ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
စက္တင္ဘာ ၁ ရက္က သီလဝါအထူးစီးပြားေရးဇုန္၌ ျမန္မာသီလဝါအက္စ္အီးဇက္ဟိုးလ္ဒင္းပတ္ဘလစ္ကုမၸဏီလီမိတက္ (MTSH) ၏ ေျခာက္ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အစည္းအေဝးတြင္ ဥကၠ႒ ဦးဝင္းေအာင္က ႏိုင္ငံတကာအဆင့္မီ ၿမိဳ႕ျပႀကီးတစ္ခု သီလဝါအထူးစီးပြားေရးဇုန္တြင္ ထည့္သြင္းတည္ေဆာက္မည္ျဖစ္ေၾကာင္း ေျပာထားသည္။
၎ကေျပာထားရာတြင္ " ေရွ႕ကိုဘယ္လိုေဆာင္ရြက္ သြားမလဲဆိုရင္ ဂ်ပန္သံအမတ္ႀကီးဦးေဆာင္ၿပီးေတာ့ ညွိႏိႈင္းေဆာင္ရြက္ေနပါတယ္။တိုးတတ္လာတဲ့အေနအထားနဲ႔ ကၽြန္ေတာ္တို႔ မူလေဆာင္ရြက္ေနတဲ့ Urban Planning ေတြကို အသစ္ျပန္လုပ္ၿပီး ေခတ္မီၿမိဳ႕ျပပုံစံေတြ ထည့္ၿပီးေဆာင္ရြက္သြားဖို႔ရွိပါတယ္။မူလက လက္တြဲခဲ့တဲ့ ဂ်ပန္ကုမၸဏီ သုံးခုနဲ႔ပဲ Urban Pla ေတြကို ေရးဆြဲေနပါတယ္။ႏိုင္ငံေတာ္ကိုတင္ျပၿပီး စက္မႈဇုန္ ကို ႏိုင္ငံတကာအဆင့္မီ Urban Development ျဖစ္ေအာင္ ၿမိဳ႕ျပအဆင့္ျဖစ္ေအာင္ေဆာင္ရြက္ဖို႔ရွိပါတယ္” ဟု ေျပာသည္။
Thilawa Property Development Ltd (TPD) သည္ သီလဝါအထူးစီးပြားေရးဇုန္တြင္ လူေနအိမ္ရာမ်ား၊ဟိုတယ္မ်ားႏွင့္စက္မႈဇုန္မ်ားကို အေကာင္အထည္ေဖာ္တည္ေဆာက္ေပးလ်က္ရွိရာ ေခတ္မီၿမိဳ႕ျပႀကီးတစ္ခုကို ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊ယခုႏွစ္ မတ္လ ၁၆ ရက္က အဆိုပါဇုန္၏ လူေနအိမ္ရာႏွင့္ စီးပြားေရး ဧရိယာအတြင္း၌ ဂ်ပန္ႏိုင္ငံမွ ဟိုတယ္လုပ္ငန္းစုတစ္ခုျဖစ္သည့္ စူပါဟိုတယ္ကိုဖြင့္လွစ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ျမန္မာသီလဝါ အက္စ္အီးဇက္ဟိုးလ္ဒင္းပတ္ဘလစ္ကုမၸဏီလီမိတက္(MTSH) အေနျဖင့္ Thilawa Property Development Ltd (TPD) တြင္ ၈၀ ရာခိုင္ႏႈန္းရင္းႏွီးျမွဳပ္ႏွံထားေၾကာင္း သိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
စက်တင်ဘာ ၁ ရက်က သီလဝါအထူးစီးပွားရေးဇုန်၌ မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက် (MTSH) ၏ ခြောက်ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးဝင်းအောင်က နိုင်ငံတကာအဆင့်မီ မြို့ပြကြီးတစ်ခု သီလဝါအထူးစီးပွားရေးဇုန်တွင် ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း ပြောထားသည်။
၎င်းကပြောထားရာတွင် " ရှေ့ကိုဘယ်လိုဆောင်ရွက် သွားမလဲဆိုရင် ဂျပန်သံအမတ်ကြီးဦးဆောင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။တိုးတတ်လာတဲ့အနေအထားနဲ့ ကျွန်တော်တို့ မူလဆောင်ရွက်နေတဲ့ Urban Planning တွေကို အသစ်ပြန်လုပ်ပြီး ခေတ်မီမြို့ပြပုံစံတွေ ထည့်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။မူလက လက်တွဲခဲ့တဲ့ ဂျပန်ကုမ္ပဏီ သုံးခုနဲ့ပဲ Urban Pla တွေကို ရေးဆွဲနေပါတယ်။နိုင်ငံတော်ကိုတင်ပြပြီး စက်မှုဇုန်ကို နိုင်ငံတကာအဆင့်မီ Urban Development ဖြစ်အောင် မြို့ပြအဆင့်ဖြစ်အောင်ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ပြောသည်။
Thilawa Property Development Ltd (TPD) သည် သီလဝါအထူးစီးပွားရေးဇုန်တွင် လူနေအိမ်ရာများ၊ဟိုတယ်များနှင့်စက်မှုဇုန်များကို အကောင်အထည်ဖော်တည်ဆောက်ပေးလျက်ရှိရာ ခေတ်မီမြို့ပြကြီးတစ်ခုကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ယခုနှစ် မတ်လ ၁၆ ရက်က အဆိုပါဇုန်၏ လူနေအိမ်ရာနှင့် စီးပွားရေး ဧရိယာအတွင်း၌ ဂျပန်နိုင်ငံမှ ဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်သည့် စူပါဟိုတယ်ကိုဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက်(MTSH) အနေဖြင့် Thilawa Property Development Ltd (TPD) တွင် ၈၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com