ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ခရီးသြားမ်ား လမ္းေလွ်ာက္လည္ပတ္ႏိုင္ရန္ ရန္ကုန္ Walking Path အစီအစဥ္ ေအာက္တိုဘာတြင္ စတင္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႔မွသိရသည္။
အဆိုပါလမ္းေလွ်ာက္ခရီးသြားအစီအစဥ္တြင္ ေရႊတိဂုံေစတီ၊ ဆူးေလေစတီ၊ ဗိုလ္တေထာင္ေစတီ၊ ဝန္ႀကီးမ်ားရုံး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္၊ ဗိုလ္ခ်ဳပ္ေဈး၊ၿမိဳ့ေတာ္ခန္းမ၊မဟာဗႏၶဳလပန္းျခံ၊တရားရုံးခ်ဳပ္၊ေၾကးနန္းရုံး၊ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္အေဆာက္အအုံ၊အာေမးနီးယန္းဘုရားရွိခိုးေက်ာင္း၊ႏွင့္ေရွးေဟာင္းအေဆာက္အအုံမ်ားရွိသည့္ေနရာမ်ား လမ္းေလွ်ာက္လည္ပတ္ႏိုင္ရန္ စီစဥ္ေပးမည္ျဖစ္ေၾကာင္းသိရသည္။
Walking Path အစီအစဥ္ေဆာင္ရြက္ရာတြင္ ရန္ကုန္တိုင္းအတြင္းလာေရာက္လည္ပတ္သည့္ ႏိုင္ငံျခားသားခရီးသြားမ်ားကို မိမိတို႔ကိုယ္ပိုင္အစီအစဥ္ျဖင့္ လည္ပတ္သူ Free Independent Traveler (FIT) ႏွင့္ခရီး သြားကုမၸဏီမ်ားမွ အစီအစဥ္ျဖင့္ လည္ပတ္သူ Package Tour Traveler ဟူ၍ႏွစ္မ်ိဳးရွိၿပီးယခုအစီအစဥ္တြင္ ခရီးသြားမ်ားအေနျဖင့္ ၿမိဳ႕ျပအေမြအႏွစ္မ်ားကို ၾကည့္ရႈခံစာႏိုင္သည့္အျပင္ ခရီးစဥ္လမ္းေၾကာင္းတစ္ေလွ်ာက္တြင္ အစားအေသာက္မ်ား၊ ျမန္မာ့လက္မႈအႏုပညာပစၥည္းမ်ား၊အသုံးအေဆာင္ပစၥည္းမ်ား ဝယ္ယူႏိုင္ရန္ေဆာင္ရြက္ေပးထားမည္ျဖစ္ေၾကာင္းသိရသည္။
လမ္းေလွ်ာက္ခရီးသြားမ်ားအေနျဖင့္ ဘုရားဖူးျခင္းသာမဟုတ္ဘဲ ခရီးစဥ္အတြင္းရွိေဒသ၏ လူေနမႈစရုိက္ မ်ားကိုပါေလ့လာခြင့္ရမည္ျဖစ္ေၾကာင္း၊ဧည့္လမ္းညႊန္မ်ားက ေဒသႏၱရဗဟုသုတႏွင့္ခံစားခ်က္မ်ားကို ဗဟုသုတရွာေဖြသည့္ ခရီးသြားဧည့္သည္မ်ားကို မွ်ေဝေပးႏိုင္မွာျဖစ္ေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com ### Unicode Version ###
ခရီးသွားများ လမ်းလျှောက်လည်ပတ်နိုင်ရန် ရန်ကုန် Walking Path အစီအစဉ် အောက်တိုဘာတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှသိရသည်။
အဆိုပါလမ်းလျှောက်ခရီးသွားအစီအစဉ်တွင် ရွှေတိဂုံစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဗိုလ်ချုပ်ဈေး၊မြို့တော်ခန်းမ၊မဟာဗန္ဓုလပန်းခြံ၊တရားရုံးချုပ်၊ကြေးနန်းရုံး၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဆောက်အအုံ၊အာမေးနီးယန်းဘုရားရှိခိုးကျောင်း၊နှင့်ရှေးဟောင်းအဆောက်အအုံများရှိသည့်နေရာများ လမ်းလျှောက်လည်ပတ်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်းသိရသည်။
Walking Path အစီအစဉ်ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းအတွင်းလာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများကို မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် လည်ပတ်သူ Free Independent Traveler (FIT) နှင့်ခရီး သွားကုမ္ပဏီများမှ အစီအစဉ်ဖြင့် လည်ပတ်သူ Package Tour Traveler ဟူ၍နှစ်မျိုးရှိပြီးယခုအစီအစဉ်တွင် ခရီးသွားများအနေဖြင့် မြို့ပြအမွေအနှစ်များကို ကြည့်ရှုခံစာနိုင်သည့်အပြင် ခရီးစဉ်လမ်းကြောင်းတစ်လျှောက်တွင် အစားအသောက်များ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန်ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်းသိရသည်။
လမ်းလျှောက်ခရီးသွားများအနေဖြင့် ဘုရားဖူးခြင်းသာမဟုတ်ဘဲ ခရီးစဉ်အတွင်းရှိဒေသ၏ လူနေမှုစရိုက် များကိုပါလေ့လာခွင့်ရမည်ဖြစ်ကြောင်း၊ဧည့်လမ်းညွှန်များက ဒေသန္တရဗဟုသုတနှင့်ခံစားချက်များကို ဗဟုသုတရှာဖွေသည့် ခရီးသွားဧည့်သည်များကို မျှဝေပေးနိုင်မှာဖြစ်ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com