ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ေဟာင္ေကာင္တြင္ ေနအိမ္ခန္းသစ္မ်ားကို ေရာင္းခ်ငွားရမ္းျခင္းမျပဳဘဲ ကိုင္ထားသည့္ developer မ်ားကို ပစ္မွတ္ထားသည့္ လူလြတ္ အခန္းမ်ားဆိုင္ရာ အေကာက္ခြန္ဥပေဒ ျပဌာန္းရန္ စီစဥ္လ်က္ရွိေၾကာင္း ေဟာင္ေကာင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
အတိုက္အခံအမတ္မ်ားက သံုးသပ္ရာတြင္မူ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္းသည္ လက္ရွိျဖစ္ေပၚေနေသာ ႏိုင္ငံေရး အေျခအေနမ်ားကို အာရံုေျပာင္းလမ္းလႊဲလိုသည့္ ေျခလွမ္းတစ္ရပ္သာျဖစ္ေၾကာင္း သံုးသပ္ၾကသည္။
ယခုဥပေဒၾကမ္းအရ တစ္ႏွစ္တာအတြင္း ၆ လထက္ပို၍ ေရာင္းခ်၊ ငွားရမ္းျခင္းမျပဳေသာ အခန္းပိုင္ရွင္အေနျဖင့္ လူလြတ္အခန္းခြန္အျဖစ္ သီးသန္႔ေပးေဆာင္ရမည္ဟု ဆိုသည္။
အဆိုပါဥပေဒၾကမ္းကို လာမည့္ေအာက္တိုဘာတြင္ လႊတ္ေတာ္အစည္းအေဝးမ်ား ျပန္လည္စတင္ခ်ိန္တြင္ တင္သြင္းသြားရန္ စီစဥ္ထားသည္။
ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္းက ျပီးခဲ့ေသာႏွစ္အတြင္း သူ၏မူဝါဒေရးရာမိန္႔ခြန္းတြင္ လူသူမဲ့အခန္းလြတ္မ်ားကို အေကာက္ခြန္ ေကာက္ခံမည့္အေၾကာင္း ထည့္သြင္းေျပာၾကားထားခဲ့ဖူးသည္။
တန္ဖိုးသင့္အိမ္ရာရွားပါးမႈမ်ားႏွင့္ ရင္ဆိုင္ေနရေသာ ေဟာင္ေကာင္တြင္ ကာရီလမ္း၏ ေျခလွမ္းမွာ လူၾကိဳက္မ်ားမည့္ အစီအစဥ္တစ္ရပ္ျဖစ္သည္ဟု သံုးသပ္ၾကသည္။
လႊတ္ေတာ္မွ အတည္ျပဳျပီး ၃ လအတြင္း အသက္ဝင္ေစမည္ဟု ေရးဆြဲျပဌာန္းထားသည္။
ဥပေဒျပဌာန္းျပီးေနာက္ပိုင္းတြင္ လူေနခန္းမ်ားကို ေရာင္းခ်၊ ငွားရမ္းျခင္းမျပဳဘဲ သိုေလွာင္ကုန္သဖြယ္ ကိုင္ထားသည့္ developer မ်ားကို အေရးယူသြားမည္ျဖစ္သည္။
သို႔ရာတြင္ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲမ်ား ေပၚေပါက္လာျပီးေနာက္ပိုင္း အဆိုပါဥပေဒၾကမ္းကို ယခင္က ေထာက္ခံခဲ့ေသာ အတိုက္အခံ ႏိုင္ငံေရးသမားမ်ားမွာ ယခုအခါ ေထာက္ခံရန္ တံု႔ဆိုင္းလ်က္ရွိေနၾကသည္။
Civic ပါတီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားရာတြင္ “ကာရီလမ္းဟာ ဥပေဒျပဌာန္းသြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားျပီး တစ္ႏွစ္နဲ႔ ၃ လၾကာမွသာ ဒီဥပေဒကို လႊတ္ေတာ္တင္ဖုိ႔ လုပ္ေဆာင္လာတာျဖစ္ပါတယ္။ ဒါဟာ တရားခံလႊဲေျပာင္းမႈ ဥပေဒ မေအာင္ျမင္မႈေတြကို ဖံုးကြယ္ဖို႔အတြက္ အာရံုလႊဲတဲ့ ေျခလွမ္းသာျဖစ္ပါတယ္”ဟု ေဖာ္ျပထားသည္။
