ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
အီတလီကုမ္ပဏီတစ်ခုကို ကော့သောင်းခရိုင်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း တန်ဖိုးရှိသည့် ဟိုတယ်စီမံကိန်းတစ်ခု ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အီတလီနိုင်ငံသည် နှစ်ပေါင်း ၃၀ အတွင်း ရင်းနှီးမြှုပ်နှံမှုမရှိခဲ့ဘဲ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်းဖြစ်ကာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၀ သန်းနှင့်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြောင်း၊ပြီးခဲ့သည့်ခရီးသွားရာသီတွင် အီတလီအခြေစိုက် Neos လေကြောင်းလိုင်းမှ ရန်ကုန်-မီလန် ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ပျံသန်းပြေးဆွဲမှုရှိပြီး ယခုနှစ်တွင် အီတလီခရီးသွားဧည့်သည် တစ်သောင်းနီးပါးဝင်ရောက်မှုရှိကြောင်းသိရသည်။
### Unicode Version ###
အီတလီကုမ္ပဏီတစ်ခုကို ကော့သောင်းခရိုင်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း တန်ဖိုးရှိသည့် ဟိုတယ်စီမံကိန်းတစ်ခု ဆောက်လုပ်ရန် ရင်းနှီးမြုှုပ်နှံခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အဆိုပါကုမ္ပဏီသည် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ကျွန်းမဲကြီးကျွန်းတွင် ခွင့်ပြုဧက ၁၇ ဧက အကျယ်အဝန်းဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို Myanmar Green Century အမည်ဖြင့် ဆောင်ရွက်ခွင့်ရမည် ဖြစ်သည်။
အီတလီနိုင်ငံသည် နှစ်ပေါင်း ၃၀ အတွင်း ရင်းနှီးမြှုုပ်နံှမှုမရှိခဲ့ဘဲ ပထမဆုံးအကြိမ် ရင်းနှီးမြှုုပ်နှံမှုဝင်ရောက်ခြင်းဖြစ်ကာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၀ သန်းနှင့်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြောင်း၊ပြီးခဲ့သည့်ခရီးသွားရာသီတွင် အီတလီအခြေစိုက် Neos လေကြောင်းလိုင်းမှ ရန်ကုန်-မီလန် ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ပျံသန်းပြေးဆွဲမှုရှိပြီး ယခုနှစ်တွင် အီတလီခရီးသွားဧည့်သည် တစ်သောင်းနီးပါးဝင်ရောက်မှုရှိကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com