ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
က်ဴးေက်ာ္ေဈးသည္ႏွင့္ ကားပါကင္ေၾကး ေကာက္ခံမႈရွိေနေသာ္လည္း ႏိုင္ငံေတာ္ဘ႑ာေငြအျဖစ္မဝင္ေၾကာင္း စက္တင္ဘာ ၃ ရက္ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ့ေတာ္ခန္းမ၌ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီႏွင့္သတင္းမီဒီယာေတြ႔ဆုံပြဲတြင္ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေျပာထားသည္။
ၿမိဳ႕ေတာ္ဝန္က ဘ႑ာေငြအေလအလြင့္ျဖစ္တာ ႏွစ္ခုရွိေၾကာင္း၊လမ္းေဘးက်ဴးေက်ာ္ေဈးသည္မ်ားကို YCDC က ေဈးေကာက္ မေကာက္ခံေၾကာင္း၊သို႔ေသာ္လည္း ေဈးသည္မ်ားကိုေမးသည့္အခါ ေဈးေကာက္ေပး ေနရေၾကာင္း၊ကားပါကင္လည္း ဒီအတိုင္းျဖစ္ပါေၾကာင္း၊စည္ပင္ကေကာက္ခံမႈမရွိဘဲ ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ ေကာက္ခံေနၾကေၾကာင္း၊အဆိုပါေငြမ်ားသည္ ဘီလီယံေလာက္ ရွိေၾကာင္း၊၎ေငြမ်ားတစ္ေနရာရာတြင္စီးဆင္း ေနေၾကာင္း၊ႏိုင္ငံေတာ္ကိုမဝင္ေၾကာင္း၊ကားပါကင္ေကာက္မည္လုပ္ေသာအခါ ဝုိင္းဝန္းကန္႔ကြက္မႈမ်ားေၾကာင့္ အေကာင္အထည္မေဖာ္ႏိုင္ေသးေၾကာင္း၊ယခု ျပန္အေကာင္အထည္ေဖာ္ရန္ ႀကိဳးစားေနပါေၾကာင္း ေျပာထားသည္။
ၿမိဳ့ေတာ္စည္ပင္အေနျဖင့္ လက္ရွိတြင္ ကမ္းနားလမ္းညေဈးႏွင့္ စမတ္ကားပါကင္ တင္ဒါ၊ကမ္းနားလမ္း ႏွင့္ကုန္သည္လမ္းၾကားတြင္ Smart Street ျဖစ္ေစရန္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကျူးကျော်ဈေးသည်နှင့် ကားပါကင်ကြေး ကောက်ခံမှုရှိနေသော်လည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်မဝင်ကြောင်း စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်သတင်းမီဒီယာတွေ့ဆုံပွဲတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောထားသည်။
မြို့တော်ဝန်က ဘဏ္ဍာငွေအလေအလွင့်ဖြစ်တာ နှစ်ခုရှိကြောင်း၊လမ်းဘေးကျူးကျော်ဈေးသည်များကို YCDC က ဈေးကောက် မကောက်ခံကြောင်း၊သို့သော်လည်း ဈေးသည်များကိုမေးသည့်အခါ ဈေးကောက်ပေး နေရကြောင်း၊ကားပါကင်လည်း ဒီအတိုင်းဖြစ်ပါကြောင်း၊စည်ပင်ကကောက်ခံမှုမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကောက်ခံနေကြကြောင်း၊အဆိုပါငွေများသည် ဘီလီယံလောက် ရှိကြောင်း၊၎င်းငွေများတစ်နေရာရာတွင်စီးဆင်း နေကြောင်း၊နိုင်ငံတော်ကိုမဝင်ကြောင်း၊ကားပါကင်ကောက်မည်လုပ်သောအခါ ဝိုင်းဝန်းကန့်ကွက်မှုများကြောင့် အကောင်အထည်မဖော်နိုင်သေးကြောင်း၊ယခု ပြန်အကောင်အထည်ဖော်ရန် ကြိုးစားနေပါကြောင်း ပြောထားသည်။
မြို့တော်စည်ပင်အနေဖြင့် လက်ရှိတွင် ကမ်းနားလမ်းညဈေးနှင့် စမတ်ကားပါကင် တင်ဒါ၊ကမ်းနားလမ်း နှင့်ကုန်သည်လမ်းကြားတွင် Smart Street ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com