ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
ရေအရင်းအမြစ်များစနစ်တကျ စီမံခန့်ခွဲနိုင်ရေး ဆွေးနွေးမှု Water Economic Forum ကို မေခဆောင် ဖောင်ဒေးရှင်းက စီစဉ်ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့အလင်းမှသိရသည်။
ကမ္ဘာပေါ်တွင် ရှားပါးစပြုလာနေပြီဖြစ်သော ရေအရင်းအမြစ်များ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် ဆွေးနွေးမှု Water Economic Forum ကို လမ်းမတော်မြို့နယ်၊မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် ယခုလ ၂၂ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူတိုင်း တတ်ရောက်နိုင်ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေါက်တာသိန်းဆွေ (စီးပွားရေးပညာရှင်) ၊ဒေါ်သွဲ့နိုင်ဦး (ဒုတိယညွှန်ကြားရေးမှူး YCDC ) နှင့် ဦးဇော်ဝင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး YCDC ) တို့က ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
Moderator အဖြစ် Eco Echo Journal မှ အယ်ဒီတာချုပ်ဦးဇော်သန်းကဆောင်ရွက်မှာဖြစ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com