ကမၻာ့ဂီတသမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးေတးသံရွင္ျဖစ္ခဲ့သည့္ ေရာ့ခ္ဂီတသမား တြမ္ပက္တီ ကေလးဘဝက ေနထိုင္ခဲ့ေသာ အိမ္ကို ဝယ္ယူသြားသည့္ ဝယ္လက္မွာ ၎၏ ဇနီးေဟာင္းျဖစ္ေၾကာင္း ေပၚေပါက္လာ

ကမၻာ့ဂီတသမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးေတးသံရွင္ျဖစ္ခဲ့သည့္ ေရာ့ခ္ဂီတသမား တြမ္ပက္တီ ကေလးဘဝက ေနထိုင္ခဲ့ေသာ အိမ္ကို ဝယ္ယူသြားသည့္ ဝယ္လက္မွာ ၎၏ ဇနီးေဟာင္းျဖစ္ေၾကာင္း ေပၚေပါက္လာ - Property News in Myanmar from iMyanmarHouse.com
16 Sep 2019 11:46 am တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တြမ္ပက္တီ၏ အမည္ရင္းမွာ ေသာမတ္စ္ အားလ္ ပက္တီျဖစ္ျပီး ၁၉၅၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ ၂၀ ရက္တြင္ ေမြးဖြားျပီး ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာ ၂ ရက္တြင္ ကြယ္လြန္ခဲ့သည္။

အေမရိကန္ အဆိုေတာ္၊ ေတးေရး၊ ဂီတတူရိယာမ်ဳိးစံု တီးခတ္ႏိုင္သည့္ပညာရွင္၊ ေတးထုတ္လုပ္သူ၊ ရုပ္ရွင္သရုပ္ေဆာင္ဘဝမ်ား ျဖတ္သန္းခဲ့သည္။

၁၉၇၆ ခုႏွစ္တြင္ ဖြဲ႔စည္းခဲ့ေသာ Tom Petty and the Heartbreakers ေရာ့ခ္ဂီတအဖြဲ႔ၾကီး၏ ေရွ႕ထြက္အဆိုေတာ္အျဖစ္ပါဝင္ခဲ့သည္။

၁၉၈၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ားတြင္ တည္ေထာင္ခဲ့ေသာ Traveling Wilburys အဖြဲ႔၏ အဖြဲ႔ဝင္တစ္ဦးလည္း ျဖစ္ခဲ့သည္။

တြမ္ပက္တီသည္ Heartbreakers အဖြဲ႔ႏွင့္အျပင္ တစ္ကိုယ္ေတာ္အေနႏွင့္ပါ ေတးသီခ်င္းမ်ား သီဆိုခဲ့သည္။

သူ၏ အႏုပညာသက္တမ္းအတြင္း ကမၻာတစ္ဝန္း၌ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၈၀ ေက်ာ္ ေရာင္းခ်ခဲ့ရျပီး သမိုင္းတစ္ေခတ္ အေရာင္းရဆံုး ဂီတသမားတစ္ဦးအျဖစ္ စာရင္းဝင္ခဲ့သည္။

တြမ္ပက္တီသည္ အသက္ ၆၆ ႏွစ္အရြယ္တြင္ ကြယ္လြန္သြားရာ Heartbreakers အဖြဲ႔ၾကီး၏ ႏွစ္ ၄၀ ျပည့္ ဂီတေဖ်ာ္ေျဖပြဲခရီးစဥ္ ထြက္ရွိျပီး အျပီးသတ္ျပီး တစ္ပတ္အၾကာတြင္ ကြယ္လြန္သြားျခင္းလည္း ျဖစ္သည္။

ယခုအခါ တြမ္ပက္တီ ကေလးဘဝက ေနထိုင္ခဲ့ေသာ အိမ္ကို ဝယ္ယူသြားသည့္ ဝယ္လက္မွာ ၎၏ ဇနီးေဟာင္း ဂ်ိန္း ဘင္ယို ပက္တီျဖစ္ေၾကာင္း ေပၚေပါက္လာသည္။

တြမ္ပက္တီ ကေလးဘဝက ေနထုိင္ခဲ့သည့္အိမ္မွာ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ ဂိမ္းစ္ေဗးလ္ျမိဳ႕တြင္ တည္ရွိသည္။

ေစ်းကြက္သို႔ ဝင္ေရာက္လာျပီး လအနည္းငယ္အၾကာတြင္ ေရာင္းခ်လိုက္ရျခင္းျဖစ္ကာ ဇနီးေဟာင္းက ဝယ္ယူသြားေၾကာင္း ယခုမွ ေပၚေပါက္လာျခင္း ျဖစ္သည္။

