ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ေဟာင္ေကာင္တြင္ အိမ္ျခံေျမေစ်းကြက္ ထိုးက်ေနျပီး ေဆာက္လုပ္ျပီးစီးေသာ လူေနခန္းသစ္မ်ားကို လြန္ခဲ့ေသာ ၂ ႏွစ္က ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ရလ်က္ရွိေၾကာင္း ေဟာင္ေကာင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
ေဟာင္ေကာင္၏ အၾကီးမားဆံုး အိမ္ျခံေျမ DEVELOPER ျဖစ္ေသာ Sun Hung Kai Properties သည္ ေဟာင္ေကာင္မွ နန္ခ်န္းအရပ္ရွိ Cullinan West III စီမံကိန္းမွ လူေနခန္းသစ္မ်ားကို ၁ စတုရန္းေပလွ်င္ ေဟာင္ေကာင္ေဒၚလာ ၂၁၇၂၂ (ကန္ေဒၚလာ ၂၇၇၀) ျဖင့္ ေစ်းႏႈန္းသတ္မွတ္ ေရာင္းခ်လ်က္ရွိရာ အဆိုပါေစ်းႏႈန္းမွာ လြန္ခဲ့ေသာ ၂ ႏွစ္က ေစ်းႏႈန္းမ်ားျဖစ္သည္ဟု ဆိုသည္။
Sun Hung Kai Properties က ေစ်းကြက္တင္လာေသာ လူေနခန္းသစ္မ်ားမွာ ဆႏၵျပပြဲမ်ား ျဖစ္ပြားေနသည့္ Sham Shui Po အရပ္အနီးတြင္တည္ရွိျပီး သတ္မွတ္ထားသည့္ေစ်းႏႈန္းမ်ားမွာ အနီးရွိ အေရာင္းအဝယ္ျဖစ္ခဲ့ေသာ လူေနခန္းမ်ားေစ်းႏႈန္းေအာက္ ၂၅ ရာခိုင္ႏႈန္းအထိ နည္းပါးသည္ဟု ဆိုသည္။ေစ်းႏႈန္းမ်ား နည္းပါးေနျခင္းမွာ developer ၾကီးမ်ား သတိျပဳဖြယ္ရာျဖစ္လာသည္။
အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲမ်ားႏွင့္ အေမရိကန္-တရုတ္ကုန္သြယ္ေရးစစ္ပြဲမ်ားေၾကာင့္ ေဟာင္ေကာင္ေစ်းကြက္အေပၚ ေမွ်ာ္လင့္ယံုၾကည္စိတ္မွာလည္း အျပင္းအထန္ထိုးႏွက္ခံရလ်က္ရွိေနသည္။
“ေဒသတြင္း အိမ္ျခံေျမေစ်းကြက္ဟာ မၾကာေသးမီလေတြအတြင္းမွာ ေႏွးေကြးသြားခဲ့တာေၾကာင့္ ကၽြန္ေတာ္တို႔ဟာ Cullinan West III စီမံကိန္းက လူေနခန္းေစ်းႏႈန္းေတြကို ခ်ိန္ညွိမႈလုပ္ခဲ့ရပါတယ္။ လူမႈမျငိမ္သက္မႈေတြနဲ႔ အေမရိကန္-တရုတ္ကုန္သြယ္ေရးစစ္ပြဲေတြရဲ႕ ရိုက္ခတ္မႈေၾကာင့္ ဝယ္လက္ေတြၾကားမွာ ေစာင့္ၾကည့္အေနအထားျဖစ္လာေနတယ္”ဟု Sun Hung Kai Properties ၏ လက္ေထာက္ န္ေနးဂ်င္းဒါရိုက္တာ ဗစ္တာ လြီက ေျပာၾကားသည္။
Cullinan West III မွ ပထမအသုတ္ လူေနခန္းမ်ားကို ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း အေရာင္းေစ်းကြက္တင္ခဲ့ရာတြင္ ၁စတုရန္းေပ လွ်င္ ေဟာင္ေကာင္ေဒၚလာ ၂၁၁၅၂ ျဖင့္ ေရာင္းခ်ခဲ့ပံုႏွင့္ ႏႈိင္းယွဥ္ၾကည့္ႏိုင္ျပီး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ေနာက္ဆံုးေရာင္းခ်ခဲ့သည့္ ေစ်းႏႈန္းႏွင့္ ႏႈိင္းယွဥ္လွ်င္ပင္ ၉ ဒသမ ၁ ရာခိုင္ႏႈန္း နည္းပါးေနေသးသည္။
