ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
မေလးရွားသို႔ ဆႏၵျပပြဲမ်ားျဖစ္ပြားေနသည့္ ေဟာင္ေကာင္မွ ဝယ္လက္မ်ား အလံုးအရင္း ဝင္ေရာက္ေနကာ တိုင္းျပည္အိမ္ျခံေျမ ေစ်းကြက္၏ ဝယ္လိုအားကို ေမာင္းႏွင္ေပးေနေသာ္လည္း အိမ္ျခံေျမေစ်းႏႈန္း မ်ားအေပၚ ထိခိုက္မႈရွိမည္မဟုတ္ေၾကာင္း အိမ္ျခံေျမကၽြမ္းက်င္ပုဂၢိဳလ္တစ္ဦးက သံုးသပ္သည္ဟု မေလးရွားသတင္းဝက္ဘ္ဆုိက္တစ္ခုတြင္ ေဖာ္ျပသည္။
Asiacap Valuer & Property Consultants Sdn Bhd ကုမၸဏီမွ အိမ္ျခံေျမရာျဖတ္ပညာရွင္ ကစ္ထံုးေယာင္က ေျပာၾကားရာတြင္ ေဟာင္ေကာင္ဝယ္လက္မ်ား၏ ဝယ္လိုအားသည္ ျပည္မၾကီးမွ ဝယ္လက္မ်ားက ဂ်ဳိဟာရွိ Forest City ကို ဝယ္ယူရန္ အလံုးအရင္း ဝင္ေရာက္ခဲ့ၾကသည့့္ ပံုစံမ်ဳိး ေစ်းကြက္တစ္ခုလံုး လႈပ္ရွားသြားေလာက္ေအာင္ ဝယ္ယူႏိုင္လိမ့္မည္မဟုတ္ေၾကာင္း ေျပာၾကားသည္။
“ေဟာင္ေကာင္ဝယ္လက္ေတြဟာ ေစ်းကြက္ရဲ႕မွ်ေျခကို ေျပာင္းသြားေစႏိုင္တဲ့အထိ ဝယ္ၾကမယ္လို႔ ကၽြန္ေတာ္မထင္ပါဘူး။ အေျခခံသံုးသပ္ၾကည့္တဲ့အခ်က္က ေဟာင္ေကာင္ဟာ တရုတ္ျပည္မၾကီးေလာက္ လူဦးေရထူထပ္တဲ့ ေနရာမဟုတ္တဲ့အခ်က္ပါ”ဟု ကစ္ထံုးေယာင္က ေျပာၾကားသည္။
ေဟာင္ေကာင္ဝယ္လက္မ်ား ဝယ္ယူခြင့္ရမည့္ အိမ္ျခံေျမမ်ားမွာ အနိမ့္ဆံုး ရင္းဂစ္ ၁ သန္းရွိျပီး ယေန႔ကာလတြင္ အဆိုပါက႑မွာ ဝယ္လက္မ်ားစြာ လိုအပ္ေနသည့္က႑ျဖစ္ေၾကာင္း ကစ္ထံုးေယာင္က ေထာက္ျပသည္။
ေဟာင္ေကာင္ဝယ္လက္မ်ားထံမွ စိတ္ဝင္စားမႈမ်ား ျမင့္တက္လာေနသည္မွာ မွန္ေသာ္လည္း ထိုစိတ္ဝင္စားမႈမ်ားကို ေရာင္းခ်ရမႈမ်ား အျဖစ္ အဓိပၸာယ္ေကာက္ယူရန္ ေစာလြန္းေသးေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။
VPC Alliance (KL) Sdn Bhd မွ မန္ေနးဂ်င္း ဒါရိုက္တာ ဂ်ိမ္းစ္ ေဝါင္ကလည္း “မေလးရွားႏိုင္ငံအတြင္းမွာ ေစ်းကြက္ထဲေရာက္ေနတဲ့ လူေနအိမ္ အလြန္မ်ားျပားပါတယ္။ ေဟာင္ေကာင္ဝယ္လက္ေတြက ဒီအမ်ားၾကီးထဲက နည္းပါးလွတဲ့ပမာဏေလာက္ကိုပဲ ဝယ္ယူေနၾကတာျဖစ္ပါတယ္။ ဒါက လူေနအိမ္ျခံေျမေစ်းကြက္မွာရွိတဲ့ ေရာင္းလိုအား မ်ားျပားေနမႈ အေျခအေနကို ယိမ္းယိုင္သြားေစမွာ မဟုတ္ပါဘူး။ ဒီဝယ္လက္ေတြဟာ မေလးရွားမွာ မိတ္ေဆြ၊ ေဆြမ်ဳိးနဲ႔ စီးပြားဖက္ေတြရွိသူခ်ည္းျဖစ္တာေၾကာင့္ မဝယ္ခင္မွာ ေစ်းႏႈန္းေတြ ႏႈိင္းယွဥ္စစ္ေဆးခ်င့္ခ်ိန္ၾကဦးမွာ ျဖစ္ပါတယ္” ဟု သံုးသပ္သည္။
ေဟာင္ေကာင္ဝယ္လက္တို႔သည္ ျပည္တြင္းဝယ္လက္မ်ားနည္းတူ တူညီေသာ ေလွ်ာ့ေစ်း၊ packages မ်ားျဖင့္သာ ကမ္းလွမ္းခံရျခင္းျဖစ္ျပီး မည္သည့္အခြင့္ထူးမွ ရရွိျခင္းမရွိၾကေၾကာင္းလည္း ဂ်ိမ္းစ္ေဝါင္က ဆက္လက္ေျပာၾကားသည္။
တရုတ္ျပည္မၾကီး၏ ထိပ္သီးအိမ္ျခံေျမ ဝက္ဘ္ဆိုက္ၾကီးျဖစ္ေသာ Juwai.com ကလည္း ေဟာင္ေကာင္ဝယ္လက္တို႔သည္ မေလးရွားရွိ အိမ္ျခံေျမမ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံရန္ စိတ္ဝင္စားမႈမ်ား ျမင့္တက္လာေနေၾကာင္း၊ ျပည္မၾကီးမွ ဝယ္လိုအားမွာလည္း ဆက္လက္အားေကာင္းေနေၾကာင္း ေဖာ္ျပထားသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
