ကယ္လီဖုိးနီးယားျပည္နယ္တြင္ အိမ္ငွားခ ထိန္းခ်ဳပ္သည့္ ဥပေဒၾကမ္းတင္သြင္းထားျပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးကလည္း လက္မွတ္ေရးထိုးအတည္ျပဳသြားမည္ဟု ထုတ္ျပန္ထား

ကယ္လီဖုိးနီးယားျပည္နယ္တြင္ အိမ္ငွားခ ထိန္းခ်ဳပ္သည့္ ဥပေဒၾကမ္းတင္သြင္းထားျပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးကလည္း လက္မွတ္ေရးထိုးအတည္ျပဳသြားမည္ဟု ထုတ္ျပန္ထား - Property News in Myanmar from iMyanmarHouse.com
16 Sep 2019 10:44 am တွင် တင်ခဲ့သည်
801 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္တြင္ အိမ္ငွားခ ထိန္းခ်ဳပ္သည့္ ဥပေဒၾကမ္းတစ္ရပ္ တင္သြင္းထားျပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးကလည္း လက္မွတ္ေရးထိုးအတည္ျပဳသြားမည္ဟု ထုတ္ျပန္ထားေၾကာင္း ေလာ့စ္အိန္ဂ်လိ အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ျပည္နယ္လႊတ္ေတာ္ ဥပေဒအမွတ္ ၁၄၈၂ ဟုေခၚေသာ အဆိုပါဥပေဒတြင္ အိမ္ရွင္မ်ားကို တစ္ႏွစ္တာ ကာလအတြင္း အိမ္ငွားခ ၅ ရာခိုင္ႏႈန္းထက္ ပိုမို ေစ်းတင္ျခင္းမ်ားကို တားျမစ္လိုက္ျပီျဖစ္ျပီး ေဒသတြင္း ေငြေဖာင္းပြႏႈန္းကိုမူ ထည့္သြင္းတြက္ခ်က္ခြင့္ ေပးအပ္ထားသည္ဟု ဆိုသည္။အဆိုပါဥပေဒၾကမ္းကို ျပည္နယ္လႊတ္ေတာ္တြင္ ၄၆-၂၂ မဲျဖင့္ အတည္ျပဳခဲ့ျခင္း ျဖစ္သည္။

ေငြေၾကးေဖာင္းပြမႈမွာ ေဒသအလိုက္ အမ်ဳိးမ်ဳိးကြာျခားႏိုင္ျပီး ျပည္နယ္တစ္ခုလံုး၏ ပွ်မ္းမွ်ႏႈန္းမွာ ၂ ဒသမ ၅ ရာခိုင္ႏႈန္း ျဖစ္သည္။

ယခုအခါ ဥပေဒၾကမ္းသည္ အုပ္ခ်ဳပ္ေရးမွဴး ဂါဗင္ နယူးဆမ္ထံသို႔ တင္သြင္းလိုက္ျပီျဖစ္ျပီး အုပ္ခ်ဳပ္ေရးမွဴးကလည္း အတည္ျပဳ လက္မွတ္ေရးထိုးသြားမည္ဟု ထုတ္ေဖာ္ေျပာၾကားထားသည္။

အဆိုပါ ဥပေဒၾကမ္းကို ေရးဆြဲတင္သြင္းခဲ့သည့္ ဆန္ဖရန္စစၥကိုမွ ဒီမိုကရက္တစ္အမတ္ ေဒးဗစ္ခ်ီယူက ေျပာၾကားရာတြင္ အိမ္ငွားခႏႈန္းမ်ား ထိန္းခ်ဳပ္ကန္႔သတ္ျခင္းမွာ မွ်တသည့္ေစ်းႏႈန္းမ်ဳိးမဟုတ္သည့္ အိမ္ခန္းေစ်းမ်ား ေတာင္းၾကျခင္းမ်ား အလြန္မ်ားျပားလာေနျခင္းကို ကာကြယ္ရန္ ရည္ရြယ္ေၾကာင္း ေျပာၾကားသည္။

ထို႔အျပင္ အိမ္ငွားမ်ားကို ဥပစာမွ ႏွင္လိုပါက ဥပေဒအရ ခိုင္လံုသည့္အေၾကာင္းျပခ်က္ရွိရမည္ဟူေသာ ျပဌာန္းခ်က္လည္း ပါဝင္လာသည္။

သာဓကအားျဖင့္ အိမ္ငွားခေပးရန္ ပ်က္ကြက္ျခင္းႏွင့္ ျပန္လည္အငွားခ်ထားမ်ဳိးျပဳလုပ္ျခင္း အစရွိသည့္အခ်က္မ်ား ျဖစ္သည္။

