ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ဟံသာဝတီေလဆိပ္စီမံကိန္းတည္ေဆာက္ရန္ စီမံကိန္းအတြက္ ဂ်ပန္ႏုိင္ငံက ရာခိုင္ႏႈန္းျပည့္ေခ်းေငြေပးမည္ ျဖစ္ေသာေၾကာင့္ ဂ်ပန္ႏိုင္ငံတြင္ ဂ်ပန္ကုမၸဏီမ်ားကို ယခုႏွစ္ကုန္တြင္ တင္ဒါေခၚယူမည္ျဖစ္ေၾကာင္း ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။
၎စီမံကိန္းအတြက္ ဂ်ပန္-ျမန္မာႏွစ္ႏုိင္ငံ ဒုတိယဝန္ႀကီးအဆင့္ေဆြးေႏြးပြဲ ေလးႀကိမ္ျပဳလုပ္ထားၿပီး ေခ်းေငြအေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံမွ ႏွစ္ဘီလီယံအထိ ဂ်ပန္ကေပးမည္ျဖစ္ေၾကာင္း၊ယခုဟံသာဝ တီေလဆိပ္စီမံကိန္းကို ဂ်ပန္ဘက္ကလည္း စိတ္ဝင္စားမႈရွိၿပီး ဂ်ပန္ေလဆိပ္ကုမၸဏီျဖစ္သည့္ Narita ႏွင့္ Haneda တို႔ကလည္းစိတ္ဝင္စားေၾကာင္း သိရသည္။
ေျပးလမ္းတစ္ခုသာရွိသည့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္သည္ ေလယာဥ္ႀကီးမ်ားဆင္းသက္ရန္ အခက္အခဲရွိလာသျဖင့္ ႏိုင္ငံတကာေလဆိပ္အသစ္တည္ေဆာက္ရန္လိုအပ္လာရာ ဂ်ပန္ေခတ္ကေလဆိပ္သဖြယ္အသံုးျပဳခဲ့ေသာ ပဲခူးၿမိဳ႕ ေက်ာက္တိုင္ရြာအနီးရွိ ေျမဧက ၉၀၀ ေက်ာ္၌ အေကာင္အထည္ေဖာ္ရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။
၂၀၁၄ေအာက္တုိဘာတြင္ သံုးခုေပါင္းအစုရွယ္ယာပိုင္သည့္ စီးပြားေရးလုပ္ငန္းစုႀကီးက တင္ဒါရရွိခဲ့ၿပီး ၂၀၁၈ ဇန္နဝါရီတြင္ သက္တမ္းကုန္ဆုံးရာ ျမန္မာအစိုးရႏွင့္ညႇိႏိႈင္းမႈအဆင္မေျပ၍ သက္တမ္းမတိုးႏိုင္ေသးေၾကာင္း အစုရွယ္ယာပိုင္ကုမၸဏီတစ္ခုျဖစ္ေသာ စင္ကာပူ Yongnam Holdings ကုမၸဏီက ေၾကျငာခ်က္ ထုတ္ျပန္ထားမႈရွိသည္။
ပဲခူးတိုင္းအစိုးရက ထုိစီမံကိန္းအတြက္ ေျမယာေလ်ာ္ေၾကးႏွင့္သီးႏွံနစ္နာေၾကးမ်ားေပးအပ္ထားေၾကာင္းလည္း သိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဟံသာဝတီလေဆိပ်စီမံကိန်းတည်ဆောက်ရန် စီမံကိန်းအတွက် ဂျပန်နိုင်ငံက ရာခိုင်နှုန်းပြည့်ချေးငွေ ပေးမည် ဖြစ်သောကြောင့် ဂျပန်နိုင်ငံတွင် ဂျပန်ကုမ္ပဏီများကို ယခုနှစ်ကုန်တွင် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
၎င်းစီမံကိန်းအတွက် ဂျပန်-မြန်မာနှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့်ဆွေးနွေးပွဲ လေးကြိမ်ပြုလုပ်ထားပြီး ချေးငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ နှစ်ဘီလီယံအထိ ဂျပန်ကပေးမည်ဖြစ်ကြောင်း၊ယခုဟံသာဝ တီလေဆိပ်စီမံကိန်းကို ဂျပန်ဘက်ကလည်း စိတ်ဝင်စားမှုရှိပြီး ဂျပန်လေဆိပ်ကုမ္ပဏီဖြစ်သည့် Narita နှင့် Haneda တို့ကလည်းစိတ်ဝင်စားကြောင်းသိရသည်။
ပြေးလမ်းတစ်ခုသာရှိသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေယာဉ်ကြီးများဆင်းသက်ရန် အခက်အခဲရှိလာသဖြင့် နိုင်ငံတကာလေဆိပ်အသစ်တည်ဆောက်ရန်လိုအပ်လာရာ ဂျပန်ခေတ်က လေဆိပ်သ ဖွယ်အသုံး ပြုခဲ့သော ပဲခူးမြို့ ကျောက်တိုင်ရွာအနီးရှိ မြေဧက ၉၀၀ ကျော်၌ အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်။
၂၀၁၄အောက်တိုဘာတွင် သုံးခုပေါင်းအစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက တင်ဒါရရှိခဲ့ပြီး ၂၀၁၈ ဇန်နဝါရီတွင် သက်တမ်းကုန်ဆုံးရာ မြန်မာအစိုးရနှင့်ညှိနှိုင်းမှုအဆင်မပြေ၍ သက်တမ်းမတိုးနိုင်သေး ကြောင်း အစုရှယ်ယာပိုင်ကုမ္ပဏီတစ်ခုဖြစ်သော စင်ကာပူ Yongnam Holdings ကုမ္ပဏီက ကြေငြာချက် ထုတ်ပြန်ထားမှုရှိသည်။
ပဲခူးတိုင်းအစိုးရက ထိုစီမံကိန်းအတွက် မြေယာလျော်ကြေးနှင့်သီးနှံနစ်နာကြေးများပေးအပ်ထား ကြောင်းလည်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com