ADB ထံမွ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးေရးစီမံကိန္းအတြက္ ေခ်းေငြ ေဒၚလာ ၁၈၅ သန္းေခ်းယူ

ADB ထံမွ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးေရးစီမံကိန္းအတြက္ ေခ်းေငြ ေဒၚလာ ၁၈၅ သန္းေခ်းယူ - Property News in Myanmar from iMyanmarHouse.com
10 Sep 2019 1:04 pm တွင် တင်ခဲ့သည်
777 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) ထံမွ အေမရိကန္ေဒၚလာ ၁၈၅ သန္းေခ်းယူကာ အဆိုပါေခ်းေငြျဖင့္ ျပည္နယ္/ တိုင္းေဒသႀကီး ေလးခုရွိ ေက်းလက္ေနျပည္သူ ၁ဒသမ ၈ သန္းေက်ာ္အတြက္ ဖြံ႔ၿဖိဳးေရးစီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရန္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပခဲ့ေၾကာင္းသိရသည္။

အဆိုပါစီမံကိန္းမ်ားအေကာင္အထည္ေဖာ္ရန္ကိစၥအတြက္ စက္တင္ဘာ ၉ ရက္ကျပဳလုပ္ေသာ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးလွေက်ာ္ႏွင့္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔က လႊတ္ေတာ္သို႔ ရွင္းလင္းတင္ျပခဲ့ၾကသည္။

တုန္႔ျပန္နိုင္စြမ္းအားေကာင္းေသာ လူထုဖြံ႔ၿဖိဳးေရးစီမံကိန္းကို အေကာင္အထည္ ေဖာ္ရန္ျဖစ္ေၾကာင္း၊ အဓိကရည္ရြယ္ခ်က္သည္ ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြကို လူထုကိုယ္တိုင္ပါဝင္ေဆာင္ရြက္ျခင္းျဖင့္ ေက်းလက္ေနမိသားစုမ်ား ဝင္ေငြတိုးပြားလာေစၿပီး လူေနမႈအဆင့္အတန္းျမင့္မားလာမႈႏွင့္အတူ သဘာဝေဘးအႏၲရာယ္မ်ားကိုပါ ရင္ဆိုင္တုန္႔ျပန္နိုင္စြမ္းရွိလာေစဖို႔ ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးလွေက်ာ္က ေျပာၾကားသည္။

အထက္ပါစီမံကိန္းကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနေအာက္ရွိ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနက တာဝန္ယူ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ၿပီး ခ်င္းျပည္နယ္တြင္ ဟားခါး၊ ဖလမ္း၊တီးတိန္ႏွင့္ထန္တလန္ၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးတို႔တြင္ ကေလးဝ၊ေမာ္လိုက္၊မင္းကင္း ႏွင့္ေဖာင္းျပင္ၿမိဳ့နယ္၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသတြင္ ေလရွီး၊လဟယ္၊နန္းယြန္းၿမိဳ႕နယ္၊ တနသၤာရီတိုင္းေဒသႀကီးတြင္ သရက္ေခ်ာင္း၊ေရျဖဴ၊ေလာင္းလုံၿမိဳ့နယ္၊ဧရာဝတီတိုင္းေဒသႀကီးတြင္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ ဘိုကေလး၊ဖ်ာပုံ၊လပြတၱာၿမိဳ႕နယ္ စုစုေပါင္း (၁၇) ၿမိဳ႕နယ္ရွိ ေက်းရြာေပါင္း သုံးေထာင္နီးပါး၌ ကာလအပိုင္းအျခားအလိုက္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း ေျပာထားသည္။

စီမံကိန္း အေကာင္အထည္ေဖာ္ရန္အတြက္ အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) ႏွင့္ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုး တတ္ေရးဦးစီးဌာနမွ ပညာရွင္မ်ားက ပဏာမစူးစမ္းေလ့လာမႈကို ၂၀၁၈ ခုႏွစ္က တစ္ႏွစ္ၾကာလုပ္ခဲ့ၿပီး စီမံကိန္း ဒီဇိုင္းေရးဆြဲကာ ဒီဇိုင္းအရ စီမံကိန္းကုန္က်စရိတ္ ကန္ေဒၚလာ ၂၄၄ ဒသမ ၉၅ သန္းျဖစ္ၿပီး ၂၀၂၀ မွ ၂၀၂၆ အထိ စီမံကိန္းေဆာင္ရြက္ရန္ ရည္မွန္းေၾကာင္းေျပာထားသည္။

စီမံကိန္းကို အာရွဖြံ့ၿဖိဳးေရးဘဏ္၏အတိုးႏႈန္းသက္သာေသာ ေခ်းေငြ ကန္၁၈၅သန္းႏွင့္ ေထာက္ပံ့ေငြ ကန္ေဒၚလာ ၁၀ သန္းအျပင္ ဥေရာပသမဂၢေထာက္ပံ့ေငြ ကန္ေဒၚလာ ၂၇ ဒသမ ၅၈ သန္း၊ ဂ်ပန္အစိုးရေထာက္ပံ့ေငြ ကန္ေဒၚလာ သုံးသန္း၊ ျမန္မာအစိုးရ၏ထည့္ဝင္ေငြ (In Kind) ကန္ေဒၚလာ ၁၉ ဒသမ ၃၇ သန္း စုစုေပါင္း ေခ်းေငြ ကန္ေဒၚလာ ၁၈၅ သန္း၊ေထာက္ပံ့ေငြ ၄၀ ဒသမ ၅၈ သန္းႏွင့္ In Kind ထည့္ဝင္မႈကန္ေဒၚလာ ၁၉ ဒသမ ၃၇ သန္းျဖင့္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္းသိရသည္။

