ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ေက်ာက္တံတားၿမိဳ႕နယ္ ၊ ဆိပ္ကမ္းသာလမ္း ေအာက္ဘေလာက္၊ ကမ္းနားလမ္းႏွင့္ ကုန္သည္လမ္းၾကားတြင္ Smart Street ျဖစ္ေစရန္ေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
ဒီဇိုင္းကို ရန္ကုန္ၿမိဳ့ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ ေရွာက္ေရးအဖြဲ႕(YHT) ကထုတ္ထားၿပီး စည္ပင္သာယာေရးေကာ္မတီက လမ္းပိုင္းအဖြဲ႔ႏွင့္ပူးေပါင္းေဆာင္ရြက္ထားေၾကာင္းသိရသည္။
ေျမျပင္တိုင္းတာျခင္းလုပ္ငန္းမ်ား၊ ေရေျမာင္းတူးေဖာ္ျခင္းလုပ္ငန္းမ်ားကို ယခင္လလယ္ခန္႔မွစတင္ခဲ့ၿပီး ၂၀၂၀ ႏွစ္ဆန္းပိုင္းေလာက္တြင္ၿပီးစီးရန္ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ ဘတ္ဂ်က္ျဖင့္ ေငြက်ပ္ သိန္း ၆၅၀ ခန္႔ Smart Street အတြက္သုံးစြဲထားၿပီး လမ္းအရွည္မွာ ေပ ၈၅၀ ခန္႔ရွိၿပီး ၎ပေရာဂ်က္ၿပီးစီးပါက ရန္ကုန္ၿမိဳ႕၏ အျခားၿမိဳ႕နယ္မ်ားရွိ လမ္းမ်ားတြင္လည္းဆက္လက္လုပ္ေဆာင္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
Smart Street သည္ Smart Township ၏ တစ္စိတ္တစ္ေဒသအျဖစ္ၿပီး အမ်ားျပည္သူ အပန္းေျဖရန္ အလွသစ္ပင္မ်ား စိုက္ပ်ိဳးျခင္း၊ လမ္းေလၽွာက္သူမ်ားအတြက္ က်ယ္ဝန္းေသာ ေလၽွာက္လမ္းမ်ား၊ ထိုင္စရာခုံ တန္းမ်ား၊ ကေလးကစားကြင္းမ်ားပါ ထည့္သြင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ တစ္လမ္းသြားကားလမ္းႏွင့္ ေဘးကပ္လ်က္တြင္ စက္ဘီးလမ္းကိုပါ ထည့္သြင္းတည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း၊ကားပါကင္ႏွင့္ အားကစားေလ့က်င့္နိုင္သည့္ ေနရာမ်ားအပါအဝင္ ညအလွမီးပန္း၊ မီးတိုင္မ်ား ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ### ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်၊ ကမ်းနားလမ်းနှင့် ကုန်သည်လမ်းကြားတွင် Smart Street ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဒီဇိုင်းကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့(YHT) ကထုတ်ထားပြီး စည်ပင်သာ ယာရေးကော်မတီက လမ်းပိုင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ထားကြောင်းသိရသည်။
မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ၊ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ယခင်လလယ်ခန့်မှစတင်ခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းလောက်တွင်ပြီးစီးရန်မျှော်မှန်းထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်ဖြင့် ငွေကျပ် သိန်း ၆၅၀ ခန့် Smart Street အတွက်သုံးစွဲထားပြီး လမ်းအရှည်မှာ ပေ ၈၅၀ ခန့်ရှိပြီး ၎င်းပရောဂျက်ပြီးစီးပါက ရန်ကုန်မြို့၏ အခြားမြို့နယ်များရှိ လမ်းများတွင်လည်းဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
Smart Street သည် Smart Township ၏ တစ်စိတ်တစ်ဒေသအဖြစ်ပြီး အများပြည်သူ အပန်းဖြေရန် အလှသစ်ပင်များ စိုက်ပျိုးခြင်း၊ လမ်းလျှောက်သူ များအတွက် ကျယ်ဝန်းသော လျှောက်လမ်းများ၊ ထိုင်စရာခုံ တန်းများ၊ ကလေးကစားကွင်းများပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်လမ်းသွားကားလမ်းနှင့် ဘေးကပ်လျက်တွင် စက်ဘီးလမ်းကိုပါ ထည့်သွင်းတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ကားပါကင်နှင့် အားကစားလေ့ကျင့်နိုင်သည့် နေရာများအပါအဝင် ညအလှမီးပန်း၊ မီးတိုင်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com