ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
သီလဝါအထူးစီးပြားေရးဇုန္ရွိ ကုန္တန္ခ်ိန္ ၆၀၀၀၀ အထိတင္ေဆာင္ႏိုင္ေသာ သေဘၤာမ်ားဆိုက္ကပ္ႏိုင္သည့္ အျပည္ျပည္ဆိုင္ရာ ဆိပ္ခံတံတား International Bulk Terminal Thilawa (BITT) ဖြင့္ပြဲကို စက္တင္ ဘာ ၇ ရက္က ကမၻာေအးဘုရားလမ္းရွိ Mellia ဟိုတယ္၌ က်င္းပခဲ့သည္။
ထိုအသစ္ဖြင့္လွစ္လိုက္သည့္( BITT) ဆိပ္ကမ္းသည္ အကြက္အမွတ္ ၃၀/၃၁(က)တြင္ အလ်ား ၂၃၀ မီ တာ၊အနံ ၂၅ မီတာႏွင့္ေရအနက္ ၁၁ မီတာနက္ၿပီး အရွည္ ၂၀၀ မီတာႏွင့္ကုန္တန္ခ်ိန္ ေျခာက္ေသာင္းအထိ တင္ေဆာင္ႏိုင္သည့္ သေဘၤာမ်ားဆိုက္ကပ္ႏိုင္သည့္ ဆိပ္ခံတံတားတစ္ခုျဖစ္ေၾကာင္း သိရသည္။
ဖြင့္ပြဲတြင္ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳး၊ဂ်ပန္သံအမတ္ႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ဝန္ႀကီးမ်ား၊ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွတာဝန္ရွိသူမ်ား၊ IBTT မွ မန္ေနဂ်င္းဒါရိုက္တာႏွင့္တာဝန္ရွိသူမ်ားတတ္ေရာက္ခဲ့ၾကသည္။
ယင္း၌ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးက ပင္လယ္ ေရေၾကာင္း ကုန္စည္မ်ားကိုႏိုင္နင္းထိေရာက္စြာကိုင္တြယ္ႏိုင္ေရးအတြက္ IBTT ဆိပ္ခံတံတားႀကီးက မ်ားစြာအေထာက္အကူျဖစ္မွာျဖစ္ေၾကာင္း ေျပာထားသည္။
ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီက သတ္မွတ္ထားသည့္ ႏွစ္ႏွစ္အတြင္း ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမ ရိကန္ေဒၚလာ ၃၈ ဒသမ ၈၆သန္း အပါအဝင္ ကန္ေဒၚလာ ၆၅ ဒသမ ၄၄ သန္းႏွင့္တန္ဖိုးတူညီေသာ ဆိပ္ခံတံ တားႏွင့္ေနာက္ခံေျမေပၚတြင္ စုစုေပါင္း မက္ထရစ္တန္ ၆၆၀၀ ဆံ႔ ဂ်ဳံႏွင့္ ေကာက္ပဲသီးႏွံသိုေလွာင္ကန္ ၁၃ လုံး စုစုေပါင္းၾကမ္းခင္းဧရိယာ ၅၄၀၀ စတုရန္းမီတာရွိ သိုေလွာင္ရုံတစ္လုံးတို႔ကို တည္ေဆာက္ႏိုင္ခဲ့ၿပီး ဆိပ္ကမ္းဝန္ ေဆာင္မႈလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္းသိရသည္။
IBTT အေနျဖင့္ ဆိပ္ကမ္းလုပ္ငန္းမ်ားကို လြန္ခဲ့ေသာ ေမလက စတင္ခဲ့ၿပီး ဂ်ဳံေစ့ မက္ထရစ္တန္ ၇၀၀၀၀ ခန္႔ကို ငါးရက္အတြင္း ၿပီးစီးေအာင္ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္းသိရသည္။အမ်ိဳးအစားစုံလင္ေသာ ကုန္တင္သေဘၤာမ်ားကို ကၽြမ္းက်င္ေသာဝန္ေဆာင္မႈေပးႏိုင္ရန္ျပင္ဆင္ထားေၾကာင္းသိရသည္။
၂၀၁၇ ခုႏွစ္ ေအာက္တိုဘာ ၁၈ ရက္တြင္ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီက ခြင့္ျပဳမိန္႔ထုတ္ေပးခဲ့သည့္ IBTT သည္ ဖက္စပ္စနစ္ျဖင့္ တည္ေထာင္ထားျခင္းျဖစ္ၿပီး Capital Diamond Star Group (CDSG) လုပ္ငန္းစုႀကီးႏွင့္ Mitsubishi Corporation တို႔ အက်ိဳးတူပူးေပါင္းတည္ေထာင္ထားေသာ Liuvia Limited, Kamigumi Co.,တို႔အက်ိဳးတူ ပူးေပါင္းထားျခင္းျဖစ္ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
