ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ကေမာၻဇဘဏ္အိမ္ရာေခ်းေငြဝန္ေဆာင္မႈ ပထမတစ္နွစ္အတြင္း ပံုမွန္သြင္းသူမ်ားကုိ အတိုးနွဳန္း ၁၁ ရာခိုင္နွဳန္း အထိေလ်ာ့ခ်ေပးမည္ဟု KBZ ဘဏ္အိမ္ရာေခ်းေငြဌာနမွသိရသည္။
“ ပထမတစ္နွစ္ အတိုးနွဳန္း ၁၃ ရာခိုင္နွဳန္းကုိ ပံုမွန္သြင္းေပးတဲ့ ၀ယ္ယူသူေတြကုိ အတိုးနွဳန္း နွစ္စဥ္ ၀ ဒသမ ၅ ရာခိုင္နွဳန္းအထိ ေလ်ာ့ခ်ေပးသြားမယ္ အမ်ားဆံုးအတိုးနွဳန္း ၁၁ ရာခိုင္နွဳန္းအထိ သက္သာခြင့္ေပးသြားမယ္”ဟု ကေမာၻဇဘဏ္အိမ္ရာေခ်းေငြဌာနမွ တာ၀န္ရွိသူတစ္ဦးကရွင္းျပသည္။
အတိုး၊ အရင္းပုံမွန္ေပးသြင္းသူမ်ားကို နွစ္စဥ္ အတိုးနွဳန္း ၀ ဒသမ ၅ ရာခိုင္နွဳန္းစီ ေလ်ာ့က်နိုင္သည့္ ေလ်ာ့ခ်မွဳမ်ားေပးသြားမည္ျဖစ္ျပီး အနိမ့္ဆုံး ေခ်းေငြတန္ဖိုး ျမန္မာက်ပ္ေငြ သိန္း ၁၅၀ ရွိသူတိုင္း အနည္းဆုံးအတိုးႏႈန္း ၁၁ ရာခိုင္ႏႈန္းအထိ အက်ိဳးခံစားႏိုင္မည္ဟု အဆိုပါဘဏ္မွသိရသည္။
အတိုးနွဳန္းေလ်ာ့ခ်ေပးမည့္အစီအစဥ္ကုိ ကေမာၻဇဘဏ္မွ အိမ္ရာေခ်းေငြ ရယူၿပီး အိမ္ရာဝယ္ယူသူ မည္သူမဆို အစီအစဥ္ကိုခံစားႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါေခ်းေငြဌာနမွသိရသည္။
KBZ ဘဏ္မွ ပုဂၢလိက အိမ္ရာေခ်းေငြမ်ားကို က်ပ္သိန္း ၂၀၀ နွင့္အထက္ အိမ္ရာမ်ားမွစတင္ကာ ေခ်းေပးလ်က္ရွိျပီး အတိုးနွဳန္း ၁၃ ရာခိုင္နွဳန္း ေခ်းေငြသက္တမ္း နွစ္ အနိမ့္ဆံုး ၃ နွစ္မွ ၂၅ နွစ္အထိ ၀ယ္ယူသူအသက္ အပိုင္းအျခားအလိုက္ေခ်းယူေပးလ်က္ရွိေၾကာင္း အဆိုပါဘဏ္မွသိရသည္။
အိမ္ဝယ္ဖို႔အတြက္ ေငြလိုေနပါသလား? ကိုယ္ပိုင္အိမ္တစ္လံုး ပိုင္ဆိုင္ခ်င္ပါသလား? အိမ္ရာေခ်းေငြ ရွိတယ္ေလ။ အိမ္ရာေခ်းေငြ (Home Loan Application) ေလွ်ာက္ထားရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကမ္ဘောဇဘဏ်အိမ်ရာချေးငွေဝန်ဆောင်မှု ပထမတစ်နှစ်အတွင်း ပုံမှန်သွင်းသူများကို အတိုးနှုန်း ၁၁ ရာခိုင်နှုန်း အထိလျော့ချပေးမည်ဟု KBZ ဘဏ်အိမ်ရာချေးငွေဌာနမှသိရသည်။
“ ပထမတစ်နှစ် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို ပုံမှန်သွင်းပေးတဲ့ ဝယ်ယူသူတွေကို အတိုးနှုန်း နှစ်စဉ် ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ချပေးသွားမယ် အများဆုံး အတိုးနှုန်း ၁၁ ရာခိုင်နှုန်းအထိ သက်သာခွင့်ပေးသွားမယ်”ဟု ကမ္ဘောဇဘဏ်အိမ်ရာချေးငွေဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
အတိုး၊ အရင်းပုံမှန်ပေးသွင်းသူများကို နှစ်စဉ် အတိုးနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းစီ လျော့ကျနိုင်သည့် လျော့ချမှုများပေးသွားမည်ဖြစ်ပြီး အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း ၁၅၀ ရှိသူတိုင်း အနည်းဆုံးအတိုးနှုန်း ၁၁ ရာခိုင်နှုန်းအထိ အကျိုးခံစားနိုင်မည်ဟု အဆိုပါဘဏ်မှသိရသည်။
အတိုးနှုန်းလျော့ချပေးမည့်အစီအစဉ်ကို ကမ္ဘောဇဘဏ်မှ အိမ်ရာချေးငွေ ရယူပြီး အိမ်ရာဝယ်ယူသူ မည်သူမဆို အစီအစဉ်ကိုခံစားနိုင်မည်ဖြစ်ကြောင်း အဆိုပါချေးငွေဌာနမှသိရသည်။
KBZ ဘဏ်မှ ပုဂ္ဂလိက အိမ်ရာချေးငွေများကို ကျပ်သိန်း ၂၀၀ နှင့်အထက် အိမ်ရာများမှစတင်ကာ ချေးပေးလျက်ရှိပြီး အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ချေးငွေသက်တမ်း နှစ် အနိမ့်ဆုံး ၃ နှစ်မှ ၂၅ နှစ်အထိ ဝယ်ယူသူအသက် အပိုင်းအခြားအလိုက်ချေးယူပေးလျက်ရှိကြောင်း အဆိုပါဘဏ်မှသိရသည်။
အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား? ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား? အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com