ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း ေျမေနရာအစား ျပန္လည္ခ်ေပးမည့္ ေျမကြက္မ်ားအတြက္ မဲႏႈိက္ခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးတိုးတက္ေရး ကုမၸဏီ (NYDC) ထုတ္ျပန္မႈတြင္ေတြ႕ရသည္။ ရန္ကုန္ၿမိဳ့သစ္စီမံကိန္းေျမေနရာျပန္လည္ခ်ထားေရး လုပ္ငန္းရံုးအဖဲြ႔ ၾကည့့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ယခုလ ၈ ရက္က ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအဆင့္ (၁) ဧရိယာနယ္နိမိတ္အတြင္းရွိ လယ္ယာေျမမ်ားျပန္လည္ ေနရာခ်ထားေရးႏွင့္စပ္လ်ဥ္း၍ အသံုးျပဳမည့္ မဲႏွိဳက္စနစ္အား ရွင္းလင္းတင္ျပျခင္းျပဳလုပ္ခဲ့သည္။
ျပန္လည္ေနရာခ်ထားေရး ဧရိယာကြင္းအမွတ္ - ၀၅ (RA-5) အတြက္ ေပ ၄၀၊ ေပ ၆၀ အကြက္မ်ားအား မဲႏွိဳက္ျခင္းကို စက္တင္ဘာ ၉ ရက္တြင္ ျပဳလုပ္ခဲ့ၿပီး ၎ေျမအကြက္မ်ားႏွင့္စပ္လ်ဥ္း၍ လယ္ပိုင္ရွင္တစ္ဦးခ်င္းစီကို ၄င္းတို႔ျပန္လည္ရရွိမည့္ ေျမေနရာမ်ားအား ရွင္းလင္းတင္ျပျခင္းကို ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ၊ဘလုတ္ညြန္႔ ရပ္ကြက္၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းေျမေနရာလုပ္ငန္းရံုးအဖဲြ႔တြင္ က်င္းပခဲ့ၿပီး ေျမေနရာခ်ထားမႈတြင္ လယ္ေျမမ်ားကို ျပန္ခ်ထားေပးေၾကာင္းသိရသည္။
စက္တင္ဘာ ၄ ရက္ကလည္း ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ျဖိဳးတိုးတက္ေရး ကုမၸဏီ (NYDC) ၏ ဥကၠ႒ႏွင့္ ဒါ႐ိုက္တာအဖြဲ႕၀င္ ရာထူးမ်ား အေျပာင္းအလဲရွိခဲ့သည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာအစား ပြန်လည်ချပေးမည့် မြေကွက်များအတွက် မဲနှိုက်ခဲ့ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC)ထုတ်ပြန်မှုတွင်တွေ့ရသည်။ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာပြန်လည်ချထားရေး လုပ်ငန်းရုံးအဖွဲ့ ကြည့်မြင်တိုင်မြို့နယ်တွင် ယခုလ ၈ ရက်က ရန်ကုန်မြို့သစ်စီမံကိန်းအဆင့်(၁) ဧရိယာနယ်နိမိတ်အတွင်းရှိ လယ်ယာမြေများပြန်လည် နေရာချထားရေးနှင့်စပ်လျဉ်း၍ အသုံးပြုမည့် မဲနှိုက်စနစ်အား ရှင်းလင်းတင်ပြခြင်းပြုလုပ်ခဲ့သည်။ ပြန်လည် နေရာချထားရေး ဧရိယာကွင်းအမှတ် - ၀၅ (RA-5) အတွက် ပေ ၄၀၊ ပေ ၆၀ အကွက်များအား မဲနှိုက်ခြင်းကို စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့ပြီး ၎င်းမြေအကွက်များနှင့်စပ်လျဉ်း၍ လယ်ပိုင်ရှင်တစ်ဦးချင်းစီကို ၎င်းတို့ပြန်လည်ရရှိမည့် မြေနေရာများအား ရှင်းလင်းတင်ပြခြင်းကို ကြည့်မြင်တိုင်မြို့နယ်၊ဘလုတ်ညွန့် ရပ်ကွက်၊ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာလုပ်ငန်းရုံးအဖွဲ့တွင် ကျင်းပခဲ့ပြီး မြေနေရာချထားမှုတွင် လယ်မြေများကို ပြန်ချထားပေးကြောင်းသိရသည်။
စက်တင်ဘာ ၄ ရက်ကလည်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC) ၏ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင် ရာထူးများ အပြောင်းအလဲရှိခဲ့သည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com