ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဒီနေ့ လယ်ယာမြေတွေဟာ ဂရန်မြေ သို့မဟုတ် မြေငှါးစာချုပ်တို့နဲ့ ပုံသဏ္ဌာန် အတော်လေး တူသွား၍ စနစ်ကျသွားပြီးလို့ပြောရင် ပိုမှန်မည်ဖြစ်ပါသည်။
ဒါ့ကြောင့် နည်းနည်းပါးပါး လွဲသွားရင် အများစုတူနေတဲ့ ဂရန်မြေ (မြေငှါးစာချုပ် )၊ အိမ်ခြံမြေ နှင့် အခြားအရေးကြီး စာချုပ်များ အကြောင်းကို အောက်ပါ အချက်များဖြင့် ဖော်ပြပေးထားပါသည်။
1. မြေ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ပင် ဖြစ်ပါသည်။
2. သားစဉ်မြေးဆက် လက်ဝယ်ထားပိုင်ခွင့် ရှိသည်။
3. မိမိမြေပေါ်မှ အကျိုးအမြတ်တို့ကို ခံစားပိုင်ခွင့် ရှိသည်။
4. မိမိဆန္ဒအလျှောက် ရောင်းချပိုင်ခွင့် ရှိသည်။
5. ပေါင်နံှပိုင်ခွင့် ရှိပါသည်။
6. ငှါးရမ်းပိုင်ခွင့် ရှိပါသည်။
7. လဲလှယ်ပိုင်ခွင့်လည်း ရှိပါသည်။
8. ပေးကမ်းပိုင်ခွင့်လည်း ရှိပါသည်။
9. အမွေဆက်ခံပိုင်ခွင့် ရှိပါသည်။ (စာချုပ် မှတ်ပုံတင်ရပါမည်)
10. အကျိုးတူ ဖက်ဆက်လုပ်ပိုင်ခွင့် ရှိသည်။
11. နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ဥပဒေနှင့်ညီလျှင် နိုင်ငံခြား အဖွဲ့အစည်းနှင့်လည်း ပူးပေါင်း လုပ်ကိုင်နိုင်သည်ဟူ၍ ဖြစ်ပါသည်။
အထက်ပါ ၁၁ ချက်လုံးကို “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်” ရရှိသူတွေကသာ တစ်ထပ်တည်း ခံစားလို့ရမည် ဖြစ်ပါသည်။
သို့ရာတွင် “ လယ်ယာမြေ ” မှာလည်း ဦးစီးဌာနက သတ်မှတ်တဲ့ နှုန်းထားအတိုင်း တံဆိပ်ခေါင်းခွန်ကပ်ပြီး မြို့နယ်ဦးစီးဌာနရုံးမှာ စာချုပ်ချုပ်တိုင်း မှတ်ပုံတင်ခြင်း၊ အမှတ်စဉ် (၅) ပေါင်နံှခြင်းကိစ္စမှာတော့ စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးအတွက်သာ အစိုးရအသိအမှတ်ပြုသော ဘဏ်တို့တွင် ပေါင်းနံှခြင်း၊ ခွင့်ပြုချက် မရှိဘဲ “လယ်ယာမြေ” ကို အခြားနည်း သုံးစွဲ၍ မရခြင်းဆိုတဲ့ စည်းကမ်းလေးတွေ ရှိပါသည်။
Credit: Winning land
[Zawgyi]
ဒီေန႔ လယ္ယာေျမေတြဟာ ဂရန္ေျမ သို႔မဟုတ္ ေျမငွါးစာခ်ဳပ္တို႔နဲ႕ ပံုသဏၭာန္ အေတာ္ေလး တူသြား၍ စနစ္က်သြားၿပီးလို႕ေျပာရင္ ပိုမွန္မည္ျဖစ္ပါသည္။
ဒါ့ေၾကာင့္ နည္းနည္းပါးပါး လဲြသြားရင္ အမ်ားစုတူေနတဲ့ ဂရန္ေျမ (ေျမငွါးစာခ်ဳပ္ )၊ အိမ္ျခံေျမ ႏွင့္ အျခားအေရးၾကီး စာခ်ဳပ္မ်ား အေၾကာင္းကို ေအာက္ပါ အခ်က္မ်ားျဖင့္ ေဖာ္ျပေပးထားပါသည္။
1. ေျမ၏ ပင္ရင္းပိုင္႐ွင္မွာ ႏိုုင္ငံေတာ္ပင္ ျဖစ္ပါသည္။
2. သားစဥ္ေျမးဆက္ လက္ဝယ္ထားပိုင္ခြင့္ ႐ိွသည္။
3. မိမိေျမေပၚမွ အက်ိဳးအျမတ္တို႕ကို ခံစားပိုင္ခြင့္ ႐ိွသည္။
4. မိမိဆႏၵအေလွ်ာက္ ေရာင္းခ်ပိုင္ခြင့္ ႐ိွသည္။
5. ေပါင္ႏံွပိုင္ခြင့္ ႐ိွပါသည္။
6. ငွါးရမ္းပိုင္ခြင့္ ႐ိွပါသည္။
7. လဲလွယ္ပိုင္ခြင့္လည္း ႐ိွပါသည္။
8. ေပးကမ္းပိုင္ခြင့္လည္း ႐ိွပါသည္။
9. အေမြဆက္ခံပိုင္ခြင့္ ႐ိွပါသည္။ (စာခ်ဳပ္ မွတ္ပံုတင္ရပါမည္)
10. အက်ိဳးတူ ဖက္ဆက္လုပ္ပိုင္ခြင့္ ႐ိွသည္။
11. ႏိုုင္ငံျခား ရင္းႏီွးျမွဳပ္ႏံွမွဳ ဥပေဒႏွင့္ညီလွ်င္ ႏိုုင္ငံျခား အဖဲြ႕အစည္းႏွင့္လည္း ပူးေပါင္း လုပ္ကိုင္ႏိုင္သည္ဟူ၍ ျဖစ္ပါသည္။
အထက္ပါ ၁၁ ခ်က္လံုးကို “လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္” ရ႐ိွသူေတြကသာ တစ္ထပ္တည္း ခံစားလို႔ရမည္ ျဖစ္ပါသည္။
သို႔ရာတြင္ “ လယ္ယာေျမ ” မွာလည္း ဦးစီးဌာနက သတ္မွတ္တဲ့ ႏႈန္းထားအတိုင္း တံဆိပ္ေခါင္းခြန္ကပ္ၿပီး ၿမိဳ႕နယ္ဦးစီးဌာန႐ံုုးမွာ စာခ်ဳပ္ခ်ဳပ္တိုင္း မွတ္ပံုတင္ျခင္း၊ အမွတ္စဥ္ (၅) ေပါင္ႏံွျခင္းကိစၥမွာေတာ့ စိုက္ပ်ိဳးထုတ္လုပ္မႈအရင္းအႏီွးအတြက္သာ အစိုးရအသိအမွတ္ျပဳေသာ ဘဏ္တို႔တြင္ ေပါင္းႏံွျခင္း၊ ခြင့္ျပဳခ်က္ မ႐ိွဘဲ “လယ္ယာေျမ” ကို အျခားနည္း သံုးစဲြ၍ မရျခင္းဆိုတဲ့ စည္းကမ္းေလးေတြ ႐ိွပါသည္။
Credit: Winning land