ပြစ်မှုကျူးလွန်သည့်တရားခံများကို တရုတ်ပြည်သို့ လွှဲပြောင်းပေးမည့် ဥပဒေကြမ်း ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပြီးနောက် ဟောင်ကောင်အိမ်ခြံမြေကုမ္ပဏီတို့၏ ရှယ်ယာဈေးနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်သွား
ပြစ်မှုကျူးလွန်သည့်တရားခံများကို တရုတ်ပြည်သို့ လွှဲပြောင်းပေးမည့် ဥပဒေကြမ်း ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပြီးနောက် ဟောင်ကောင်အိမ်ခြံမြေကုမ္ပဏီတို့၏ ရှယ်ယာဈေးနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်သွား - Property News in Myanmar from iMyanmarHouse.com
6 Sep 2019 12:58 pm တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ပြစ်မှုကျူးလွန်သည့်တရားခံများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးမည့် ဥပဒေကြမ်းအား ဖျက်သိမ်းလိုက်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက ကြေညာလိုက်ပြီးနောက် ဟောင်ကောင်ရှိ အိမ်ခြံမြေကုမ္ပဏီတို့၏ ရှယ်ယာဈေးနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်ဟု စင်္ကာပူအခြေစိုက်သတင်းမီဒီယာတစ်ခုတွင် ဖော်ပြသည်။
အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ ဟောင်ကောင်တွင်ဖြစ်ပွားနေသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ပြီး အိမ်ခြံမြေကဏ္ဍ အပါအဝင် ဟောင်ကောင်၏ လားရာပြောင်းလဲမှုအချို့ ဖြစ်ပေါ်စေခဲ့သည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး၏ တရားဝင်ကြေညာချက်မှာ ဆန္ဒပြသူများ၏ အဓိကတောင်းဆိုချက်ကို လိုက်လျောပေးလိုက်ခြင်းလည်း ဖြစ်သည်။
ကာရီလမ်း၏ ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် ဟောင်ကောင်ရှိ အိမ်ခြံမြေကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းမှာ ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဆန္ဒပြပွဲများကြောင့် အထိနာခဲ့သည့် လေကြောင်းလိုင်းကြီး Cathay Pacific ၏ ရှယ်ယာဈေးနှုန်းမှာလည်း ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။
တရုတ်ပြည်မကြီးသို့ ပြစ်မှုကျူးလွန်သူများ လွှဲပြောင်းပေးမည့် ဥပဒေကို ယခုနှစ် မတ်လကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်းရုပ်သိမ်းကြောင်း ကြေညာလိုက်ခြင်းကြောင့် ဆန္ဒပြပွဲများ အဆုံးသွားဖွယ် ရှိ၊ မရှိကိုမူ မသိနိုင်သေးချေ။
ဆန္ဒပြပွဲများ၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတို့ကြောင့် ဟောင်ကောင်အခြေစိုက်ဘဏ်ကြီး Hang Seng ၏ ရှယ်ယာဈေးနှုန်းများမှာ သြဂုတ်လအတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။
အထက်ပါ ဖြစ်ရပ် ၂ ခုကြောင့် ဟောင်ကောင်၏ စီးပွားရေးလှုပ်ရှားမှုများ ထိုင်းမှိုင်းခဲ့ရပြီး ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရသည့် အိမ်ခြံမြေကဏ္ဍ၏ ဈေးနှုန်းများလည်း ထိုးကျသွားခဲ့သည်။
ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး ပေါလ်ချန်းက ပြောကြားရာတွင် စတော့ဈေးကွက်လည်ပတ်မှုများ ဆက်လက်ချောမွေ့ကာ အစီအစဉ်တကျ ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ရှယ်ယာရောင်းဝယ်ယူတွေကို နေ့စဉ်အနီးကပ်စောင့်ကြည့်နေပါတယ်။ ထူးခြားချက် တစုံတရာတော့ မတွေ့သေးပါဘူး”ဟု ပေါလ်ချန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဟောင်ကောင်ဒေါ်လာ ဈေးနှုန်းမှာလည်း ၀ ဒသမ ၁ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Shwe Moe Kaung
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service