ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
Smart City Awards 2019 ကို Asian-Oceanian Computing Industry Organization(ASOCIO) မွ ေပးအပ္ရာ မႏၲေလးၿမိဳ႕က ရရွိသည္။
ၾသဂုတ္ ၂၇ ရက္မွ ၂၉ ရက္အထိ ထုိင္းႏုိင္ငံဘန္ေကာက္ၿမိဳ႕တြင္ က်င္းပေနသည့္ ASOCIO Smart City Summit 2019 တြင္ မႏၲေလးကို ASOCIO Smart City Awards 2019 ေရြးခ်ယ္ေပးအပ္ျခင္းျဖစ္သည္။
မႏၲေလးၿမိဳ႕ေတာ္၀န္ေဒါက္တာရဲလြင္က‘‘သံုးႏွစ္တာကာလအတြင္း စည္ပင္ရဲ႕လုပ္ေဆာင္ခ်က္ေတြ ေၾကာင့္ တိုးတက္ေျပာင္းလဲမႈေတြကို အေျခခံၿပီး ေရြးခ်ယ္ခဲ့တာပါ’’ ဟု ေျပာထားသည္။
ASPCIO အဖြဲ႕ကို ၁၉၈၄ က ဂ်ပန္ႏုိင္ငံ တိုက်ိဳၿမိဳ႕တြင္ စတင္ဖြဲ႔စည္းခဲ့ေၾကာင္း၊ ကြန္ပ်ဴတာစက္မႈလုပ္ငန္းအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး အဆုိပါအဖြဲ႕တြင္ ျမန္မာႏုိင္ငံအပါအ၀င္အဖြဲ႕ဝင္ ၂၄ ႏုိင္ငံပါ၀င္ေၾကာင္း သိရသည္။
အာဆီယံႏုိင္ငံမ်ားမွ Smart City ျဖစ္ရန္ အလားအလာအေကာင္းဆံုးထိပ္ဆံုး ၁၀ ၿမိဳ႕ တြင္ မႏၲေလးၿမိဳ႕ကို အဆင့္ (၅) ေနရာ၌ ေရြးခ်ယ္ထားသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
Smart City Awards 2019 ကို Asian-Oceanian Computing Industry Organization(ASOCIO) မှ ပေးအပ်ရာ မန္တလေးမြို့ က ရရှိသည်။
သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပနေသည့် ASOCIO Smart City Summit 2019 တွင် မန္တလေးကို ASOCIO Smart City Awards 2019 ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။
မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က‘‘သုံးနှစ်တာကာလအတွင်း စည်ပင်ရဲ့လုပ်ဆောင်ချက်တွေ ကြောင့် တိုးတက်ပြောင်းလဲမှုတွေကို အခြေခံပြီး ရွေးချယ်ခဲ့တာပါ’’ ဟု ပြောထားသည်။
ASPCIO အဖွဲ့ကို ၁၉၈၄ က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ကွန်ပျူတာစက်မှုလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါအဖွဲ့တွင် မြန်မာနိုင်ငံအပါအဝင်အဖွဲ့ဝင် ၂၄ နိုင်ငံပါဝင်ကြောင်း သိရသည်။
အာဆီယံနိုင်ငံများမှ Smart City ဖြစ်ရန် အလားအလာအကောင်းဆုံးထိပ်ဆုံး ၁၀ မြို့ တွင် မန္တလေးမြို့ကို အဆင့် (၅) နေရာ၌ ရွေးချယ်ထားသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com