မလေးရှားသို့ ဆန္ဒပြပွဲများဖြစ်ပွားနေသည့် ဟောင်ကောင်မှ ဝယ်လက်များ အလုံးအရင်း ဝင်ရောက်နေကာ တိုင်းပြည်အိမ်ခြံမြေ ဈေးကွက်၏ ဝယ်လိုအားကို မောင်းနှင်ပေးနေသော်လည်း အိမ်ခြံမြေဈေးနှုန်း များအပေါ် ထိခိုက်မှုရှိမည်မဟုတ်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးက သုံးသပ်သည်ဟု မလေးရှားသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Asiacap Valuer & Property Consultants Sdn Bhd ကုမ္ပဏီမှ အိမ်ခြံမြေရာဖြတ်ပညာရှင် ကစ်ထုံးယောင်က ပြောကြားရာတွင် ဟောင်ကောင်ဝယ်လက်များ၏ ဝယ်လိုအားသည် ပြည်မကြီးမှ ဝယ်လက်များက ဂျိုဟာရှိ Forest City ကို ဝယ်ယူရန် အလုံးအရင်း ဝင်ရောက်ခဲ့ကြသည့် ပုံစံမျိုး ဈေးကွက်တစ်ခုလုံး လှုပ်ရှားသွားလောက်အောင် ဝယ်ယူနိုင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။
“ဟောင်ကောင်ဝယ်လက်တွေဟာ ဈေးကွက်ရဲ့မျှခြေကို ပြောင်းသွားစေနိုင်တဲ့အထိ ဝယ်ကြမယ်လို့ ကျွန်တော်မထင်ပါဘူး။ အခြေခံသုံးသပ်ကြည့်တဲ့အချက်က ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးလောက် လူဦးရေထူထပ်တဲ့ နေရာမဟုတ်တဲ့အချက်ပါ”ဟု ကစ်ထုံးယောင်က ပြောကြားသည်။
ဟောင်ကောင်ဝယ်လက်များ ဝယ်ယူခွင့်ရမည့် အိမ်ခြံမြေများမှာ အနိမ့်ဆုံး ရင်းဂစ် ၁ သန်းရှိပြီး ယနေ့ကာလတွင် အဆိုပါကဏ္ဍမှာ ဝယ်လက်များစွာ လိုအပ်နေသည့်ကဏ္ဍဖြစ်ကြောင်း ကစ်ထုံးယောင်က ထောက်ပြသည်။
ဟောင်ကောင်ဝယ်လက်များထံမှ စိတ်ဝင်စားမှုများ မြင့်တက်လာနေသည်မှာ မှန်သော်လည်း ထိုစိတ်ဝင်စားမှုများကို ရောင်းချရမှုများ အဖြစ် အဓိပ္ပာယ်ကောက်ယူရန် စောလွန်းသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
VPC Alliance (KL) Sdn Bhd မှ မန်နေးဂျင်း ဒါရိုက်တာ ဂျိမ်းစ် ဝေါင်ကလည်း “မလေးရှားနိုင်ငံအတွင်းမှာ ဈေးကွက်ထဲရောက်နေတဲ့ လူနေအိမ် အလွန်များပြားပါတယ်။ ဟောင်ကောင်ဝယ်လက်တွေက ဒီအများကြီးထဲက နည်းပါးလှတဲ့ပမာဏလောက်ကိုပဲ ဝယ်ယူနေကြတာဖြစ်ပါတယ်။ ဒါက လူနေအိမ်ခြံမြေဈေးကွက်မှာရှိတဲ့ ရောင်းလိုအား များပြားနေမှု အခြေအနေကို ယိမ်းယိုင်သွားစေမှာ မဟုတ်ပါဘူး။ ဒီဝယ်လက်တွေဟာ မလေးရှားမှာ မိတ်ဆွေ၊ ဆွေမျိုးနဲ့ စီးပွားဖက်တွေရှိသူချည်းဖြစ်တာကြောင့် မဝယ်ခင်မှာ ဈေးနှုန်းတွေ နှိုင်းယှဉ်စစ်ဆေးချင့်ချိန်ကြဦးမှာ ဖြစ်ပါတယ်” ဟု သုံးသပ်သည်။
ဟောင်ကောင်ဝယ်လက်တို့သည် ပြည်တွင်းဝယ်လက်များနည်းတူ တူညီသော လျှော့ဈေး၊ packages များဖြင့်သာ ကမ်းလှမ်းခံရခြင်းဖြစ်ပြီး မည်သည့်အခွင့်ထူးမှ ရရှိခြင်းမရှိကြကြောင်းလည်း ဂျိမ်းစ်ဝေါင်က ဆက်လက်ပြောကြားသည်။
တရုတ်ပြည်မကြီး၏ ထိပ်သီးအိမ်ခြံမြေ ဝက်ဘ်ဆိုက်ကြီးဖြစ်သော Juwai.com ကလည်း ဟောင်ကောင်ဝယ်လက်တို့သည် မလေးရှားရှိ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ မြင့်တက်လာနေကြောင်း၊ ပြည်မကြီးမှ ဝယ်လိုအားမှာလည်း ဆက်လက်အားကောင်းနေကြောင်း ဖော်ပြထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)