ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ကလှည်းကူးမြို့နယ်တွင် တောင်ကိုရီးယား-မြန်မာစီးပွားရေးဇုန်တည်ဆောက်မှုအကျိုးတူပူးပေါင်းရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင်အတည်ပြုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် တည်ဆောက်မည့် စီးပွားရေးဇုန်၏ပထမပိုင်းလည်ပတ်မှုကို Korea - Myanmar Industrial Complex Development Co., Ltd ကလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
စီမံကိန်းပထမပိုင်းကို စက်ရုံတည်ရှိမည့် ၂၂၄ စတုရန်းမီတာထဲက ၁၂၇ စတုရန်းမီတာကိုခွဲဝင်အသုံးပြုမည်ဟု မျှော်လင့်ထားကြောင်းသိရသည်။
KMIC ကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အိမ်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် မြို့ပြအိမ်ရာဦးစီးဌာနနှင့် တောင်ကိုရီးယားတို့က မြေနေရာကို 60/40 ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
စီမံကိန်းတစ်ခုလုံးကို အမေရိကန် ဒေါ်လာ သန်း ၁၁၀ အသုံးပြုမှာဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း အပြီးသတ်ဆောက်လုပ်သွားမယ်လို့ မျှော်မှန်းထားကြောင်း သိရသည်။
ထိုစီမံကိန်းပြီးစီးသွားတဲ့အခါမှာ အလုပ်အကိုင်ပေါင်း ငါးသောင်း နဲ့ တစ်သိန်းကြားဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်မေလက ပြောကြားခဲ့ကြောင်းသိရသည်။
အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းများ၊ ဝန်ထမ်းအိမ်ရာ၊ လေ့ကျင့်ရေးကျောင်း၊ ပန်းခြံများနှင့် စီးပွားရေးဝန်ဆောင်မှုများ စက်ရုံဧရိယာအတွက်ခေါ်ဆိုဖို့ အစီအစဉ်များဖြစ်သည်။
ထိုစီမံကိန်းမှာတောင်ကိုရီးယားကုမ္ပဏီအများစုမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြောင်း အာဆီယံ-ကိုရီးယားစင်တာ၏အထွေထွေအတွင်းရေးမှူးချုပ်ကင်မ်ရောင်ဆန်း က ၂၀၁၈ ခုနှစ်တွင်ပြောကြားခဲ့သည်။
ထိုစက်ရုံအပြင် ဒလမြို့နယ်တွင် တောင်ကိုရီးယားမှ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားစီမံကိန်းပြုလုပ်နေကြောင်းလဲသိရသည်။
Credit: The Myanmar Times