လူကူးခုံးကျော်တံတားအသစ်များ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် ထပ်မံတည်ဆောက်ရန်စီစဉ်နေ

လူကူးခုံးကျော်တံတားအသစ်များ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် ထပ်မံတည်ဆောက်ရန်စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 11:28 am တွင် တင်ခဲ့သည်
981 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် လူကူးခုံးကျော်တံတားအသစ်များ ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းတိုင်း(၇)မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်၏ ပြောပြချက်အရ သိရသည်။

" အစိုးရဘတ်ဂျက်ရတဲ့အနေအထားပေါ်မူတည်ပြီး လူကူးခုံးကျော်တံတားတွေ ဆောက်လုပ်မယ်။ မြို့တစ်ပတ်လုံး ရန်ကုန်ဘူတာကြီးမပါရင် လူကူးခုံးကျော်တံတား ၃၅ ခုရှိတယ်။ နောက်ထပ်ဆောက်ပေးမှာတွေလည်းရှိသေးတယ်။ တချို့နေရာတွေမှာ တရားမ၀င်ကူးနေကြတာတွေ၊ အုတ်တံတိုင်းမရှိလို့ ဖြတ်ကူးတာတွေရှိတယ်။ အုတ်တံတိုင်းရှိရဲ့နဲ့ အုတ်တံတိုင်းကိုဖောက်ပြီး ကူးတာတွေလည်းရှိတယ်။ လှည်းတန်းနဲ့ ကမာရွတ်ဘူတာကြားမှာဆိုရင် အုတ်တံတိုင်းအသစ်လုပ်ထားတဲ့နေရာတွေမှာ သံလှေကားတွေထောင်ပြီးတော့ သွားလာနေတာတွေ တွေ့ရတယ်။ အဓိကကတော့ ရထားလမ်းကို ဖြတ်မကူးစေချင်တာပါ။ နောက်ဆို ရထားတွေက မြန်နှုန်းမြင့်လာမှာဆိုတော့ ခရီးသွားပြည်သူတွေဖြတ်သွားဖြတ်လာဆိုရင် အသက်အန္တရာယ်ရှိနိုင်တယ်" ဟု ဦးကျော်မျိုးလွင်က ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ပြီးပါက ရထားများကို မြန်နှုန်းမြင့်ပြေးဆွဲမည်ဖြစ်သည့်အတွက် ပြည်သူများ လမ်းဖြတ်ကူးသွားလာရာတွင် အသက်အန္တရာယ် ထိခိုက်မှုမရှိစေရန် တချို့လမ်းပိုင်းများတါင် ခြံစည်းရိုးကာခြင်း၊ တချို့လိုအပ်သည့် နေရာများတွင် လူကူးခုံးကျော်တံတားများ ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မတော်တဆမှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ မတော်တဆမှုများသည် ရထားစီးနင်းသူများ၏ စည်းကမ်းမလိုက်နာမှုကြောင့် ဖြစ်ပြီး ကားနှင့်ရထားတိုက်မှု စုစုပေါင်းသုံးခုဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကားလမ်းကူးရထားလမ်းပိုင်းတရားဝင်ဂိတ် ၇၂ ခုနှင့် တရားမ၀င်ဂိတ် ၅၃ ခုရှိပြီး ရထားနှင့်ကားတိုက်မှု သုံးခုစလုံးသည် တရားမ၀င်ကားလမ်းကူးရထားလမ်းပိုင်းဂိတ်များတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ ရထားနှင့်ကားမတော်တဆဖြစ်ပွားမှုများလျော့နည်းစေရန် ပြည်သူအသိပေးပညာပေးဟောပြောပွဲနှင့် မြန်မာ့မီးရထားတိုင်း(၇)မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

Pan Swal Taw
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service