သို႔ရာတြင္ ဥပေဒၾကမ္းကို မဲခြဲပါက မည္သို႔မဲေပးမည္ကိုမူ Civic ပါတီက တရားဝင္ေျပာၾကားထားျခင္း မရွိေသးေခ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဟောင်ကောင်တွင် နေအိမ်ခန်းသစ်များကို ရောင်းချငှားရမ်းခြင်းမပြုဘဲ ကိုင်ထားသည့် developer များကို ပစ်မှတ်ထားသည့် လူလွတ် အခန်းများဆိုင်ရာ အကောက်ခွန်ဥပဒေ ပြဌာန်းရန် စီစဉ်လျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အတိုက်အခံအမတ်များက သုံးသပ်ရာတွင်မူ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို အာရုံပြောင်းလမ်းလွှဲလိုသည့် ခြေလှမ်းတစ်ရပ်သာဖြစ်ကြောင်း သုံးသပ်ကြသည်။
ယခုဥပဒေကြမ်းအရ တစ်နှစ်တာအတွင်း ၆ လထက်ပို၍ ရောင်းချ၊ ငှားရမ်းခြင်းမပြုသော အခန်းပိုင်ရှင်အနေဖြင့် လူလွတ်အခန်းခွန်အဖြစ် သီးသန့်ပေးဆောင်ရမည်ဟု ဆိုသည်။
အဆိုပါဥပဒေကြမ်းကို လာမည့်အောက်တိုဘာတွင် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ချိန်တွင် တင်သွင်းသွားရန် စီစဉ်ထားသည်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက ပြီးခဲ့သောနှစ်အတွင်း သူ၏မူဝါဒရေးရာမိန့်ခွန်းတွင် လူသူမဲ့အခန်းလွတ်များကို အကောက်ခွန် ကောက်ခံမည့်အကြောင်း ထည့်သွင်းပြောကြားထားခဲ့ဖူးသည်။
တန်ဖိုးသင့်အိမ်ရာရှားပါးမှုများနှင့် ရင်ဆိုင်နေရသော ဟောင်ကောင်တွင် ကာရီလမ်း၏ ခြေလှမ်းမှာ လူကြိုက်များမည့် အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု သုံးသပ်ကြသည်။
လွှတ်တော်မှ အတည်ပြုပြီး ၃ လအတွင်း အသက်ဝင်စေမည်ဟု ရေးဆွဲပြဌာန်းထားသည်။
ဥပဒေပြဌာန်းပြီးနောက်ပိုင်းတွင် လူနေခန်းများကို ရောင်းချ၊ ငှားရမ်းခြင်းမပြုဘဲ သိုလှောင်ကုန်သဖွယ် ကိုင်ထားသည့် developer များကို အရေးယူသွားမည်ဖြစ်သည်။
သို့ရာတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီးနောက်ပိုင်း အဆိုပါဥပဒေကြမ်းကို ယခင်က ထောက်ခံခဲ့သော အတိုက်အခံ နိုင်ငံရေးသမားများမှာ ယခုအခါ ထောက်ခံရန် တုံ့ဆိုင်းလျက်ရှိနေကြသည်။
Civic ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားရာတွင် “ကာရီလမ်းဟာ ဥပဒေပြဌာန်းသွားမယ်လို့ ထုတ်ဖော်ပြောကြားပြီး တစ်နှစ်နဲ့ ၃ လကြာမှသာ ဒီဥပဒေကို လွှတ်တော်တင်ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒါဟာ တရားခံလွှဲပြောင်းမှု ဥပဒေ မအောင်မြင်မှုတွေကို ဖုံးကွယ်ဖို့အတွက် အာရုံလွှဲတဲ့ ခြေလှမ်းသာဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။
သို့ရာတွင် ဥပဒေကြမ်းကို မဲခွဲပါက မည်သို့မဲပေးမည်ကိုမူ Civic ပါတီက တရားဝင်ပြောကြားထားခြင်း မရှိသေးချေ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)