ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ျမန္မာနိုင္ငံရင္းနွီးျမွပ္နွံမွဳေကာ္မရွင္မွ ကုန္ထုတ္လုပ္မႈက႑၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ ဟိုတယ္က႑ႏွင့္ အိမ္ရာအေဆာက္အဦးက႑တို႔တြင္ရင္းနွီးျမွဳပ္နွံမွဳ အေမရိကန္ေဒၚလာ ၁၀၁ သန္းေက်ာ္ခြင့္ျပဳေပးခဲ့ေၾကာင္း ၁၂/၂၀၁၉ ႀကိမ္ေျမာက္ အစည္းအေ၀းမွ သိရသည္။
ေကာ္မရွင္မွ ကုန္ထုတ္လုပ္မႈက႑၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ ဟိုတယ္ က႑ႏွင့္ အိမ္ရာအေဆာက္ အဦးက႑တို့မွ လုပ္ငန္းေပါင္း ၉ ခု ကုိလုပ္ကုိင္ခြင့္ျပဳခဲ့ျခင္းျဖစ္ျပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္ ၃၀၀၀ ေက်ာ္ကုိခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။
ျမန္မာနိုင္ငံရင္းနွီးျမွဳပ္နွံမွဳေကာ္မရွင္သည္ ၁၉၈၈ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ဇြန္လကုန္အထိ ႏိုင္ငံေပါင္း ၄၉ ႏိုင္ငံတို႔မွ စီးပြားေရးက႑ ၁၂ ခု တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းေပါင္း ၁၇၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံ ခဲ့ျပီး စုစုေပါင္း အေမရိကန္ ေဒၚလာ သန္း ၈၀,၀၀၀ ေက်ာ္ ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံရန္ ခြင့္ျပဳခဲ့ေၾကာင္း အဆိုပါေကာ္မရွင္ထံမွသိရသည္။
လက္ရွိတြင္ ရင္းႏွီး ျမႇဳပ္ႏွံမႈ အမ်ားဆုံး ျပဳလုပ္သည့္ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံ တို႔ ျဖစ္သည္။
လက္ရွိ ႏိုင္ငံေပါင္း ၄၉ ႏိုင္ငံမွ စီးပြားေရးက႑ ၁၂ ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံသည့္လုပ္ငန္းမ်ားမွာ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ ၂၇ ဒသမ ၇၂ ရာခိုင္နွဳန္း၊ လွ်ပ္စစ္ က႑တြင္ ၂၆ ဒသမ ၁၈ ရာခိုင္နွဳန္း၊ ကုန္ထုတ္လုပ္မႈ က႑တြင္ ၁၃ ဒသမ ၈၂ ရာခိုင္နွဳန္း ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း ေကာ္မရွင္၏စာရင္းဇယားမ်ား အရ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ် ကဏ္ဍနှင့် အိမ်ရာအဆောက်အဦးကဏ္ဍတို့တွင်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၁ သန်းကျော်ခွင့်ပြုပေးခဲ့ကြောင်း ၁၂/၂၀၁၉ ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
ကော်မရှင်မှ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ် ကဏ္ဍနှင့် အိမ်ရာအဆောက် အဦးကဏ္ဍတို့မှ လုပ်ငန်းပေါင်း ၉ ခု ကိုလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် ၃၀၀၀ ကျော်ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၇၀၀ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၈၀,၀၀၀ ကျော် ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့ကြောင်း အဆိုပါကော်မရှင်ထံမှသိရသည်။
လက်ရှိတွင် ရင်းနှီး မြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ ဖြစ်သည်။
လက်ရှိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ၂၇ ဒသမ ၇၂ ရာခိုင်နှုန်း၊ လျှပ်စစ် ကဏ္ဍတွင် ၂၆ ဒသမ ၁၈ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၁၃ ဒသမ ၈၂ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း ကော်မရှင်၏စာရင်းဇယားများ အရ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com