ေခ်းေငြသက္တမ္း ၃၂ႏွစ္ျဖစ္ၿပီး ဆိုင္းငံ့ကာလ ရွစ္ႏွစ္ႏွင့္ ျပန္ဆပ္ကာလ ၂၄ႏွစ္ျဖစ္သည္။ ဆိုင္းငံ့ကာလအတြင္း ေခ်းေငြအတြက္အတိုးႏႈန္းသည္ ၁ ရာခိုင္ႏႈန္းျဖစ္ေသာေၾကာင့္ တစ္ႏွစ္လၽွင္ ကန္ေဒၚလာ ၁ ဒသမ ၈၅ သန္း ျပန္လည္ေပးဆပ္ရမည္ျဖစ္ၿပီး ျပန္ဆပ္ကာလေရာက္လၽွင္မူ အတိုးအရင္းေပါင္း ၁၀ ဒသမ ၁၄၅ သန္းခန္႔ ကို ႏွစ္စဥ္ျပန္လည္ေပးဆပ္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၈၅သန်းချေးယူကာ အဆိုပါချေးငွေဖြင့် ပြည်နယ်/ တိုင်းဒေသကြီး လေးခုရှိ ကျေးလက်နေပြည်သူ ၁ဒသမ ၈ သန်းကျော်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်းသိရသည်။ အဆိုပါစီမံကိန်းများအကောင်အထည်ဖော်ရန်ကိစ္စအတွက် စက်တင်ဘာ ၉ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးလှကျော်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြသည်။

တုန့်ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည် ဖော်ရန်ဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာမှုနှင့်အတူ သဘာဝဘေးအန္တရာယ် များကိုပါ ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိလာစေဖို့ ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ပြောကြားသည်။

အထက်ပါစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊တီးတိန်နှင့်ထန်တလန်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ကလေးဝ၊မော်လိုက်၊မင်းကင်း နှင့်ဖောင်း ပြင်မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် လေရှီး၊လဟယ်၊နန်းယွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် သရက်ချောင်း၊ရေဖြူ၊လောင်းလုံမြို့နယ်၊ဧရာဝတီတိုင်းဒေသကြီးတွင်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဘိုကလေး၊ဖျာပုံ၊လပွတ္တာမြို့နယ် စုစုပေါင်း (၁၇) မြို့နယ်ရှိ ကျေးရွာပေါင်း သုံးထောင်နီးပါး၌ ကာလအပိုင်းအခြားအလိုက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောထားသည်။

စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တတ်ရေးဦးစီးဌာနမှ ပညာရှင်များက ပဏာမစူးစမ်းလေ့လာမှုကို ၂၀၁၈ ခုနှစ်က တစ်နှစ်ကြာလုပ်ခဲ့ပြီး စီမံကိန်း ဒီဇိုင်းရေးဆွဲကာ ဒီဇိုင်းအရ စီမံကိန်းကုန်ကျစရိတ် ကန်ဒေါ်လာ ၂၄၄ ဒသမ ၉၅ သန်းဖြစ်ပြီး ၂၀၂၀ မှ ၂၀၂၆ အထိ စီမံကိန်းဆောင်ရွက်ရန် ရည်မှန်းကြောင်းပြောထားသည်။

စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်၏အတိုးနှုန်းသက်သာသော ချေးငွေ ကန်၁၈၅သန်းနှင့် ထောက်ပံ့ငွေ ကန်ဒေါ်လာ ၁၀ သန်းအပြင် ဥရောပသမဂ္ဂထောက်ပံ့ငွေ ကန်ဒေါ်လာ ၂၇ ဒသမ ၅၈ သန်း၊ ဂျပန်အစိုးရထောက်ပံ့ငွေ ကန်ဒေါ်လာ သုံးသန်း၊ မြန်မာအစိုးရ၏ထည့်ဝင်ငွေ (In Kind) ကန်ဒေါ်လာ ၁၉ ဒသမ ၃၇ သန်း စုစုပေါင်း ချေးငွေ ကန်ဒေါ်လာ ၁၈၅ သန်း၊ထောက်ပံ့ငွေ ၄၀ ဒသမ ၅၈ သန်းနှင့် In Kind ထည့်ဝင်မှုကန်ဒေါ်လာ ၁၉ ဒသမ ၃၇ သန်းဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

ချေးငွေသက်တမ်း ၃၂နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလ ရှစ်နှစ်နှင့် ပြန်ဆပ်ကာလ ၂၄နှစ်ဖြစ်သည်။ ဆိုင်းငံ့ကာလအတွင်း ချေးငွေအတွက်အတိုးနှုန်းသည် ၁ ရာခိုင်နှုန်းဖြစ်သောကြောင့် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ပြန်ဆပ်ကာလရောက်လျှင်မူ အတိုးအရင်းပေါင်း ၁၀ ဒသမ ၁၄၅ သန်းခန့် ကို နှစ်စဉ်ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကြောင်း သိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service