ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
၃၂ ခုေျမာက္ အျပာေရာင္ ကမၸည္းျပားတပ္ဆင္ျခင္းကို ရန္ကုန္တကၠသိုလ္ရွိ သစ္ပုတ္ပင္၌ စက္တင္ဘာ ၇ ရက္က တပ္ဆင္ခဲ့ေၾကာင္းသိရသည္။
ရန္ကုန္တကၠသိုလ္ႀကီးမွာ ၂၀၂၀ ျပည့္ႏွစ္တြင္ ႏွစ္ ၁၀၀ ျပည့္မည္ျဖစ္ၿပီး ရန္ကုန္တကၠသိုလ္ႀကီး၏ သိပၸံေဆာင္အနီးရွိ သစ္ပုတ္ပင္ႀကီးအား ရန္ကုန္ၿမိဳ႕၏သဘာဝအေမြအႏွစ္အျဖစ္ ေရရွည္တည္တံ့ထိန္းသိမ္းႏိုင္ရန္ အျပာေရာင္ကမၸည္းျပားတပ္ဆင္ခဲ့ေၾကာင္းသိရသည္။
၁၉၂၀ ျပည့္ႏွစ္မွ စတင္ဖြင့္လွစ္ခဲ့ေသာ ရန္ကုန္တကၠသိုလ္သည္ ၂၀၂၀ ျပည္ႏွစ္တြင္ ႏွစ္ ၁၀၀ ျပည့္မည္ျဖစ္ရာ တကၠသိုလ္တည္ေဆာက္မႈ မရွိစဥ္ကပင္ သစ္ပုတ္ပင္ရွိေနခဲ့ၿပီးျဖစ္ျခင္းေၾကာင့္ တကၠသိုလ္ထက္ပင္ သက္တမ္းႀကီးေၾကာင္းသိရသည္။ ၂၀၀၈ ခုႏွစ္ကျဖစ္ပြားခဲ့ေသာ နာဂစ္မုန္တိုင္းေၾကာင့္ပ်က္ ရန္ကုန္ၿမိဳ႕ရွိသစ္ပင္ႀကီး ေတာ္ေတာ္မ်ားမ်ားပ်က္စီးမႈ ျဖစ္ခဲ့ေသာ္လည္း ရန္ကုန္တကၠသိုလ္အတြင္းရွိ သစ္ပုတ္ပင္ႀကီးမွာထိခိုက္မႈမရွိဘဲ ၾကံ့ၾကံ့ခံ က်န္ခဲ့ေၾကာင္းသိရသည္။
ယခုသစ္ပုတ္ပင္မွာ သက္တမ္းရင့္ရြက္ေၾကြအဖိုပင္ျဖစ္ၿပီး ရုကၡေဗဒအမည္မွာ Tetramelesnudiflora. R.Br (Datiscaceae) ျဖစ္ၿပီး ၿဗိတိသွ်လက္ထက္က တကၠသိုလ္တည္ေဆာက္ရန္အတြက္ ေျမ ၄၅၀ ဧကဝယ္ယူစဥ္ကပင္ သစ္ပုတ္ပင္ပါရွိခဲ့ၿပီး ယင္းကိုဗဟိုျပဳ၍ သိပၸံေဆာင္မ်ားကို ယူပုံသဏၭာန္တည္ေဆာက္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တြင္ၿမိဳ႕ျပအေမြအႏွစ္ အျပာေရာင္ကမၸည္းျပားတပ္ဆင္မႈကို ၂၀၁၄ ခုႏွစ္တြင္ ၿမိဳ့ေတာ္ခန္းမမွ စတင္ခဲ့ၿပီး ၃၃ ခုေျမာက္အေနျဖင့္ စတီးဘရားသားဟိုတယ္အား တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
၃၂ ခုမြောက် အပြာရောင် ကမ္ပည်းပြားတပ်ဆင်ခြင်းကို ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုတ်ပင်၌ စက်တင်ဘာ ၇ ရက်က တပ်ဆင်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တက္ကသိုလ်ကြီးမှာ ၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကြီး၏ သိပ္ပံ ဆောင်အနီးရှိ သစ်ပုတ်ပင်ကြီးအား ရန်ကုန်မြို့၏သဘာဝအမွေအနှစ်အဖြစ် ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန် အပြာရောင်ကမ္ပည်းပြားတပ်ဆင်ခဲ့ကြောင်းသိရသည်။
၁၉၂၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ပြည်နှစ်တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်ရာ တက္ကသိုလ်တည်ဆောက်မှု မရှိစဉ်ကပင် သစ်ပုတ်ပင်ရှိနေခဲ့ပြီးဖြစ်ခြင်းကြောင့် တက္ကသိုလ်ထက်ပင် သက်တမ်းကြီးကြောင်းသိရသည်။ ၂၀၀၈ ခုနှစ်ကဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့်ပျက် ရန်ကုန်မြို့ရှိသစ်ပင်ကြီး တော်တော်များများပျက်စီးမှု ဖြစ်ခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်အတွင်းရှိ သစ်ပုတ်ပင်ကြီးမှာထိခိုက်မှုမရှိဘဲ ကြံ့ကြံ့ခံ ကျန်ခဲ့ကြောင်းသိရသည်။
ယခုသစ်ပုတ်ပင်မှာ သက်တမ်းရင့်ရွက်ကြွေအဖိုပင်ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Tetramelesnudiflora. R.Br (Datiscaceae) ဖြစ်ပြီး ဗြိတိသျှလက်ထက်က တက္ကသိုလ်တည်ဆောက်ရန်အတွက် မြေ ၄၅၀ ဧကဝယ်ယူစဉ်ကပင် သစ်ပုတ်ပင်ပါရှိခဲ့ပြီး ယင်းကိုဗဟိုပြု၍ သိပ္ပံဆောင်များကို ယူပုံသဏ္ဌာန်တည်ဆောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တွင်မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်မှုကို ၂၀၁၄ ခုနှစ်တွင် မြို့တော်ခန်းမမှ စတင်ခဲ့ပြီး ၃၃ ခုမြောက်အနေဖြင့် စတီးဘရားသားဟိုတယ်အား တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com