ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
႐ိုလာကိုစတာအမ်ားစုဟာ စီးနင္းသူကို ရင္ထိတ္သည္းဖိုေပ်ာ္ရႊင္ေစဖို႔ရာ ေရြ႕လ်ားႏႈန္း၊ ပြတ္ကာသီကာ အခ်ဳိးအေကြ႕ေတြနဲ႔ မတ္ေစာက္တဲ့ကုန္းဆင္းကုန္းတက္ေတြေပၚ တည္မွီတယ္ဆိုေပမဲ့ ဂ်ပန္ႏုိင္ငံ အိုကာယာမာၿမိဳ႕မွာ ေျခနင္းအားနဲ႔ ေရြ႕လ်ားေစၿပီးစီးရတဲ့ ႐ုိလာကိုစတာ “SkyCycle” ကေတာ့ ႐ိုလာကိုစတာေတြဟာ ေႏွးေကြးတဲ့ ေရြ႕လ်ားႏႈန္းမွာမွ ပိုၿပီးေတာ့ေတာင္ သည္းထိတ္ရင္ဖိုစရာေကာင္းတယ္ ဆုိတာကို သက္ေသျပေနပါတယ္။
အိုကာယာမာၿမိဳ႕ရွိ Washuzan Highland အပန္းေျဖပန္းၿခံအတြင္း သစ္ပင္ေတြလႊမ္းၿခံဳထားတဲ့ ေတာင္ကုန္းေပၚရွိ SkyCycle ဟာ ကမာၻ႕အေႏွးဆံုး႐ိုလာကိုစတာျဖစ္ေလာက္ပါတယ္။
ဘာေၾကာင့္လဲဆုိေတာ့ စီးတဲ့သူက ေျခနင္းကိုနင္းမွ ေရြ႕လ်ားတာမို႔ပါ။ မတ္ေစာက္တဲ့အဆင္းအတက္ေတြ မရွိေပမဲ့လည္း ေကာင္းကင္မွာ ေျခနင္းစက္ဘီးစီးသလို စီးနင္းရတဲ့ သူ႕ရဲ႕အေနအထားကိုက ထိတ္လန္႔အသည္းယားဖြယ္ ခံစားခ်က္ကို တစ္ခ်ိန္လံုးေပးၿပီး စီးနင္းသူရဲ႕ႏွလံုးခုန္သံကို လ်င္ျမန္ေစတာပါ။
အေကြ႕အေကာက္၊ အဆင္းအတက္ေတြမ်ားၿပီး အရွိန္ျပင္းျပင္းနဲ႔ေျပးတဲ့ သမား႐ိုးက်႐ိုလာကိုစတာေတြကုိ ေၾကာက္သူေတြအတြက္ SkyCycle က အဆင္ေျပမလားလုိ႔ ႐ုတ္တရက္ထင္ျမင္ႏုိင္စရာရွိပါတယ္။
ဒါေပမဲ့ သူကမွ ပိုၿပီးသည္းထိတ္ရင္ဖိုေၾကာက္လန္႔စရာေကာင္းတယ္ဆိုတာကို သူ႕ရဲ႕လွည္းေပၚကိုေရာက္တာနဲ႔ ရွင္းရွင္းလင္းလင္းသိျမင္ႏုိင္မွာ အေသအခ်ာပါပဲ။
SkyCycle ေကာင္းကင္ရထားလွည္းေတြဟာ ေျမျပင္ကေန ေပ ၅၀ ခန္႔အျမင့္မွာရွိတဲ့ သတၱဳရထားလမ္းေပၚ ေျပးတဲ့ ေဘးခ်င္းကပ္ထိုင္ခံုႏွစ္ခု၊ ေျခနင္းႏွစ္စံုပါတဲ့ စက္ဘီးပဲ ျဖစ္ပါတယ္။
SkyCycle စီးနင္းခ်ိန္ဟာ သံုးမိနစ္ေလာက္ပဲဆိုေပမဲ့ အၾကာႀကီးလို႔ ခံစားရေစႏုိင္မွာပဲ ျဖစ္ပါတယ္။ သတၱဳရထားလမ္းဆံုးခါနီးရင္ေတာ့ စီးနင္းသူေတြအေနနဲ႔ ရထားလမ္းေပၚကေန မ်က္လံုးကိုခြါႏုိင္မွာပါ။ ဘာလို႔လဲဆုိေတာ့ အိုကာယာမာၿမိဳ႕ရဲ႕ ရင္သပ္႐ႈေမာဖြယ္ရာျမင္ကြင္းေတြကို ႐ႈျမင္ရေစမွာမို႔လို႔ပဲ ျဖစ္တယ္လို႔ သိရပါတယ္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ရိုလာကိုစတာအများစုဟာ စီးနင်းသူကို ရင်ထိတ်သည်းဖိုပျော်ရွှင်စေဖို့ရာ ရွေ့လျားနှုန်း၊ ပွတ်ကာသီကာ အချိုးအကွေ့တွေနဲ့ မတ်စောက်တဲ့ကုန်းဆင်းကုန်းတက်တွေပေါ် တည်မှီတယ်ဆိုပေမဲ့ ဂျပန်နိုင်ငံ အိုကာယာမာမြို့မှာ ခြေနင်းအားနဲ့ ရွေ့လျားစေပြီးစီးရတဲ့ ရိုလာကိုစတာ “SkyCycle” ကတော့ ရိုလာကိုစတာတွေဟာ နှေးကွေးတဲ့ ရွေ့လျားနှုန်းမှာမှ ပိုပြီးတော့တောင် သည်းထိတ်ရင်ဖိုစရာကောင်းတယ် ဆိုတာကို သက်သေပြနေပါတယ်။
အိုကာယာမာမြို့ရှိ Washuzan Highland အပန်းဖြေပန်းခြံအတွင်း သစ်ပင်တွေလွှမ်းခြုံထားတဲ့ တောင်ကုန်းပေါ်ရှိ SkyCycle ဟာ ကမ္ဘာ့အနှေးဆုံးရိုလာကိုစတာဖြစ်လောက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စီးတဲ့သူက ခြေနင်းကိုနင်းမှ ရွေ့လျားတာမို့ပါ။ မတ်စောက်တဲ့အဆင်းအတက်တွေ မရှိပေမဲ့လည်း ကောင်းကင်မှာ ခြေနင်းစက်ဘီးစီးသလို စီးနင်းရတဲ့ သူ့ရဲ့အနေအထားကိုက ထိတ်လန့် အသည်းယားဖွယ် ခံစားချက်ကို တစ်ချိန်လုံးပေးပြီး စီးနင်းသူရဲ့နှလုံးခုန်သံကို လျင်မြန်စေတာပါ။
အကွေ့အကောက်၊ အဆင်းအတက်တွေများပြီး အရှိန်ပြင်းပြင်းနဲ့ပြေးတဲ့ သမားရိုးကျရိုလာကိုစတာတွေကို ကြောက်သူတွေအတွက် SkyCycle က အဆင်ပြေမလားလို့ ရုတ်တရက်ထင်မြင်နိုင်စရာရှိပါတယ်။
ဒါပေမဲ့ သူကမှ ပိုပြီးသည်းထိတ်ရင်ဖိုကြောက်လန့်စရာကောင်းတယ်ဆိုတာကို သူ့ရဲ့လှည်းပေါ်ကိုရောက်တာနဲ့ ရှင်းရှင်းလင်းလင်းသိမြင်နိုင်မှာ အသေအချာပါပဲ။
SkyCycle ကောင်းကင်ရထားလှည်းတွေဟာ မြေပြင်ကနေ ပေ ၅၀ ခန့်အမြင့်မှာရှိတဲ့ သတ္တုရထားလမ်းပေါ် ပြေးတဲ့ ဘေးချင်းကပ်ထိုင်ခုံနှစ်ခု၊ ခြေနင်းနှစ်စုံပါတဲ့ စက်ဘီးပဲ ဖြစ်ပါတယ်။
SkyCycle စီးနင်းချိန်ဟာ သုံးမိနစ်လောက်ပဲဆိုပေမဲ့ အကြာကြီးလို့ ခံစားရစေနိုင်မှာပဲ ဖြစ်ပါတယ်။ သတ္တုရထားလမ်းဆုံးခါနီးရင်တော့ စီးနင်းသူတွေအနေနဲ့ ရထားလမ်းပေါ်ကနေ မျက်လုံးကိုခွါနိုင်မှာပါ။ ဘာလို့လဲဆိုတော့ အိုကာယာမာမြို့ရဲ့ ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းတွေကို ရှုမြင်ရစေမှာမို့လို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)