ဗဟုသုတ | Posted by ရွှေစင်ဝင်း
တရုတ်ပြည်တွင် ရှန်ဟိုင်းမြို့၏ အရှေ့မြောက်ဘက်၌ လမ်းဖောက်လုပ်ရာ မလွတ်ကင်းသော နေအိမ်တစ်လုံး ကို အစိုးရက ပြောင်းရွှေ့စရိတ် ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၀,၀၀၀) ပေးကာ ရွှေ့ပြောင်းခိုင်းခဲ့ သော်လည်း အိမ်ရှင်အမျိုးသားက လက်မခံခဲ့ရာ သူ၏ နေအိမ်ဘေး ကွင်းဝိုက်ကာ လမ်းဖောက်လုပ်ခဲ့သည်။
ရှန်ဟိုင်းမြို့၏ အရှေ့မြောက်ဘက် Jinxi မြို့တွင် ဖြစ်ပြီး အိမ်ရှင်အမျိုးသား၏ အမည်မှာ ဟွမ်ပင်းဖြစ်ကာ ၁၁ နှစ်အရွယ် မြေးငယ်နှင့် အတူနေထိုင်နေသူ ဖြစ်သည်။
ယခုအခါ ဆောက်လုပ်ဆဲဖြစ်သော ကားလမ်းမမှာ ဟွမ်ပင်း၏ ၂ ထပ်အိမ် အမိုးနှင့် တန်းတူအမြင့် နီးပါးဖြစ်နေသည်။
လမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဆူညံသံများ၊ ဖုန်များကို ရှောင်ရှားရန် နေ့ဘက်၌ မြို့လယ်သို့ သွားရောက် အချိန်ဖြုန်း နေထိုင်ပြီး လုပ်ငန်းခွင်သိမ်းချိန် ညရောက်မှ အိမ်သို့ ပြန်လာသည်။
အစိုးရက ကမ်းလှမ်းသည့် ရွှေ့ပြောင်းစရိတ် လက်မခံ မိခဲ့ခြင်းကို နောင်တရကြောင်း၊ ထီဆုကြီးတစ်ခု လွဲချော်သွားသကဲ့သို့ ခံစားရကြောင်း ဟွမ်ပင်းက ပြောသည်။
သူ၏ နေအိမ်ပတ်လည်မှာ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သောကြောင့် တခါတရံတွင် နေအိမ်တုန်ခါသွားလေ့ရှိကြောင်း ဟွမ်ပင်းက ပြောသည်။
လက်ရှိအားဖြင့် ကားလမ်းမှာ အများပြည်သူများ သွားလာရန် ဖွင့်လှစ်မပေးသေး။
လမ်းဖွင့်ချိန်တွင် မည်သို့ ကြုံတွေ့ရမည်ကို ဟွမ်ပင်က စိုးရိမ်နေသည်။
(တရုတ်ပြည်တွင် ရှန်ဟိုင်းမြို့၏ အရှေ့မြောက်ဘက်၌ လမ်းဖောက်လုပ်ရာ မလွတ်ကင်းသော နေအိမ်တစ်လုံး ကို အစိုးရက ပြောင်းရွှေ့စရိတ်ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၀,၀၀၀) ပေးကာ ရွှေ့ပြောင်းခိုင်းခဲ့ သော်လည်း အိမ်ရှင်အမျိုးသားက လက်မခံခဲ့ရာ သူ၏ နေအိမ်ဘေး ကွင်းဝိုက်ကာ လမ်းဖောက်လုပ်ခဲ့သည်။)
(အစိုးရက ကမ်းလှမ်းခဲ့သည့်ငွေ လက်မခံမိခဲ့ခြင်းကို နောင်တရကြောင်း ဟွမ်ပင်းက ပြောသည်။)
(လက်ရှိအားဖြင့် ကားလမ်းမှာ အများပြည်သူများ သွားလာရန် ဖွင့်လှစ်မပေးသေး။ လမ်းဖွင့်ချိန်တွင် မည်သို့ ကြုံတွေ့ရမည်ကို ဟွမ်ပင်းက စိုးရိမ်နေသည်။)
“အချိန်တွေသာ နောက်ကို ပြန်သွားလို့ရမယ်ဆိုရင် အစိုးရက ကမ်းလှမ်းတဲ့ ရွှေ့ပြောင်းစရိတ်ကို ကျွန်တော် လက်ခံမှာ ဖြစ်ပါတယ်။”
“ခုအချိန်မှာ ထီဆုကြီးတစ်ခု လွဲချော်သွားသလို ခံစားရပါတယ်။ ကျွန်တော် တော်တော်လေး နောင်တရမိပါတယ်”ဟု ဟွမ်ပင်းက ပြောသည်။
တရုတ်ပြည်တွင် ဆောက်လုပ်ရေး စီမံကိန်းများ၌ အိမ်ရှင်တို့ ပြောင်းရွှေ့ပေးရန် ငြင်းဆိုပါက ကွင်းဝိုက် ဆောက်လုပ်သည့် ဖြစ်ရပ် မကြာခဏ ပေါ်ပေါက်သည်။
တရုတ်ပြည်တွင် အဆိုပါ နေအိမ်များကို တင်ကျီ (သို့မဟုတ်) သံမှိုအိမ်များဟု ခေါ်ဝေါ်ကြသည်။
(မှတ်ချက်။ နှုတ်၍မရ၊ ရိုက်သွင်း၍ မရသော သံမှိုများနှင့် ခိုင်းနှိုင်းကာ Developer တို့က ရည်ညွှန်းသုံးနှုန်း ကြခြင်း ဖြစ်သည်။)
(ယခုဖြစ်ရပ်မျိုး တရုတ်ပြည်တွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။)
(သံမှိုအိမ်များတွင် နေထိုင်နေသူ အိမ်ရှင်များစွာ ရှိသည်။)
(တရုတ်ပြည်တွင် ဆောက်လုပ်ရေး စီမံကိန်းများ၌ အိမ်ရှင်တို့ ပြောင်းရွှေ့ပေးရန် ငြင်းဆိုပါက ကွင်းဝိုက် ဆောက်လုပ်သည့် ဖြစ်ရပ် မကြာခဏ ကြားရသည်။ တရုတ်ပြည်တွင် အဆိုပါ နေအိမ်များကို တင်ကျီ (သို့မဟုတ်) သံမှိုအိမ်များဟု ခေါ်ဝေါ်ကြသည်။)
Tartankiwi အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “ငါတို့ နယူးဇီလန်မှာဆိုရင်တော့ အစိုးရက ဖြစ်နိုင်သမျှ နည်းနည်းလေးပဲ လျော်ကြေးပေးမယ်။ တကယ်လို့ ငြင်းတယ်ဆိုရင် ပြည်သူ့လုပ်ငန်း အက်ဥပဒေနဲ့ အရေးယူပြီး အတင်းအကျပ် ဖယ်ထုတ်ခံရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I do regret it a bit': Grandfather has a motorway built AROUND his house after turning down £180,000 compensation package Photo Credit-dailymail