထပ်မံထည့်သွင်းခဲ့ကာ master bedroom ခန်းဟောင်းတစ်ခုကို ဧည့်ဂေဟာအဖြစ် ပြောင်းလဲခဲ့ကြောင်း Sotheby’s International မှ အကျိုးဆောင်ဖြစ်သူ မစ္စတာ ခရိသ်က ပြောကြားသည်။ လက်ရှိတွင် နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၃၀၀ ရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်းခွဲ ပါဝင်သည်။
နေအိမ်အတွင်းပိုင်းတွင် ကျေးလက်ဟန် ဒီဇိုင်းမွမ်းမံမှုများ တွေ့ရပြီး ကျယ်ပြောသော ပျဉ်ကြမ်းခင်းများ၊ ထုတ်လျှောက်များ ဖော်ကာ ဆောက်လုပ်ထားသည့် မျက်နှာကြက်များ၊ ကျောက်တုံးများဖြင့် သဘာဝဟန်မွမ်းမံထားသော နံရံများလည်း တွေ့ရသည်။
ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများနှင့် ပြင်သစ်တံခါးများသည် နေအိမ်နောက်ဘက်နှင့် ဆက်သွယ်ပေးထားပြီး နေအိမ်အတွင်းသို့ သဘာဝအလင်းကောင်းစွာရရှိစေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)