ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
Yoma Land နှင့် iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) တို့ ပူးပေါင်း၍ City Loft အိမ်ရာစီမံကိန်းအတွင်းရှိ New Tower Launch အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့ (စနေ ၊ တနင်္ဂနွေ) နေ့များတွင် စီမံကိန်းတည်ရှိရာ Star City Sales Gallery ( သံလျင်တံတားအဆင်း ) တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ပြပွဲ( ၂ ) ရက်အတွင်း ဝယ်ယူသူများအား New Tower ဖြစ်သည့် B4 ရှိအခန်းများကို စိတ်ကြိုက်ရွေးချယ်ပြီး လွယ်ကူသည့်ငွေပေးချေမှုပုံစံများဖြင့် ရောင်းချပေးခဲ့သည်။
City Loft အိမ်ရာစီမံကိန်းသည် သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းတွင် ကမ္ဘာ့အဆင့်မီတည်ဆောက်လျှက်ရှိသည်။ အိမ်ရာစီမံကိန်းတွင် Tower ( ၁၁ ) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း ( ၁၃၅၁ ) ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အမျိုးအစားစုံလင်စွာ အခန်းအကျယ်အဝန်း 312 sqft မှ 958 sqft အထိ ရွေးချယ်နိုင်မည်ဖြစ်သည်။ အခန်းအမျိုးအစားပေါ်မူတည်၍ လစဉ်အနည်းဆုံး (၅)သိန်းဝန်းကျင် ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ Yoma Land ကလည်း မြန်မာနိုင်ငံသားများ အိမ်ရာပိုင်ဆိုင်မှု မြင့်တက်စေဖို့ ဖော်ဆောင်တဲ့ ဒီစီမံကိန်းအတွက် iMyanmarHouse.com နဲ့ ပူးပေါင်းတာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ငွေချေမှုပုံစံနဲ့ ရောင်းချနေတာဖြစ်လို့ ဝယ်သူတွေအတွက်လည်း အဆင်ပြေမယ်လို့ ယုံကြည်ပါတယ် " ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)