ဂိမ္းစ္ေဗးလ္ျမိဳ႕၊ NE 6th Terrace လမ္း၊ အမွတ္ ၁၇၁၅ တြင္ရွိျပီး ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၃၀၀ ရွိသည္။

Gainsville Sun ေန႔စဥ္သတင္းစာမွ ရရွိေသာ အခ်က္အလက္မ်ားအရ ျပီးခဲ့ေသာ ဇူလိုင္လ ၃၁ ရက္တြင္ ကန္ေဒၚလာ ၁၇၅၀၀၀ ျဖင့္ ဇနီးေဟာင္း ဘင္ယိုပက္တီက ဝယ္ယူသြားျခင္းျဖစ္သည္ဟု ဆိုသည္။

တြမ္ပက္တီ၏ ေနအိမ္သည္ သူ၏ အမာခံပရိသတ္တစ္ဦးလက္သုိ႔ ေရာက္လုဆဲဆဲ ျဖစ္ခဲ့သည္။

ကယ္လီဖိုးနီးယားျပည္နယ္မွ အိမ္ျခံေျမအက်ဳိးေဆာင္ ကီဗင္ ဘိုးရွမ့္သည္ တြမ္ပက္တီ၏ အမာခံပရိသတ္တစ္ဦးျဖစ္ျပီး အဆိုပါေနအိမ္ကို ဝယ္ယူရန္ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ခဲ့သည္။

ေနအိမ္အတြင္း အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါဝင္ျပီး တြမ္ပက္တီ၏ ကေလးဘဝ အခ်ိန္ကာလအမ်ားစု ျဖတ္သန္းခဲ့ရာ ေနရာျဖစ္သည္။ အဆိုပါ ေဒသတြင္ပင္ ဇနီးျဖစ္သူ ဘင္ယို ပက္တီႏွင့္ ဆံုစည္းခဲ့ျခင္းျဖစ္သည္။

တြမ္ပက္တီတို႔ ဇနီးေမာင္ႏွံ ႏွစ္ဦးလံုးသည္ ဂိမ္းစ္ေဗးလ္ေဒသသားမ်ားျဖစ္ၾကျပီး တြမ္ပက္တီ အထက္တန္းျပီးခ်ိန္တြင္ ဆံုစည္းခဲ့ၾကျခင္း ျဖစ္သည္။ ယင္းေနာက္ ၁၉၇၄ ခုႏွစ္၊ တြမ္ပက္တီ အသက္ ၂၄ ႏွစ္အရြယ္တြင္ လက္ထပ္ခဲ့ၾကသည္။

လက္ထပ္ခ်ိန္က တြမ္ပက္တီမွာ နာမည္ေက်ာ္တစ္ဦး မျဖစ္ေသးေခ်။

၎တို႔ဇနီးေမာင္ႏွံတြင္ ေအဒရီယာႏွင့္ အင္နာကင္မ္ဟူေသာ ရင္ေသြး ၂ ဦး ထြန္းကားခဲ့သည္။

တြမ္ပက္တီတို႔ အိမ္ေထာင္ေရးမွာ ၂၂ ႏွစ္ၾကာျမင့္ခဲ့ေသာ္လည္း လမ္းခြဲျခင္းျဖင့္ အဆံုးသတ္ခဲ့ရသည္။

ဇနီးေမာင္ႏွံကြာရွင္းျပတ္စဲမႈ (၁၉၉၆ ခုႏွစ္) မတိုင္မီ ၅ ႏွစ္အလိုတြင္ တြမ္ပက္တီက ရိုးလင္းစတုန္း မဂၢဇင္းၾကီးကို ေျပာၾကားခဲ့ရာ၌ မိမိဂီတေဖ်ာ္ေျဖပြဲမ်ားျဖင့္ လမ္းေပၚတြင္ရွိေနစဥ္ မိသားစုကို ၾကည့္ရႈထိန္းသိမ္းေပးေနသည့္ ေက်းဇူး ဘင္ယိုပက္တီထံတြင္ရွိေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

ဘင္ယိုႏွင့္ ကြာရွင္းျပီးေနာက္ တြမ္ပက္တီသည္ ဒါနာေယာ့ခ္ဆိုသည့္ အမ်ဳိးသမီးႏွင့္ လက္ထပ္ခဲ့သည္။

