ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမ ငွားရမ္းမႈမ်ား ျပဳလုပ္ေပးသည့္ ဝက္ဘ္ဆိုက္ Cjia.com သို႔ ကမၻာေက်ာ္သူေဌးၾကီး ဂ်က္မားတည္ေထာင္ထားေသာ Yunfeng Capital ကုမၸဏီအပါအဝင္ ရင္းႏွီးျမွဳပ္ႏွံသူမ်ားက ကန္ေဒၚလာ သန္း ၃၀၀ ရင္းႏွီးျမွွဳပ္ႏွံမႈ ျပဳလုပ္လာေၾကာင္း တရုတ္အေျခစိုက္ စီးပြားေရးႏွင့္ နည္းပညာသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
Cjia.com သည္ တရုတ္ျပည္ရွိ ပင္မျမိဳ႕ၾကီးမ်ားမွ အခန္းေပါင္း ၂၀၀၀၀ ေက်ာ္ကို ေစ်းကြက္တင္ ငွားရမ္းေပးေနေသာ ဝက္ဘ္ဆိုက္ျဖစ္သည္။
ယခုရင္းႏွီးျမွဳပ္ႏွံမႈတြင္ ေဟာင္ေကာင္ႏွင့္ ေပက်င္း အေျခစိုက္ Boyu Capital အတိုင္ပင္ခံကုမၸဏီ၊ Alibaba တည္ေထာင္သူ ကမၻာေက်ာ္သူေဌးၾကီး ဂ်က္မားတည္ေထာင္ထားေသာ Yunfeng Capital ကုမၸဏီ၊ တရုတ္ေဆာက္လုပ္ေရးဘဏ္၏ ရင္းႏွီးျမွဳပ္ႏွံေရးဆိုင္ရာ ဘဏ္ခြဲျဖစ္ေသာ CCB International တိုီ႔ ပါဝင္သည္။
Cjia.com ကို Hanting Inns and Hotels အုပ္စုႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီ IDG Capital တို႔ကို ပိုင္ဆိုင္ေသာ Huazhu Group က ၂၀၁၅ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျခင္းျဖစ္သည္။
Cjia.com အခန္းငွားဝက္ဘ္ဆိုက္တြင္ ေပက်င္း၊ ရွန္ဟိုင္း၊ ရွန္က်န္းႏွင့္ ကြမ္က်ဳိးျမိဳ႕ၾကီးမ်ားရွိ အခန္းေပါင္း ၂၀၀၀၀ ေက်ာ္ ေစ်းကြက္တင္ ေၾကာ္ျငာေပးထားသည္။
အခန္းေစ်းႏႈန္းမ်ားမွာ ယြမ္ေငြ ၂၅၀၀ (ကန္ေဒၚလာ ၃၅၀) မွ ယြမ္ေငြ ၂၀၀၀၀ (ကန္ေဒၚလာ ၂၈၀၃) အၾကားရွိျပီး လူငယ္ပညာတတ္မ်ားမွသည္ စီးပြားေရးလုပ္ငန္းရွင္မ်ားအထိ ပစ္မွတ္ထားသည္။
Cjia.com က ေျပာၾကားရာတြင္ ၂၀၁၆ ခုႏွစ္မွ စတင္ျပီး လူေပါင္း ၁၅၀၀၀၀ ကို ဝန္ေဆာင္မႈေပးခဲ့ေၾကာင္း ေျပာၾကားသည္။
တရုတ္ျပည္၏ အိမ္ခန္းငွားေစ်းကြက္သည္ ရင္းႏွီးျမွဳပ္ႏွံသူမ်ားအတြက္ ၾကီးမားသည့္အေလာင္းအစားတစ္ခု ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ ငှားရမ်းမှုများ ပြုလုပ်ပေးသည့် ဝက်ဘ်ဆိုက် Cjia.com သို့ ကမ္ဘာကျော်သူဌေးကြီး ဂျက်မားတည်ထောင်ထားသော Yunfeng Capital ကုမ္ပဏီအပါအဝင် ရင်းနှီးမြှုပ်နှံသူများက ကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာကြောင်း တရုတ်အခြေစိုက် စီးပွားရေးနှင့် နည်းပညာသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Cjia.com သည် တရုတ်ပြည်ရှိ ပင်မမြို့ကြီးများမှ အခန်းပေါင်း ၂၀၀၀၀ ကျော်ကို ဈေးကွက်တင် ငှားရမ်းပေးနေသော ဝက်ဘ်ဆိုက်ဖြစ်သည်။
ယခုရင်းနှီးမြှုပ်နှံမှုတွင် ဟောင်ကောင်နှင့် ပေကျင်း အခြေစိုက် Boyu Capital အတိုင်ပင်ခံကုမ္ပဏီ၊ Alibaba တည်ထောင်သူ ကမ္ဘာကျော်သူဌေးကြီး ဂျက်မားတည်ထောင်ထားသော Yunfeng Capital ကုမ္ပဏီ၊ တရုတ်ဆောက်လုပ်ရေးဘဏ်၏ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ဘဏ်ခွဲဖြစ်သော CCB International တီု့ ပါဝင်သည်။
Cjia.com ကို Hanting Inns and Hotels အုပ်စုနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ IDG Capital တို့ကို ပိုင်ဆိုင်သော Huazhu Group က ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
Cjia.com အခန်းငှားဝက်ဘ်ဆိုက်တွင် ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်းနှင့် ကွမ်ကျိုးမြို့ကြီးများရှိ အခန်းပေါင်း ၂၀၀၀၀ ကျော် ဈေးကွက်တင် ကြော်ငြာပေးထားသည်။
အခန်းဈေးနှုန်းများမှာ ယွမ်ငွေ ၂၅၀၀ (ကန်ဒေါ်လာ ၃၅၀) မှ ယွမ်ငွေ ၂၀၀၀၀ (ကန်ဒေါ်လာ ၂၈၀၃) အကြားရှိပြီး လူငယ်ပညာတတ်များမှသည် စီးပွားရေးလုပ်ငန်းရှင်များအထိ ပစ်မှတ်ထားသည်။
Cjia.com က ပြောကြားရာတွင် ၂၀၁၆ ခုနှစ်မှ စတင်ပြီး လူပေါင်း ၁၅၀၀၀၀ ကို ဝန်ဆောင်မှုပေးခဲ့ကြောင်း ပြောကြားသည်။
တရုတ်ပြည်၏ အိမ်ခန်းငှားဈေးကွက်သည် ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသည့်အလောင်းအစားတစ်ခု ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)