ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ျမန္မာအက္ဂရို အိတ္စ္ခ်ိန္းပတ္ဘလစ္လီမီတက္ (MAEX) ကို လာမည့္ ၂ဝ၂ဝ ႏွစ္ဆန္းပိုင္းတြင္ ရန္ကုန္စေတာ့အိတ္စ္ခ်ိန္းစာရင္းဝင္ကုမၸဏီျဖစ္လာရန္ ေမွ်ာ္မွန္းထားသည္ဟု ကုမၸဏီမွသိရသည္။
''YSX ရဲ႕ စံၫႊန္းသတ္မွတ္တာက ၁၈ ခ်က္ရွိတယ္။ ဒါကို ကုမၸဏီရဲ႕ ျပင္ဆင္မႈပိုင္းကေတာ့ အားလုံးၿပီးသြားပါၿပီ။ စာရင္းဝင္အျဖစ္လုပ္ဖို႔က စေတာ့အိတ္စ္ခ်ိန္းမွာ နိုင္ငံျခားသားေတြလည္း အစုရွယ္ယာအေရာင္းအဝယ္ တကယ္လုပ္လို႔ရမယ္ဆိုတဲ့ အခ်ိန္ေကာင္းကို ခ်ိန္ၿပီးေစာင့္ေနတာပါ''ဟု အဆိုပါကုမၸဏီမွတာဝန္႐ွိသူတစ္ဦးကေျပာသည္။
စေတာ့အိတ္စ္ခ်ိန္းစာရင္းဝင္ကုမၸဏီမ်ားအတြက္ စံႏႈန္းသတ္မွတ္ခ်က္မ်ားအနက္ အမ်ားပိုင္ကုမၸဏီတစ္ခုသည္ အနည္းဆုံး အျမတ္အစြန္းရရွိမႈ ႏွစ္ႏွစ္ရွိရမည္ဟူသည့္အခ်က္ပါဝင္သည္။ MAEX ကုမၸဏီကမူ ၂ဝ၁၅-၁၆ ဘ႑ာႏွစ္၊ ၂ဝ၁၆-၁၇ ဘ႑ာႏွစ္ႏွင့္ ၂ဝ၁၇-၁၈ ဘ႑ာႏွစ္ သုံးႏွစ္စာအတြက္ အျမတ္စြန္းရရွိမႈမ်ားကို စေတာ့အိတ္ခ်ိန္းသို႔ တင္ျပထားၿပီးျဖစ္သည္ဟု သိရသည္။
၄င္းကုမၸဏီသည္ ျမန္မာသီလဝါ အက္စ္အီးဇက္ဟိုးလ္ဒင္းပတ္ဘလစ္လီမီတက္ (MTSH) ၏ဥကၠဌျဖစ္သူ တည္ေထာင္ထားသည့္ အျခားကုမၸဏီတစ္ခုလည္းျဖစ္သည္။
၂ဝ၁၅ ခုႏွစ္၊ စက္တင္ဘာ ၁၄ ရက္က တည္ေထာင္ခဲ့သည့္ ၄င္းကုမၸဏီသည္ အစိုးရႏွင့္ ပုဂၢလိကက႑ပူးေပါင္းမႈ (Public Private Partnership PPP) အစီအစဥ္ျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ တညင္းကုန္းၿမိဳ႕နယ္တြင္ သစ္သီးဝလံ၊ ဟင္းသီးဟင္း႐ြက္ႏွင့္ ပန္းမန္ အဆင့္ျမင့္လက္ကားေစ်းႀကီးကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသည့္ ကုမၸဏီတစ္ခုျဖစ္သည္။
လက္ကားေစ်းစီမံကိန္း ပထမအဆင့္အျဖစ္ ေစ်း႐ုံႀကီး သုံး႐ုံ၊ အေရာင္းဆိုင္၊ အိမ္အေဆာက္အအုံမ်ား၊ ဘဏ္မ်ား၊ ေစ်း႐ုံပတ္လည္ ကားရပ္နားရန္ေနရာႏွင့္ ပင္မလမ္းမႀကီးမ်ားကို တည္ေဆာက္ၿပီးစီးခဲ့သည္။
၂ဝ၁၈ ခုႏွစ္၊ ဇန္နဝါရီ ၃ဝ ရက္တြင္ ေစ်း႐ုံစတင္ဖြင့္လွစ္ထားခဲ့ၿပီး ၂ဝ၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ ဆိုင္ခန္းငွားရမ္းခႏွင့္ အေရာင္းဆိုင္၊ အိမ္အေဆာက္အအုံေရာင္းခ်ျခင္းတို႔က အျမတ္ေငြမ်ားကို ရရွိထားသည္။
ကုမၸဏီကို သတ္မွတ္မတည္ရင္းႏွီးေငြ က်ပ္ ၂၅ ဘီလ်ံျဖင့္ တည္ေထာင္ခဲ့သည္။ ယင္းေနာက္ ကုမၸဏီကို ရွယ္ယာတစ္စုလွ်င္ က်ပ္တစ္ေသာင္းႏႈန္းသတ္မွတ္၍ အစုရွယ္ယာ ၂၅ သန္းရွိ ကုမၸဏီအျဖစ္ သတ္မွတ္ခဲ့သည္။ ထို႔ေနာက္ အမ်ားျပည္သူမ်ားထံသို႔ ရွယ္ယာတစ္စုလွ်င္ ၁ဝ,၅ဝဝ က်ပ္ႏႈန္းျဖင့္ သတ္မွတ္၍ အစုရွယ္ယာအေရအတြက္ ငါးသိန္းကို ကမ္းလွမ္းေရာင္းခ်ထားသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာအက်ဂရို အိတ်စ်ချိန်းပတ်ဘလစ်လီမီတက် (MAEX) ကို လာမည့် ၂ဝ၂ဝ နှစ်ဆန်းပိုင်းတွင် ရန်ကုန်စတော့အိတ်စ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်လာရန် မျှော်မှန်းထားသည်ဟု ကုမ္ပဏီမှသိရသည်။
