ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
၂၀၁၉ ခုႏွစ္ ပထမ ၆ လတာ ကာလတြင္ အာရွ-ပစိဖိတ္ေဒသအတြင္း ဟိုတယ္က႑ ရင္းႏွီးျမွဳပ္ႏွံမႈမွာ ကန္ေဒၚလာ ၄ ဒသမ ၅ ဘီလီယံအထိ ေရာက္ရွိခဲ့သည္။ ထိုပမာဏအနက္ ထက္ဝက္ေက်ာ္မွာ ဂ်ပန္၊ တရုတ္ႏွင့္ ၾသစေတးလ်ႏိုင္ငံမွ ကုမၸဏီတို႔က ရင္းႏွီးျမွဳပ္ႏွံခဲ့ၾကျခင္းျဖစ္သည္။
၂၀၁၉ ခုႏွစ္ ၊ ပထမႏွစ္ဝက္ကာလအတြင္း ဂ်ပန္ဟိုတယ္ေစ်းကြက္သည္ ေဒသတြင္းတြင္ အျမင့္မားဆံုး အေရာင္းအဝယ္ျဖစ္ပြားခဲ့ျပီး ကန္ေဒၚလာ ၁ ဒသမ ၁၄ ဘီလီယံအထိ ရွိခဲ့ေၾကာင္း အိမ္ျခံေျမစီမံခန္႔ခြဲမႈ ကုမၸဏီ JLL က ထုတ္ျပန္ေသာ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။
ဂ်ပန္၏ ဦးေဆာင္မႈအတြင္း ယခုႏွစ္ ဧျပီလတြင္ Hilton Tokyo Odaiba ဟိုတယ္ကို Japan Hotel REIT ရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္ပိုေရးရွင္းက ကန္ေဒၚလာ ၅၆၃ ဒသမ ၅ သန္းျဖင့္ ဝယ္ယူလိုက္မႈလည္း ပါဝင္သည္။
“ေခ်းေငြအတြက္ ကုန္က်စရိတ္ နည္းပါးမႈ၊ ဂ်ပန္မွာ က်င္းပလာေတာ့မယ့္ “၂၀၁၉ ရပ္ဂ္ဘီ ကမၻာ့ဖလား” ၊ “တိုက်ဳိ ၂၀၂၀” နဲ႔ “၂၀၂၅ ကမၻာ့ကုန္စည္ျပပြဲ” ေတြလို ပြဲေတာ္ၾကီးေတြရွိတာေၾကာင့္ ေစ်းကြက္တိုးတက္အားေကာင္းလာမယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြရွိမႈတို႔ေၾကာင့္ ဂ်ပန္ရင္းႏွီးျမွဳပ္ႏွံသူေတြရဲ႕ ဝယ္လိုအား ျမင့္တက္ေနပါတယ္” ဟု JLL Hotels and Hospitality မွ အာရွဆိုင္ရာ အမႈေဆာင္အရာရွိခ်ဳပ္ မိုက္ခ္ ဘက္ခ်ီလာက ေျပာၾကားသည္။
“၂၀၁၉ ခုႏွစ္အတြင္း ဂ်ပန္ကို ႏိုင္ငံတကာက လာေရာက္လည္ပတ္သူ ၁၂ ရာခိုင္ႏႈန္း ျမင့္တက္လာမယ္ဆိုတဲ့ ေဟာကိန္းေတြေၾကာင့္ ေဒသတြင္း ရင္းႏွီးျမွဳပ္ႏွံသူေတြဟာ ၂၀၁၉ ခုႏွစ္ရဲ႕ က်န္တဲ့ကာလေတြအတြင္း တိုက်ဳိနဲ႔ အိုဆာကာတို႔လို ျမိဳ႕ၾကီးေတြမွာ ဟိုတယ္က႑ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဆက္လုပ္သြားၾကဦးမယ္လို႔ ကၽြန္ေတာ္တို႔ ယံုၾကည္ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။
ဂ်ပန္၏ ေနာက္တြင္ တရုတ္ျပည္မွ ဟိုတယ္ရင္းႏွီးျမွဳပ္ႏွံမႈက ရပ္တည္ေနျပီး အေရာင္းအဝယ္ျဖစ္မႈပမာဏ ကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံဖိုးရွိသည္။ တရုတ္ျပည္တြင္း ထိပ္သီးအင္တာနက္ကုမၸဏီၾကီး JD.com သည္ ၂၀၁၉ ခုႏွစ္၊ ပထမ ၃ လပတ္အတြင္း Beijing Jade Palace ကို ကန္ေဒၚလာ သန္း ၄၀၀ ခန္႔ျဖင့္ ဝယ္ယူခဲ့ျပီး အဆိုပါဟိုတယ္ၾကီးကို ဘက္စံုသံုးရံုးခန္းအေဆာက္အအံုအျဖစ္ ေျပာင္းလဲရန္ စီစဥ္ေနသည္။
ၾသစေတးလ်ေစ်းကြက္တြင္မူ ပထမႏွစ္ဝက္ကာလအတြင္း ကန္ေဒၚလာ ၃၈၈ ဒသမ ၂ သန္းဖိုးခန္႔ ဟိုတယ္အေရာင္းအဝယ္မ်ား ျဖစ္ခဲ့သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