တြမ္ပက္တီသည္ အသက္ ၆၆ ႏွစ္အရြယ္ ၂၀၁၇ ခုႏွစ္တြင္ ကြယ္လြန္ခဲ့ရာ သူ၏ ပရိသတ္မ်ားအၾကား မ်ားစြာေၾကကြဲခဲ့ၾကသည္။

ထိုအခ်ိန္က ဘင္ယိုပက္တီက ထုတ္ျပန္ခ်က္တစ္စံုတစ္ရာမရွိခဲ့ေသာ္လည္း တြမ္ပက္တီ၏ ကြယ္လြန္မႈမွာ သူ႔အေပၚမ်ားစြာ ဂယက္ရိုက္ခဲ့သည္။

ဘင္ယိုပက္တီသည္ ျပီးခဲ့ေသာႏွစ္ ေဆာင္းတြင္းတြင္ တြမ္ပက္တီေမြးေန႔ပြဲက်င္းပစဥ္အတြင္း အဆိုပါစံအိမ္သို႔ ေရာက္ရွိခဲ့ျပီး လြန္ခဲ့ေသာ ၁၅ ႏွစ္တာ ကာလအတြင္း ထိုေဒသသို႔ ပထမဆံုးအၾကိမ္ ျပန္လည္ေျခခ်ခဲ့ျခင္းလည္း ျဖစ္သည္။

အဆိုပါခရီးစဥ္အတြင္း ယင္းေဒသသို႔ ျပန္လည္ေျပာင္းေရႊ႕ေျခခ်ရန္ ဘင္ယိုပက္တီက ဆံုးျဖတ္ခဲ့သည္။

“ကၽြန္မ ေနရာစံုေရာက္ဖူးပါတယ္ ဂိမ္းစ္ေဗးလ္လို ေဒသမ်ဳိး မရွိပါဘူး”ဟု ဘင္ယိုပက္တီက Gainsville Sun ေန႔စဥ္သတင္းစာသို႔ ေျပာၾကားသည္။ ေနာက္ေျခတစ္လွမ္းတစ္ဆင့္အေနျဖင့္ ဘင္ယိုက ပက္တီ၏ ကေလးဘဝေနအိမ္ကို ဝယ္ယူရန္ ဆံုးျဖတ္ခဲ့သည္။

“အဲဒီအိမ္ကို ကၽြန္မေရာက္သြားေတာ့ ေျပာင္းလဲသြားခဲ့ပါျပီ။ အရင္ကနဲ႔ မတူေတာ့ဘူး။ ဒါေပမယ့္ ဒီအိမ္ဟာ မိသားစုေတြ လက္ထဲမွာ ရွိသင့္္တယ္လို႔ ကၽြန္မသံုးသပ္ခဲ့ပါတယ္”ဟု ဘင္ယိုက ေျပာၾကားသည္။

တြမ္ပက္တီ၏ အမာခံပရိသတ္ ဘိုးရွမ့္က အဆိုပါေနအိမ္ကို တြမ္ပက္တီျပတိုက္အျဖစ္ ေျပာင္းလဲရန္ ရည္ရြယ္ခဲ့သည္။

ေနာက္ပိုင္းတြင္မွ မိသားစုဝင္တစ္ဦးက ဝယ္ယူရန္ စိတ္ဝင္စားေနေၾကာင္း သိလိုက္ရခ်ိန္တြင္ ဘိုးရွမ့္က ေနာက္ဆုတ္လိုက္ျခင္း ျဖစ္သည္။

ဘင္ယိုက ေျပာၾကားရာတြင္ ၎အေနျဖင့္ အဆိုပါစံအိမ္ကို မည္သို႔အသံုးျပဳရန္ မစဥ္းစားရေသးေသာ္လည္း ျပတိုက္အျဖစ္မူ အသံုးျပဳသြားမည္မဟုတ္ေၾကာင္း ေျပာၾကားထားျပီး တြမ္ပက္တီ၏ ေျမးတစ္ဦးထံ လႊဲေျပာင္းသြားေပးဖြယ္ရာရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

တွမ်ပက်တီ၏ အမည်ရင်းမှာ သောမတ်စ် အားလ် ပက်တီဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် မွေးဖွားပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် ကွယ်လွန်ခဲ့သည်။

