ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
အျပည္ျပည္ဆိုင္ရာကေမၻာဇအာမခံကုမၸဏီ (IKBZ Insurance) က အသက္အာမခံ၀န္ေဆာင္မႈမ်ား သီးသန္႔ေဆာင္ရြက္မည့္ IKBZ Life Insurance Co.,Ltd ကုိစတင္ဖြင့္လစ္လိုက္ေၾကာင္း IKBZ မွသိရသည္။
" IKBZ Insurance မွာ ယခင္အတုိင္း ဆက္လက္၀န္ေဆာင္မႈေပးသြားမွာျဖစ္ပါတယ္။ အဲလို၀န္ေဆာင္မႈေပးႏုိင္ဖို႔အတြက္ Life Planners မ်ား ခန္႔အပ္ထားၿပီး အျပည့္အ၀ကူညီေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္" ဟု IKBZ Insurance ဒုတိယဥကၠ႒ ဦးညိဳျမင့္ဆုိသည္။
ျမန္မာႏုိင္ငံတြင္ တြင္က်ယ္မႈမရွိေသးသည့္ အသက္အာမခံအမ်ိဳးအစားမ်ားကို ပုိမိုသိရွိလာႏုိင္မည္ျဖစ္ၿပီး အမွန္တကယ္လိုအပ္သည့္ အသက္အာမခံအမ်ိဳးအစားအသစ္မ်ားကုိ ထိေရာက္ေသာနည္းလမ္းမ်ားျဖင့္ ပုိမို၀န္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း IKBZ က သတင္းထုတ္ျပန္ထားသည္။
ႏုိင္ငံအတြင္း ေစ်းကြက္ထိုးေဖာက္မႈရာခုိင္ႏႈန္း ၀ ဒသမ ၁ သာရွိေနသည့္ အသက္အာမခံေစ်းကြက္ ပိုမိုက်ယ္ျပန္႔လာေအာင္လုပ္ေဆာင္ျခင္းျဖင့္ ဘ၀လူေနမႈအဆင့္အတန္းျမွင့္တင္ေရးကို အေလးထားေဆာင္ရြက္သြားျဖစ္သည္ဟု IKBZ Insurance ႏွင့္ IKBZ Life Insurance ကုမၸဏီမွ သိရသည္။
ျမန္မာနိုင္ငံတြင္ ဖက္စပ္အေထြေထြအာမခံနွင့္ အသက္အာမခံလုပ္ကုိင္ရန္ဖက္စပ္ နိုင္ငံျခားသားအာမခံ လုပ္ငန္း ၆ခု ကုိ စီမံကိန္းနွင့္ဘ႑ာေရး၀န္ႀကီးဌာနမွ ၾသဂုတ္လအတြင္း လုပ္ကုိင္ခြင့္ျပဳခဲ့ျပီး အာမခံအသစ္မ်ားလည္းထပ္မံ၀န္ေဆာင္မွဳျပဳရန္ေဆာက္ရြက္လ်က္ရွိေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အပြည်ပြည်ဆိုင်ရာကမ္ဘောဇအာမခံကုမ္ပဏီ (IKBZ Insurance) က အသက်အာမခံဝန်ဆောင်မှုများ သီးသန့်ဆောင်ရွက်မည့် IKBZ Life Insurance Co.,Ltd ကိုစတင်ဖွင့်လစ်လိုက်ကြောင်း IKBZ မှသိရသည်။
" IKBZ Insurance မှာ ယခင်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ အဲလိုဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Life Planners များ ခန့်အပ်ထားပြီး အပြည့်အဝကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု IKBZ Insurance ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်ဆိုသည်။
မြန်မာနိုင်ငံတွင် တွင်ကျယ်မှုမရှိသေးသည့် အသက်အာမခံအမျိုးအစားများကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး အမှန်တကယ်လိုအပ်သည့် အသက်အာမခံအမျိုးအစားအသစ်များကို ထိရောက်သောနည်းလမ်းများဖြင့် ပိုမိုဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း IKBZ က သတင်းထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း ဈေးကွက်ထိုးဖောက်မှုရာခိုင်နှုန်း ၀ ဒသမ ၁ သာရှိနေသည့် အသက်အာမခံဈေးကွက် ပိုမိုကျယ်ပြန့်လာအောင်လုပ်ဆောင်ခြင်းဖြင့် ဘဝလူနေမှုအဆင့် အတန်းမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားဖြစ်သည်ဟု IKBZ Insurance နှင့် IKBZ Life Insurance ကုမ္ပဏီမှ သိရသည်။
မြန်မာနိုင်ငံတွင် ဖက်စပ်အထွေထွေအာမခံနှင့် အသက်အာမခံလုပ်ကိုင်ရန်ဖက်စပ် နိုင်ငံခြားသားအာမခံ လုပ်ငန်း ၆ခု ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သြဂုတ်လအတွင်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အာမခံအသစ်များလည်းထပ်မံဝန်ဆောင်မှုပြုရန်ဆောက်ရွက်လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com