''YSX ရဲ့ စံညွှန်းသတ်မှတ်တာက ၁၈ ချက်ရှိတယ်။ ဒါကို ကုမ္ပဏီရဲ့ ပြင်ဆင်မှုပိုင်းကတော့ အားလုံးပြီးသွားပါပြီ။ စာရင်းဝင်အဖြစ်လုပ်ဖို့က စတော့အိတ်စ်ချိန်းမှာ နိုင်ငံခြားသားတွေလည်း အစုရှယ်ယာအရောင်းအဝယ် တကယ်လုပ်လို့ရမယ်ဆိုတဲ့ အချိန်ကောင်းကို ချိန်ပြီးစောင့်နေတာပါ''ဟု အဆိုပါကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
စတော့အိတ်စ်ချိန်းစာရင်းဝင်ကုမ္ပဏီများအတွက် စံနှုန်းသတ်မှတ်ချက်များအနက် အများပိုင်ကုမ္ပဏီတစ်ခုသည် အနည်းဆုံး အမြတ်အစွန်းရရှိမှု နှစ်နှစ်ရှိရမည်ဟူသည့်အချက်ပါဝင်သည်။ MAEX ကုမ္ပဏီကမူ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၊ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် သုံးနှစ်စာအတွက် အမြတ်စွန်းရရှိမှုများကို စတော့အိတ်ချိန်းသို့ တင်ပြထားပြီးဖြစ်သည်ဟု သိရသည်။
၎င်းကုမ္ပဏီသည် မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်လီမီတက် (MTSH) ၏ဥက္ကဌဖြစ်သူ တည်ထောင်ထားသည့် အခြားကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က တည်ထောင်ခဲ့သည့် ၎င်းကုမ္ပဏီသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းမှု (Public Private Partnership PPP) အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တညင်းကုန်းမြို့နယ်တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေးကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
လက်ကားဈေးစီမံကိန်း ပထမအဆင့်အဖြစ် ဈေးရုံကြီး သုံးရုံ၊ အရောင်းဆိုင်၊ အိမ်အဆောက်အအုံများ၊ ဘဏ်များ၊ ဈေးရုံပတ်လည် ကားရပ်နားရန်နေရာနှင့် ပင်မလမ်းမကြီးများကို တည်ဆောက်ပြီးစီးခဲ့သည်။
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်တွင် ဈေးရုံစတင်ဖွင့်လှစ်ထားခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဆိုင်ခန်းငှားရမ်းခနှင့် အရောင်းဆိုင်၊ အိမ်အဆောက်အအုံရောင်းချခြင်းတို့က အမြတ်ငွေများကို ရရှိထားသည်။
ကုမ္ပဏီကို သတ်မှတ်မတည်ရင်းနှီးငွေ ကျပ် ၂၅ ဘီလျံဖြင့် တည်ထောင်ခဲ့သည်။ ယင်းနောက် ကုမ္ပဏီကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းသတ်မှတ်၍ အစုရှယ်ယာ ၂၅ သန်းရှိ ကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် အများပြည်သူများထံသို့ ရှယ်ယာတစ်စုလျှင် ၁ဝ,၅ဝဝ ကျပ်နှုန်းဖြင့် သတ်မှတ်၍ အစုရှယ်ယာအရေအတွက် ငါးသိန်းကို ကမ်းလှမ်းရောင်းချထားသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com