ယခုဥပေဒသည္ အိမ္ငွားခထိန္းခ်ဳပ္သည့္ ဥပေဒမရွိေသးေသာ ျမိဳ႕ျပမ်ားအျပင္ ဥပေဒရွိျပီးေဒသမ်ားသို႔လည္း သက္ေရာက္မႈရွိလာမည္ ျဖစ္သည္။

ဥပေဒကို ေထာက္ခံသည့္ အမတ္မ်ားက ေျပာၾကားရာတြင္ ျပည္နယ္တစ္ဝန္း၌ အိမ္ျခံေျမက႑ အက်ပ္အတည္းေပၚကာ အိမ္ရာမဲ့မ်ား မ်ားျပားလာေနခ်ိန္မ်ဳိးတြင္ ယခုဥပေဒသည္ အိမ္ငွားမ်ားအတြက္ ခ်က္ခ်င္းလက္ငင္း အေထာက္အကူေကာင္းတစ္ခု ျဖစ္လာမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

အိမ္ရွင္တို႔က အိမ္ငွားခမ်ား တိုးျမွင့္ေတာင္းခံလာေနေသာေၾကာင့္ အိမ္ငွားမ်ားသည္ ဝင္ေငြ၏ ၅၀ မွ ၇၀ ရာခိုင္ႏႈန္းအထိ အိမ္ငွားခအတြက္ သံုးစြဲၾကရလ်က္ရွိေၾကာင္း ဆန္တာမိုနီကာမွ ဒီမိုကရက္ပါတီအမတ္ ရစ္ခ်တ္ ဘလြန္းက ေျပာၾကားသည္။

ကယ္လီဖိုးနီးယားျပည္နယ္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားအသင္းကမူ အဆိုပါဥပေဒကို ကန္႔ကြက္လ်က္ရွိသည္။

ကယ္လီဖိုးနီးယားျပည္နယ္၊ ေတာရန္႔စ္ျမိဳ႕မွ ဒီမိုကရက္ပါတီအမတ္ အယ္လ္ မူရတ္ဆူခ်ီက ေျပာၾကားရာတြင္ မၾကာေသးမီ ရက္မ်ားအတြင္း အိမ္ျခံေျမ အက်ဳိးေဆာင္မ်ားစြာ ဖုန္းဆက္လာၾကျပီး အဆိုပါဥပေဒကို မဲခြဲရာတြင္ ကန္႔ကြက္မဲေပးရန္ ေတာင္းဆိုခဲ့ၾကသည္ဟု ဆိုသည္။

သို႔ရာတြင္ ေနာက္ဆံုး၌ မူရတ္ဆူခ်ီက ေထာက္ခံမဲ ေပးခဲ့သည္။

“ကၽြန္ေတာ့္မဲဆႏၵနယ္က လူကံုထံရပ္ကြက္အပိုင္းေတြမွာေတာင္ အိမ္ငွားခမတတ္ႏိုင္ေတာ့တဲ့သူေတြရဲ႕ အေၾကာင္းေတြ ကၽြန္ေတာ္ အမ်ားၾကီး ၾကားလာေနရတယ္။ ဒီကိစၥမွာ အိမ္ငွားေတြဘက္ကေန ကၽြန္ေတာ္တို႔ ရပ္တည္ေပးဖုိ႔ လိုပါတယ္”

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ငှားခ ထိန်းချုပ်သည့် ဥပဒေကြမ်းတစ်ရပ် တင်သွင်းထားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း လက်မှတ်ရေးထိုးအတည်ပြုသွားမည်ဟု ထုတ်ပြန်ထားကြောင်း လော့စ်အိန်ဂျလိ အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြည်နယ်လွှတ်တော် ဥပဒေအမှတ် ၁၄၈၂ ဟုခေါ်သော အဆိုပါဥပဒေတွင် အိမ်ရှင်များကို တစ်နှစ်တာ ကာလအတွင်း အိမ်ငှားခ ၅ ရာခိုင်နှုန်းထက် ပိုမို ဈေးတင်ခြင်းများကို တားမြစ်လိုက်ပြီဖြစ်ပြီး ဒေသတွင်း ငွေဖောင်းပွနှုန်းကိုမူ ထည့်သွင်းတွက်ချက်ခွင့် ပေးအပ်ထားသည်ဟု ဆိုသည်။ အဆိုပါဥပဒေကြမ်းကို ပြည်နယ်လွှတ်တော်တွင် ၄၆-၂၂ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ငွေကြေးဖောင်းပွမှုမှာ ဒေသအလိုက် အမျိုးမျိုးကွာခြားနိုင်ပြီး ပြည်နယ်တစ်ခုလုံး၏ ပျှမ်းမျှနှုန်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

