ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု ညောင်နှစ်ပင်စက်မှုဇုန် စတင်တည်ထောင်ခြင်း အထိမ်းအမှတ် ပန္နက်တင်ခြင်းကို စက်တင်ဘာ ၄ ရက်က Lotte Hotel တွင်ပြုလုပ်သော မြန်မာ-ကိုရီးယားစီးပွားရေးဖိုရမ်၌ ပြုလုပ်ခဲ့သည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်ဆောင်မည့် ကိုရီယား သမ္မတနိုင်ငံမှ ကုမ္ပဏီကိုးခုတို့အကြားအပြန်အလှန်နားလည်မှုစာချွန်လွှာရေးထိုးမှုကို တတ်ရောက်အားပေးချီးမြှင့်သည်။
မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု ညောင်နှစ်ပင်စက်မှုဇုန် စတင်တည်ထောင်ခြင်း အခမ်းအနားကို LH မှရန်ကုန်ဌာနေ ကိုယ်စားလှယ် မစ္စတာ ရှင်ဟျိုဆော့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်တို့က အခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။
ယင်းအခမ်းအနားတွင် ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့်မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ပြည် ထောင်စုဝန်ကြီးဦးဟန်ဇော်နှင့်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က မြန်မာ-ကိုရီးယား စီးပွား ရေးပူးပေါင်းမှု ညောင်နှစ်ပင်စက်မှုဇုန် စတင်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ပန္နက်တင်ပေးခဲ့သည်။ Lotte ဟိုတယ်တွင်ပြုလုပ်ခြင်းဖြစ်သော်လည်း ညောင်နှစ်ပင်စက်မှုဇုန်တွင် ပန္နက်ရိုက်သည့်သဘောဖြစ်ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် UMFCCIသည်Worri Financial Group, Korea Inter- national Trade Association (KITA) တို့နှင့်လည်းကောင်း၊ မြန်မာ SME-Development Bank သည် ကိုရီးယား Industrial Bank of Korea နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com