အမေရိကန် အဆိုတော်၊ တေးရေး၊ ဂီတတူရိယာမျိုးစုံ တီးခတ်နိုင်သည့်ပညာရှင်၊ တေးထုတ်လုပ်သူ၊ ရုပ်ရှင်သရုပ်ဆောင်ဘဝများ ဖြတ်သန်းခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော Tom Petty and the Heartbreakers ရော့ခ်ဂီတအဖွဲ့ကြီး၏ ရှေ့ထွက်အဆိုတော်အဖြစ် ပါဝင်ခဲ့သည်။

၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် တည်ထောင်ခဲ့သော Traveling Wilburys အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

တွမ်ပက်တီသည် Heartbreakers အဖွဲ့နှင့်အပြင် တစ်ကိုယ်တော်အနေနှင့်ပါ တေးသီချင်းများ သီဆိုခဲ့သည်။

သူ၏ အနုပညာသက်တမ်းအတွင်း ကမ္ဘာတစ်ဝန်း၌ တေးအယ်လ်ဘမ်ချပ်ရေ သန်း ၈၀ ကျော် ရောင်းချခဲ့ရပြီး သမိုင်းတစ်ခေတ် အရောင်းရဆုံး ဂီတသမားတစ်ဦးအဖြစ် စာရင်းဝင်ခဲ့သည်။

တွမ်ပက်တီသည် အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်သွားရာ Heartbreakers အဖွဲ့ကြီး၏ နှစ် ၄၀ ပြည့် ဂီတဖျော်ဖြေပွဲခရီးစဉ် ထွက်ရှိပြီး အပြီးသတ်ပြီး တစ်ပတ်အကြာတွင် ကွယ်လွန်သွားခြင်းလည်း ဖြစ်သည်။

ယခုအခါ တွမ်ပက်တီ ကလေးဘဝက နေထိုင်ခဲ့သော အိမ်ကို ဝယ်ယူသွားသည့် ဝယ်လက်မှာ ၎င်း၏ ဇနီးဟောင်း ဂျိန်း ဘင်ယို ပက်တီဖြစ်ကြောင်း ပေါ်ပေါက်လာသည်။

တွမ်ပက်တီ ကလေးဘဝက နေထိုင်ခဲ့သည့်အိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဂိမ်းစ်ဗေးလ်မြို့တွင် တည်ရှိသည်။

ဈေးကွက်သို့ ဝင်ရောက်လာပြီး လအနည်းငယ်အကြာတွင် ရောင်းချလိုက်ရခြင်းဖြစ်ကာ ဇနီးဟောင်းက ဝယ်ယူသွားကြောင်း ယခုမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဂိမ်းစ်ဗေးလ်မြို့၊ NE 6th Terrace လမ်း၊ အမှတ် ၁၇၁၅ တွင်ရှိပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၃၀၀ ရှိသည်။

Gainsville Sun နေ့စဉ်သတင်းစာမှ ရရှိသော အချက်အလက်များအရ ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်တွင် ကန်ဒေါ်လာ ၁၇၅၀၀၀ ဖြင့် ဇနီးဟောင်း ဘင်ယိုပက်တီက ဝယ်ယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။

တွမ်ပက်တီ၏ နေအိမ်သည် သူ၏ အမာခံပရိသတ်တစ်ဦးလက်သို့ ရောက်လုဆဲဆဲ ဖြစ်ခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်မှ အိမ်ခြံမြေအကျိုးဆောင် ကီဗင် ဘိုးရှမ့်သည် တွမ်ပက်တီ၏ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အဆိုပါနေအိမ်ကို ဝယ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။

နေအိမ်အတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး တွမ်ပက်တီ၏ ကလေးဘဝ အချိန်ကာလအများစု ဖြတ်သန်းခဲ့ရာ နေရာဖြစ်သည်။ အဆိုပါ ဒေသတွင်ပင် ဇနီးဖြစ်သူ ဘင်ယို ပက်တီနှင့် ဆုံစည်းခဲ့ခြင်းဖြစ်သည်။

တွမ်ပက်တီတို့ ဇနီးမောင်နှံ နှစ်ဦးလုံးသည် ဂိမ်းစ်ဗေးလ်ဒေသသားများဖြစ်ကြပြီး တွမ်ပက်တီ အထက်တန်းပြီးချိန်တွင် ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။ ယင်းနောက် ၁၉၇၄ ခုနှစ်၊ တွမ်ပက်တီ အသက် ၂၄ နှစ်အရွယ်တွင် လက်ထပ်ခဲ့ကြသည်။