ယခုအခါ ဥပဒေကြမ်းသည် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်ထံသို့ တင်သွင်းလိုက်ပြီဖြစ်ပြီး အုပ်ချုပ်ရေးမှူးကလည်း အတည်ပြု လက်မှတ်ရေးထိုးသွားမည်ဟု ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါ ဥပဒေကြမ်းကို ရေးဆွဲတင်သွင်းခဲ့သည့် ဆန်ဖရန်စစ္စကိုမှ ဒီမိုကရက်တစ်အမတ် ဒေးဗစ်ချီယူက ပြောကြားရာတွင် အိမ်ငှားခနှုန်းများ ထိန်းချုပ်ကန့်သတ်ခြင်းမှာ မျှတသည့်ဈေးနှုန်းမျိုးမဟုတ်သည့် အိမ်ခန်းဈေးများ တောင်းကြခြင်းများ အလွန်များပြားလာနေခြင်းကို ကာကွယ်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

ထို့အပြင် အိမ်ငှားများကို ဥပစာမှ နှင်လိုပါက ဥပဒေအရ ခိုင်လုံသည့်အကြောင်းပြချက်ရှိရမည်ဟူသော ပြဌာန်းချက်လည်း ပါဝင်လာသည်။

သာဓကအားဖြင့် အိမ်ငှားခပေးရန် ပျက်ကွက်ခြင်းနှင့် ပြန်လည်အငှားချထားမျိုးပြုလုပ်ခြင်း အစရှိသည့်အချက်များ ဖြစ်သည်။

ယခုဥပဒေသည် အိမ်ငှားခထိန်းချုပ်သည့် ဥပဒေမရှိသေးသော မြို့ပြများအပြင် ဥပဒေရှိပြီးဒေသများသို့လည်း သက်ရောက်မှုရှိလာမည် ဖြစ်သည်။

ဥပဒေကို ထောက်ခံသည့် အမတ်များက ပြောကြားရာတွင် ပြည်နယ်တစ်ဝန်း၌ အိမ်ခြံမြေကဏ္ဍ အကျပ်အတည်းပေါ်ကာ အိမ်ရာမဲ့များ များပြားလာနေချိန်မျိုးတွင် ယခုဥပဒေသည် အိမ်ငှားများအတွက် ချက်ချင်းလက်ငင်း အထောက်အကူကောင်းတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

အိမ်ရှင်တို့က အိမ်ငှားခများ တိုးမြှင့်တောင်းခံလာနေသောကြောင့် အိမ်ငှားများသည် ဝင်ငွေ၏ ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ အိမ်ငှားခအတွက် သုံးစွဲကြရလျက်ရှိကြောင်း ဆန်တာမိုနီကာမှ ဒီမိုကရက်ပါတီအမတ် ရစ်ချတ် ဘလွန်းက ပြောကြားသည်။

ကယ်လီဖိုးနီးယားပြည်နယ် အိမ်ခြံမြေအကျိုးဆောင်များအသင်းကမူ အဆိုပါဥပဒေကို ကန့်ကွက်လျက်ရှိသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့မှ ဒီမိုကရက်ပါတီအမတ် အယ်လ် မူရတ်ဆူချီက ပြောကြားရာတွင် မကြာသေးမီ ရက်များအတွင်း အိမ်ခြံမြေ အကျိုးဆောင်များစွာ ဖုန်းဆက်လာကြပြီး အဆိုပါဥပဒေကို မဲခွဲရာတွင် ကန့်ကွက်မဲပေးရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

သို့ရာတွင် နောက်ဆုံး၌ မူရတ်ဆူချီက ထောက်ခံမဲ ပေးခဲ့သည်။

“ကျွန်တော့်မဲဆန္ဒနယ်က လူကုံထံရပ်ကွက်အပိုင်းတွေမှာတောင် အိမ်ငှားခမတတ်နိုင်တော့တဲ့သူတွေရဲ့ အကြောင်းတွေ ကျွန်တော် အများကြီး ကြားလာနေရတယ်။ ဒီကိစ္စမှာ အိမ်ငှားတွေဘက်ကနေ ကျွန်တော်တို့ ရပ်တည်ပေးဖို့ လိုပါတယ်”

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service