Centaline Property Agency မွ အာရွ-ပစိဖိတ္ဆိုင္ရာ ဒုတိယဥကၠဌ လူးဝစ္ခ်န္းက ေျပာၾကားရာတြင္ စီမံကိန္းသစ္မ်ားကို အနီးရွိ အျခားစီမံကိန္းမ်ား၏ ေစ်းႏႈန္းေအာက္ ၂၅ ရာခိုင္ႏႈန္းအထိ ေစ်းေလွ်ာ့က ေစ်းႏႈန္းသတ္မွတ္ေရာင္းခ်ေနရေၾကာင္း ေျပာၾကားသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက် ထိုးကျနေပြီး ဆောက်လုပ်ပြီးစီးသော လူနေခန်းသစ်များကို လွန်ခဲ့သော ၂ နှစ်က ဈေးနှုန်းများဖြင့် ရောင်းချရလျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ DEVELOPER ဖြစ်သော Sun Hung Kai Properties သည် ဟောင်ကောင်မှ နန်ချန်းအရပ်ရှိ Cullinan West III စီမံကိန်းမှ လူနေခန်းသစ်များကို ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၁၇၂၂ (ကန်ဒေါ်လာ ၂၇၇၀) ဖြင့် ဈေးနှုန်းသတ်မှတ် ရောင်းချလျက်ရှိရာ အဆိုပါဈေးနှုန်းမှာ လွန်ခဲ့သော ၂ နှစ်က ဈေးနှုန်းများဖြစ်သည်ဟု ဆိုသည်။
Sun Hung Kai Properties က ဈေးကွက်တင်လာသော လူနေခန်းသစ်များမှာ ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် Sham Shui Po အရပ်အနီးတွင်တည်ရှိပြီး သတ်မှတ်ထားသည့်ဈေးနှုန်းများမှာ အနီးရှိ အရောင်းအဝယ်ဖြစ်ခဲ့သော လူနေခန်းများဈေးနှုန်းအောက် ၂၅ ရာခိုင်နှုန်းအထိ နည်းပါးသည်ဟု ဆိုသည်။ ဈေးနှုန်းများ နည်းပါးနေခြင်းမှာ developer ကြီးများ သတိပြုဖွယ်ရာဖြစ်လာသည်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲများကြောင့် ဟောင်ကောင်ဈေးကွက်အပေါ် မျှော်လင့်ယုံကြည်စိတ်မှာလည်း အပြင်းအထန်ထိုးနှက်ခံရလျက်ရှိနေသည်။
“ဒေသတွင်း အိမ်ခြံမြေဈေးကွက်ဟာ မကြာသေးမီလတွေအတွင်းမှာ နှေးကွေးသွားခဲ့တာကြောင့် ကျွန်တော်တို့ဟာ Cullinan West III စီမံကိန်းက လူနေခန်းဈေးနှုန်းတွေကို ချိန်ညှိမှုလုပ်ခဲ့ရပါတယ်။ လူမှုမငြိမ်သက်မှုတွေနဲ့ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲတွေရဲ့ ရိုက်ခတ်မှုကြောင့် ဝယ်လက်တွေကြားမှာ စောင့်ကြည့်အနေအထားဖြစ်လာနေတယ်”ဟု Sun Hung Kai Properties ၏ လက်ထောက် န်နေးဂျင်းဒါရိုက်တာ ဗစ်တာ လွီက ပြောကြားသည်။
Cullinan West III မှ ပထမအသုတ် လူနေခန်းများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း အရောင်းဈေးကွက်တင်ခဲ့ရာတွင် ၁စတုရန်းပေ လျှင် ဟောင်ကောင်ဒေါ်လာ ၂၁၁၅၂ ဖြင့် ရောင်းချခဲ့ပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ နောက်ဆုံးရောင်းချခဲ့သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင်ပင် ၉ ဒသမ ၁ ရာခိုင်နှုန်း နည်းပါးနေသေးသည်။
Centaline Property Agency မှ အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌ လူးဝစ်ချန်းက ပြောကြားရာတွင် စီမံကိန်းသစ်များကို အနီးရှိ အခြားစီမံကိန်းများ၏ ဈေးနှုန်းအောက် ၂၅ ရာခိုင်နှုန်းအထိ ဈေးလျှော့က ဈေးနှုန်းသတ်မှတ်ရောင်းချနေရကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)