လက်ထပ်ချိန်က တွမ်ပက်တီမှာ နာမည်ကျော်တစ်ဦး မဖြစ်သေးချေ။

၎င်းတို့ဇနီးမောင်နှံတွင် အေဒရီယာနှင့် အင်နာကင်မ်ဟူသော ရင်သွေး ၂ ဦး ထွန်းကားခဲ့သည်။

တွမ်ပက်တီတို့ အိမ်ထောင်ရေးမှာ ၂၂ နှစ်ကြာမြင့်ခဲ့သော်လည်း လမ်းခွဲခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။

ဇနီးမောင်နှံကွာရှင်းပြတ်စဲမှု (၁၉၉၆ ခုနှစ်) မတိုင်မီ ၅ နှစ်အလိုတွင် တွမ်ပက်တီက ရိုးလင်းစတုန်း မဂ္ဂဇင်းကြီးကို ပြောကြားခဲ့ရာ၌ မိမိဂီတဖျော်ဖြေပွဲများဖြင့် လမ်းပေါ်တွင်ရှိနေစဉ် မိသားစုကို ကြည့်ရှုထိန်းသိမ်းပေးနေသည့် ကျေးဇူး ဘင်ယိုပက်တီထံတွင်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။

ဘင်ယိုနှင့် ကွာရှင်းပြီးနောက် တွမ်ပက်တီသည် ဒါနာယော့ခ်ဆိုသည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့သည်။

တွမ်ပက်တီသည် အသက် ၆၆ နှစ်အရွယ် ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ သူ၏ ပရိသတ်များအကြား များစွာကြေကွဲခဲ့ကြသည်။

ထိုအချိန်က ဘင်ယိုပက်တီက ထုတ်ပြန်ချက်တစ်စုံတစ်ရာမရှိခဲ့သော်လည်း တွမ်ပက်တီ၏ ကွယ်လွန်မှုမှာ သူ့အပေါ်များစွာ ဂယက်ရိုက်ခဲ့သည်။

ဘင်ယိုပက်တီသည် ပြီးခဲ့သောနှစ် ဆောင်းတွင်းတွင် တွမ်ပက်တီမွေးနေ့ပွဲကျင်းပစဉ်အတွင်း အဆိုပါစံအိမ်သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သော ၁၅ နှစ်တာ ကာလအတွင်း ထိုဒေသသို့ ပထမဆုံးအကြိမ် ပြန်လည်ခြေချခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း ယင်းဒေသသို့ ပြန်လည်ပြောင်းရွှေ့ခြေချရန် ဘင်ယိုပက်တီက ဆုံးဖြတ်ခဲ့သည်။

“ကျွန်မ နေရာစုံရောက်ဖူးပါတယ် ဂိမ်းစ်ဗေးလ်လို ဒေသမျိုး မရှိပါဘူး”ဟု ဘင်ယိုပက်တီက Gainsville Sun နေ့စဉ်သတင်းစာသို့ ပြောကြားသည်။ နောက်ခြေတစ်လှမ်းတစ်ဆင့်အနေဖြင့် ဘင်ယိုက ပက်တီ၏ ကလေးဘဝနေအိမ်ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။

“အဲဒီအိမ်ကို ကျွန်မရောက်သွားတော့ ပြောင်းလဲသွားခဲ့ပါပြီ။ အရင်ကနဲ့ မတူတော့ဘူး။ ဒါပေမယ့် ဒီအိမ်ဟာ မိသားစုတွေ လက်ထဲမှာ ရှိသင့်တယ်လို့ ကျွန်မသုံးသပ်ခဲ့ပါတယ်”ဟု ဘင်ယိုက ပြောကြားသည်။

တွမ်ပက်တီ၏ အမာခံပရိသတ် ဘိုးရှမ့်က အဆိုပါနေအိမ်ကို တွမ်ပက်တီပြတိုက်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ခဲ့သည်။

နောက်ပိုင်းတွင်မှ မိသားစုဝင်တစ်ဦးက ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိလိုက်ရချိန်တွင် ဘိုးရှမ့်က နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။

ဘင်ယိုက ပြောကြားရာတွင် ၎င်းအနေဖြင့် အဆိုပါစံအိမ်ကို မည်သို့အသုံးပြုရန် မစဉ်းစားရသေးသော်လည်း ပြတိုက်အဖြစ်မူ အသုံးပြုသွားမည်မဟုတ်ကြောင်း ပြောကြားထားပြီး တွမ်ပက်တီ၏ မြေးတစ်ဦးထံ လွှဲပြောင်းသွားပေးဖွယ်ရာရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service