ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
လႈိင္သာယာစက္မႈဇုန္မ်ား၏ အလယ္ဗဟိုရွိ နဝေဒးမီနီကြန္ဒို ပႏၷက္ရုိက္ျခင္းႏွင့္ အႀကိဳအေရာင္းဖြင့္ပြဲကို နဝေဒးဥယ်ာဥ္အိမ္ရာ၌ က်င္းပခဲ့ေၾကာင္းသိရသည္။
နဝေဒးမီနီကြန္ဒိုကို စီဖူ ရင္းႏွီးျမွဳပ္ႏွံမႈဖြံ႔ၿဖိဳးေရး ကုမၸဏီလီမိတက္ တာဝန္ယူတည္ေဆာက္ျခင္းျဖစ္ၿပီး နဝေဒးဥယ်ာဥ္အိမ္ရာ၏ အဓိကဂိတ္ေပါက္ အနီးမွာတည္ေဆာက္မွာျဖစ္သည္။ အေဆာက္အအုံပုံစံမွာ အထပ္ရွစ္ထပ္ရွိၿပီး အခန္းအမ်ိဳးအစားေလးမ်ိဳးရွိေၾကာင္း၊ စတုရန္းေပ အနည္းအမ်ားအလိုက္ကြဲျပားသြားမည္ျဖစ္ကာ ဓာတ္ေလွကားႏွင့္ရုိးရုိးေလွကားႏွစ္စင္းပါရွိမည္ ျဖစ္ေၾကာင္းသိရသည္။
နဝေဒးမီနီကြန္ဒိုသည္ လႈိင္သာယာ စက္မႈဇုန္ မ်ား၏ အလယ္ဗဟိုတြင္ရွိၿပီး တံတား ၄ စင္းျဖစ္ေသာ ဘုရင့္ေနာင္၊ေအာင္ေဇယ်၊ေရႊျပည္သာ၊ပန္းလႈိင္တံတားတို႔၏အလယ္တြင္ရွိသည္။
ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီဌာန ဒုတိယညႊန္ၾကားေရးမႉး ဦးဝင္းႏိုင္က လႈိင္သာယာၿမိဳ႕နယ္ အတြက္ ေခတ္မီသည့္ ဒီဇိုင္းပုံစံႏွင့္ Land Mark အျဖစ္ျမင္ေတြ႔ရမွာျဖစ္ၿပီး ေရွ႕ဆက္တိုးတတ္မႈကိုျမင္ေတြ႕ရမွာျဖစ္ေၾကာင္း၊ရန္ကုန္မိုးပ်ံရထားဘူတာရုံကို နဝေဒးဥယ်ာဥ္အိမ္ရာေရွ႕တြင္ တည္ေဆာက္ဖို႔လ်ာထားျခင္းေၾကာင့္ ယင္းအခ်က္က နဝေဒးမီနီကြန္ဒိုကိုေရြးခ်ယ္သင့္သည့္ အခ်က္ျဖစ္ေၾကာင္းေျပာထားသည္။
၁၉၈၉ ခုႏွစ္တြင္ လႈိင္သာယာၿမိဳ႕သစ္ကို ရပ္ကြက္ေပါင္း ၂၀ ၊ေက်းရြာအုပ္စုေပါင္း ကိုးခုျဖင့္ဖြဲစည္းထားၿပီး အနာဂတ္တြင္ အခြင္လမ္းေကာင္းမ်ားရွိသည့္ စီမံကိန္းမ်ား မ်ားစြာရွိေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
လှိုင်သာယာစက်မှုဇုန်များ၏ အလယ်ဗဟိုရှိ နဝဒေးမီနီကွန်ဒို ပန္နက်ရိုက်ခြင်းနှင့် အကြိုအရောင်းဖွင့်ပွဲကို နဝဒေးဥယျာဉ်အိမ်ရာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
နဝဒေးမီနီကွန်ဒိုကို စီဖူ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး နဝဒေးဥယျာဉ်အိမ်ရာ၏ အဓိကဂိတ်ပေါက် အနီးမှာတည်ဆောက်မှာဖြစ်သည်။ အဆောက်အအုံပုံစံမှာ အထပ်ရှစ်ထပ်ရှိပြီး အခန်းအမျိုးအစားလေးမျိုးရှိကြောင်း၊ စတုရန်းပေ အနည်းအများအလိုက်ကွဲပြားသွားမည်ဖြစ်ကာ ဓာတ်လှေကားနှင့်ရိုးရိုးလှေကားနှစ်စင်းပါရှိမည် ဖြစ်ကြောင်းသိရသည်။
နဝဒေးမီနီကွန်ဒိုသည် လှိုင်သာယာ စက်မှုဇုန် များ၏ အလယ်ဗဟိုတွင်ရှိပြီး တံတား ၄ စင်းဖြစ်သော ဘုရင့်နောင်၊အောင်ဇေယျ၊ရွှေပြည်သာ၊ပန်းလှိုင်တံတားတို့၏အလယ်တွင်ရှိသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က လှိုင်သာယာမြို့နယ်အတွက် ခေတ်မီသည့် ဒီဇိုင်းပုံစံနှင့် Land Mark အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး ရှေ့ဆက်တိုးတတ်မှုကိုမြင်တွေ့ရမှာဖြစ်ကြောင်း၊ရန်ကုန်မိုးပျံရထားဘူတာရုံကို နဝဒေးဥယျာဉ်အိမ်ရာရှေ့တွင် တည်ဆောက်ဖို့လျာထားခြင်းကြောင့် ယင်းအချက်က နဝဒေးမီနီကွန်ဒိုကိုရွေးချယ်သင့်သည့် အချက်ဖြစ်ကြောင်းပြောထားသည်။
၁၉၈၉ ခုနှစ်တွင် လှိုင်သာယာမြို့သစ်ကို ရပ်ကွက်ပေါင်း ၂၀ ၊ကျေးရွာအုပ်စုပေါင်း ကိုးခုဖြင့်ဖွဲစည်းထားပြီး အနာဂတ်တွင် အခွင်လမ်းကောင်းများရှိသည့် စီမံကိန်းများ များစွာရှိကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com