ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ၾသဂုတ္ ၅ ရက္က ရန္ကုန္ ၿမိဳ႕ Summit Park View Hotel တြင္ က်င္းပသည့္ က်ဴးေက်ာ္ေနထုိင္သူ မ်ားအတြက္ ေနရာခ်ထားေရးဆိုင္ရာ အလုပ္႐ံုေဆြးေႏြးပြဲ၌ ရန္ကုန္တိုင္းရွိ ၿမိဳ့သစ္ ေျခာက္ၿမိဳ႕နယ္တြင္ က်ဴးေက်ာ္မ်ား ေနထိုင္ရန္အတြက္ တစ္ၿမိဳ႕နယ္လွ်င္ အိမ္တစ္ေသာင္းခန္႔ဖန္တီးမည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေျပာထားေၾကာင္း သိရသည္။
၀န္ႀကီးခ်ဳပ္က‘‘စက္႐ံု၊ အလုပ္႐ံု လာေရာက္မႈ ခုနစ္႐ံုခြင့္ျပဳလိုက္တယ္။ အလုပ္အကိုင္ အခြင့္အလမ္း ေလးေထာင္ေက်ာ္ ဖန္တီးေပးလိုက္တယ္။ အဲဒီေၾကညာခ်က္ ေတြကို ေကာ္မတီက ထုတ္ျပန္ပါတယ္။ ဒီလိုထုတ္ျပန္ေၾကညာတုိင္း ကြၽန္ေတာ့္စိတ္ထဲမွာ ရန္ကုန္ကို ေနာက္ထပ္လူေတြ ေခၚေနရတဲ့အေျခအေနျဖစ္ပါတ ယ္’’ဟု ေျပာသည္။
၀န္ႀကီးခ်ဳပ္က ရန္ကုန္တုိင္းတြင္ လူေလးသိန္းခန္႔ေနစရာအခက္အခဲျဖစ္ေနေၾကာင္း၊၎၏၀န္ႀကီးခ်ဳပ္ သက္တမ္းတြင္ ထိုသူမ်ားကို ေနစရာရရန္ ဦးစားေပးေဆာင္ရြက္မည္ျဖစ္ၿပီး အစိုးရက ေျမဧက ၁,၄၀၀ ခန္႔စီစဥ္ ထားေၾကာင္း၊ရန္ကုန္တိုင္းရွိ ၿမိဳ႕သစ္ေျခာက္ၿမိဳ႕နယ္ျဖစ္ေသာ ဒဂံုၿမိဳ႕သစ္ေလးၿမိဳ႕နယ္၊ လိႈင္သာယာႏွင့္ ေရႊျပည္သာၿမိဳ႕နယ္တို႔တြင္ က်ဴးေက်ာ္မ်ား ေနထိုင္ရန္ၿမိဳ႕နယ္တစ္ခုလွ်င္ အိမ္တစ္ေသာင္းခန္႔ ဖန္တီးမည္ျဖစ္ေၾကာင္း ေျပာထားသည္။
က်ဴးေက်ာ္မ်ားအတြက္ တန္ဖုိးနည္းအိမ္ရာတည္ေဆာက္ရန္ စီစဥ္ေသာ္လည္း လုပ္ငန္းၾကာရွည္ျခင္း ေၾကာင့္ အစိုးရက ေျမေပးၿပီးကိုယ္တုိင္ အိမ္ေဆာက္လုပ္ရသည့္ စနစ္ကို ေဆာင္ရြက္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
သြဂုတ် ၅ ရက်က ရန်ကုန် မြို့ Summit Park View Hotel တွင် ကျင်းပသည့် ကျူးကျော်နေထိုင်သူ များအတွက် နေရာချထားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းရှိ မြို့သစ် ခြောက်မြို့နယ်တွင် ကျူးကျော်များ နေထိုင်ရန်အတွက် တစ်မြို့နယ်လျှင် အိမ်တစ်သောင်းခန့်ဖန်တီးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောထားကြောင်း သိရသည်။
ဝန်ကြီးချုပ်က‘‘စက်ရုံ၊ အလုပ်ရုံ လာရောက်မှု ခုနစ်ရုံခွင့်ပြုလိုက်တယ်။ အလုပ်အကိုင် အခွင့်အလမ်း လေးထောင်ကျော် ဖန်တီးပေးလိုက်တယ်။ အဲဒီကြေညာချက် တွေကို ကော်မတီက ထုတ်ပြန်ပါတယ်။ ဒီလိုထုတ်ပြန်ကြေညာတိုင်း ကျွန်တော့်စိတ်ထဲမှာ ရန်ကုန်ကို နောက်ထပ်လူတွေ ခေါ်နေရတဲ့အခြေအနေဖြစ်ပါတ ယ်’’ဟု ပြောသည်။
ဝန်ကြီးချုပ်က ရန်ကုန်တိုင်းတွင် လူလေးသိန်းခန့်နေစရာအခက်အခဲဖြစ်နေကြောင်း၊၎င်း၏ဝန်ကြီးချုပ် သက်တမ်းတွင် ထိုသူများကို နေစရာရရန် ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး အစိုးရက မြေဧက ၁,၄၀၀ ခန့်စီစဉ် ထားကြောင်း၊ရန်ကုန်တိုင်းရှိ မြို့သစ်ခြောက်မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်လေးမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ကျူးကျော်များ နေထိုင်ရန်မြို့နယ်တစ်ခုလျှင် အိမ်တစ်သောင်းခန့် ဖန်တီးမည်ဖြစ်ကြောင်း ပြောထားသည်။
ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရန် စီစဉ်သော်လည်း လုပ်ငန်းကြာရှည်ခြင်း ကြောင့် အစိုးရက မြေပေးပြီးကိုယ်တိုင် အိမ်ဆောက်လုပ်ရသည့် စနစ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com