ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ဟိုတယ္၊ခရီးႏွင့္ဧည့္လမ္းညႊန္က႑တြင္ ရင္းႏွီးျမႇုဳပ္ႏွံမႈ ေဒၚလာ ၂၃၈ ဒသမ ၂၉ သန္းရွိၿပီး ျပည္တြင္း အလုပ္သမားေပါင္း ၂၆၉၁ ဦးအတြက္အလုပ္အကိုင္အခြင့္အလမ္းမ်ားဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း ဩဂုတ္ ၃၀ ရက္ က ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ရုံးအစည္းအေဝးခန္းမတြင္ ေဒသဆိုင္ရာခရီးသြားေကာ္မတီ၏ (၄/၂၀၁၉) အစည္းအေဝးမွသိရသည္။
ယင္းအစည္းအေဝးမွ ဟိုတယ္လုပ္ငန္းလိုင္စင္ သုံးခုႏွင့္ တည္းခိုရိပ္သာလုပ္ငန္းလိုင္စင္ ႏွစ္ခု(စုစုေပါင္း အခန္း ၁၃၃ ခန္း)၊ဟိုတယ္တည္ေဆာက္ခြင့္ ေလးလုံး၊တည္းခိုရိပ္သာတည္ေဆာက္ခြင့္ တစ္္လုံး၊ခရီးလွည့္လည္ ေရးလုပ္ငန္းလိုင္စင္(ျပည္တြင္း/ျပည္ဝင္)၅၆ ခု၊ခရီးလွည့္လည္ ေရးလုပ္ငန္းလိုင္စင္ (ျပည္ပ) ၁၉ ခုႏွင့္ ဧည့္လမ္း ညႊန္လိုင္စင္ ၃၀ တို႔ကို တိုင္းေဒသႀကီး ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီ အေနျဖင့္ အတည္ျပဳခြင့္ေပးခဲ့ ေၾကာင္းသိရသည္။
ခြင့္ျပဳေပးခဲ့ေသာ ဟိုတယ္ႏွင့္တည္းခိုရိပ္သာမ်ားအတြက္ မတည္ေငြႏွင့္ရင္းႏွီးေငြ ပမာဏ စုစုေပါင္းမွာ က်ပ္၂၆၆၇၄ သန္းရွိၿပီး အလုပ္အကိုင္ အခြင့္အလမ္း ၃၃၅ ခု ဖန္တီးေပးနိုင္ခဲ့ေၾကာင္းသိရသည္။
ခရီးသြားလုပ္ငန္းေကာ္မတီအေနျဖင့္ (၁/၂၀၁၉)မွ(၄/၂၀၁၉)အထိ ဟိုတယ္လုပ္ငန္းလိုင္စင္္ ၃၃ ခု၊ဟိုတယ္ ယာယီ လုပ္ငန္းလိုင္စင္ တစ္ခု၊ တည္းခိုရိပ္သာ လုပ္ငန္းလိုင္စင္ ရွစ္ခု၊ အခန္းေပါင္း ၂၁၃၆ ျဖင့္ ဟိုတယ္တည္ေဆာက္ခြင့္ ၁၈ လုံး၊ တည္းခိုရိပ္သာ တည္ေဆာက္ခြင့္ သုံးလုံး၊ ခရီးလွည့္လည္ေရး လုပ္ငန္းလိုင္စင္(ျပည္ တြင္း/ျပည္ဝင္)၂၇၆ ခု၊ ျပည္ပ ခရီးလွည့္လည္ေရးလုပ္ငန္းလိုင္စင္ ၁၂၁ ခု၊ ဧည့္လမ္းညႊန္လိုင္စင္၂၁၈ ခုကို အတည္ျပဳခြင့္ျပဳေပးခဲ့ေၾကာင္းသိရသည္။
အဆိုပါလုပ္ငန္းမ်ားအတြက္ မတည္ေငြႏွင့္ရင္းႏွီးေငြ ပမာဏ စုစုေပါင္းမွာ က်ပ္ ၁၁၉ ဒသမ ၆ ဘီလီယံ ေက်ာ္ႏွင့္အေမရိကန္ေဒၚလာ ၂၃၈ ဒသမ ၂၉ သန္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေဒသဆိုင္ရာ ခရီးသြား လုပ္ငန္း ေကာ္မတီမွ သိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဟိုတယ်၊ခရီးနှင့်ဧည့်လမ်းညွှန်ကဏ္ဍတွင် ရင်းနှီးမြှုုပ်နှံမှု ဒေါ်လာ ၂၃၈ ဒသမ ၂၉ သန်းရှိပြီး ပြည်တွင်း အလုပ်သမားပေါင်း ၂၆၉၁ ဦးအတွက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဩဂုတ် ၃၀ ရက် က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဒေသဆိုင်ရာခရီးသွားကော်မတီ၏ (၄/၂၀၁၉) အစည်းအဝေးမှသိရသည်။
ယင်းအစည်းအဝေးမှ ဟိုတယ်လုပ်ငန်းလိုင်စင် သုံးခုနှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် နှစ်ခု(စုစုပေါင်း အခန်း ၁၃၃ ခန်း)၊ဟိုတယ်တည်ဆောက်ခွင့် လေးလုံး၊တည်းခိုရိပ်သာတည်ဆောက်ခွင့် တစ်လုံး၊ခရီးလှည့်လည် ရေးလုပ်ငန်းလိုင်စင်(ပြည်တွင်း/ပြည်ဝင်)၅၆ ခု၊ခရီးလှည့်လည် ရေးလုပ်ငန်းလိုင်စင် (ပြည်ပ) ၁၉ ခုနှင့် ဧည့်လမ်း ညွှန်လိုင်စင် ၃၀ တို့ကို တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့် အတည်ပြုခွင့်ပေးခဲ့ ကြောင်းသိရသည်။
ခွင့်ပြုပေးခဲ့သော ဟိုတယ်နှင့်တည်းခိုရိပ်သာများအတွက် မတည်ငွေနှင့်ရင်းနှီးငွေ ပမာဏ စုစုပေါင်းမှာ ကျပ်၂၆၆၇၄ သန်းရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ၃၃၅ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။
ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် (၁/၂၀၁၉)မှ(၄/၂၀၁၉)အထိ ဟိုတယ်လုပ်ငန်းလိုင်စင် ၃၃ ခု၊ဟိုတယ် ယာယီ လုပ်ငန်းလိုင်စင် တစ်ခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ရှစ်ခု၊ အခန်းပေါင်း ၂၁၃၆ ဖြင့် ဟိုတယ်တည်ဆောက်ခွင့် ၁၈ လုံး၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့် သုံးလုံး၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်(ပြည် တွင်း/ပြည်ဝင်)၂၇၆ ခု၊ ပြည်ပ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် ၁၂၁ ခု၊ ဧည့်လမ်းညွှန်လိုင်စင်၂၁၈ ခုကို အတည်ပြုခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအတွက် မတည်ငွေနှင့်ရင်းနှီးငွေ ပမာဏ စုစုပေါင်းမှာ ကျပ် ၁၁၉ ဒသမ ၆ ဘီလီယံ ကျော်နှင့်အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၉ သန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီမှ သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com