၂၀၁၉ ခုနှစ် ပထမ ၆ လတာ ကာလတွင် အာရှ-ပစိဖိတ်ဒေသအတွင်း ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ ထိုပမာဏအနက် ထက်ဝက်ကျော်မှာ ဂျပန်၊ တရုတ်နှင့် သြစတေးလျနိုင်ငံမှ ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ၊ ပထမနှစ်ဝက်ကာလအတွင်း ဂျပန်ဟိုတယ်ဈေးကွက်သည် ဒေသတွင်းတွင် အမြင့်မားဆုံး အရောင်းအဝယ်ဖြစ်ပွားခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံအထိ ရှိခဲ့ကြောင်း အိမ်ခြံမြေစီမံခန့်ခွဲမှု ကုမ္ပဏီ JLL က ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။
ဂျပန်၏ ဦးဆောင်မှုအတွင်း ယခုနှစ် ဧပြီလတွင် Hilton Tokyo Odaiba ဟိုတယ်ကို Japan Hotel REIT ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက ကန်ဒေါ်လာ ၅၆၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်မှုလည်း ပါဝင်သည်။
“ချေးငွေအတွက် ကုန်ကျစရိတ် နည်းပါးမှု၊ ဂျပန်မှာ ကျင်းပလာတော့မယ့် “၂၀၁၉ ရပ်ဂ်ဘီ ကမ္ဘာ့ဖလား” ၊ “တိုကျို ၂၀၂၀” နဲ့ “၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲ” တွေလို ပွဲတော်ကြီးတွေရှိတာကြောင့် ဈေးကွက်တိုးတက်အားကောင်းလာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိမှုတို့ကြောင့် ဂျပန်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအား မြင့်တက်နေပါတယ်” ဟု JLL Hotels and Hospitality မှ အာရှဆိုင်ရာ အမှုဆောင်အရာရှိချုပ် မိုက်ခ် ဘက်ချီလာက ပြောကြားသည်။
“၂၀၁၉ ခုနှစ်အတွင်း ဂျပန်ကို နိုင်ငံတကာက လာရောက်လည်ပတ်သူ ၁၂ ရာခိုင်နှုန်း မြင့်တက်လာမယ်ဆိုတဲ့ ဟောကိန်းတွေကြောင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံသူတွေဟာ ၂၀၁၉ ခုနှစ်ရဲ့ ကျန်တဲ့ကာလတွေအတွင်း တိုကျိုနဲ့ အိုဆာကာတို့လို မြို့ကြီးတွေမှာ ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်သွားကြဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဂျပန်၏ နောက်တွင် တရုတ်ပြည်မှ ဟိုတယ်ရင်းနှီးမြှုပ်နှံမှုက ရပ်တည်နေပြီး အရောင်းအဝယ်ဖြစ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးရှိသည်။ တရုတ်ပြည်တွင်း ထိပ်သီးအင်တာနက်ကုမ္ပဏီကြီး JD.com သည် ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း Beijing Jade Palace ကို ကန်ဒေါ်လာ သန်း ၄၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ပြီး အဆိုပါဟိုတယ်ကြီးကို ဘက်စုံသုံးရုံးခန်းအဆောက်အအုံအဖြစ် ပြောင်းလဲရန် စီစဉ်နေသည်။
သြစတေးလျဈေးကွက်တွင်မူ ပထမနှစ်ဝက်ကာလအတွင်း ကန်ဒေါ်လာ ၃၈၈ ဒသမ ၂ သန်းဖိုးခန့် ဟိုတယ်အရောင်းအဝယ်များ ဖြစ်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)