သီလဝါအထူးစီးပွားရေးဇုန်ရှိ ကုန်တန်ချိန် ၆၀၀၀၀ အထိတင်ဆောင်နိုင်သော သင်္ဘောများဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား International Bulk Terminal Thilawa (BITT) ဖွင့်ပွဲကို စက်တင် ဘာ ၇ ရက်က ကမ္ဘာအေးဘုရားလမ်းရှိ Mellia ဟိုတယ်၌ ကျင်းပခဲ့သည်။
ထိုအသစ်ဖွင့်လှစ်လိုက်သည့်( BITT)ဆိပ်ကမ်းသည် အကွက်အမှတ် ၃၀/၃၁(က)တွင် အလျား ၂၃၀ မီ တာ၊အနံ ၂၅ မီတာနှင့်ရေအနက် ၁၁ မီတာနက်ပြီး အရှည် ၂၀၀ မီတာနှင့်ကုန်တန်ချိန် ခြောက်သောင်းအထိ တင်ဆောင်နိုင်သည့် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်ခုဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲတွင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ဂျပန်သံအမတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ IBTT မှ မန်နေဂျင်းဒါရိုက်တာနှင့်တာဝန်ရှိသူများတတ်ရောက်ခဲ့ကြသည်။
ယင်း၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပင်လယ် ရေကြောင်း ကုန်စည်များကိုနိုင်နင်းထိရောက်စွာကိုင်တွယ်နိုင်ရေးအတွက် IBTT ဆိပ်ခံတံတားကြီးက များစွာအထောက်အကူဖြစ်မှာဖြစ်ကြောင်း ပြောထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီက သတ်မှတ်ထားသည့် နှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၃၈ ဒသမ ၈၆သန်း အပါအဝင် ကန်ဒေါ်လာ ၆၅ ဒသမ ၄၄ သန်းနှင့်တန်ဖိုးတူညီသော ဆိပ်ခံတံ တားနှင့်နောက်ခံမြေပေါ်တွင် စုစုပေါင်း မက်ထရစ်တန် ၆၆၀၀ ဆံ့ ဂျုံနှင့် ကောက်ပဲသီးနှံသိုလှောင်ကန် ၁၃ လုံး စုစုပေါင်းကြမ်းခင်းဧရိယာ ၅၄၀၀ စတုရန်းမီတာရှိ သိုလှောင်ရုံတစ်လုံးတို့ကို တည်ဆောက်နိုင်ခဲ့ပြီး ဆိပ်ကမ်းဝန် ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
IBTT အနေဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို လွန်ခဲ့သော မေလက စတင်ခဲ့ပြီး ဂျုံစေ့ မက်ထရစ်တန် ၇၀၀၀၀ ခန့်ကို ငါးရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။အမျိုးအစားစုံလင်သော ကုန်တင်သင်္ဘောများကို ကျွမ်းကျင်သောဝန်ဆောင်မှုပေးနိုင်ရန်ပြင်ဆင်ထားကြောင်းသိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် IBTT သည် ဖက်စပ်စနစ်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး Capital Diamond Star Group (CDSG) လုပ်ငန်းစုကြီးနှင့် Mitsubishi Corporation တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသော Liuvia Limited, Kamigumi Co.,တို့အကျိုးတူ ပူးပေါင်းထားခြင်းဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com