မြေညီထပ်အမြင့်ပြောင်းလဲခြင်းကြောင့် အခက်အခဲဖြစ်နေသည့် ကန်ထရိုက်တာများကိုကူညီပေးရန် (MLCA)သို့လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိနေဟုဆို

မြေညီထပ်အမြင့်ပြောင်းလဲခြင်းကြောင့် အခက်အခဲဖြစ်နေသည့် ကန်ထရိုက်တာများကိုကူညီပေးရန် (MLCA)သို့လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိနေဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 12:03 pm တွင် တင်ခဲ့သည်
1323 ကြိမ် ကြည့်ရှု့ပြီး

မြေညီထပ် အမြင့်ကို ၁၇ ပေအစား ၁၂ ပေ သာ ဆောက်လုပ်ခွင့်ပြောင်းလဲလိုက်ချိန်တွင် အခက်အခဲဖြစ်ပေါ် နေသည့် ကန်ထရိုက်တာများရှိနေ ပြီး ယင်းတို့အခက်အခဲများကို ကူညီပေးရန်(MLCA)သို့ လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိကြောင်း မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာအသင်း ချုပ်(MLCA)မှ သိရသည်။

အဆို ပါအခက်အခဲကို မကြာမီကာလအတွင်း ဆောင်ရွက်ပေးမည်ဟု ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီ(ယာ/အုံ)ဌာနမှူးတို့ကပြောကြားထားသည် ဟု မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာအသင်းချုပ်(MLCA) ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

မတ် ၃ ရက်က Sky Star ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာ အသင်းချုပ် (MLCA)၏ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

""ကန်ထရိုက်တာတွေမှာဖြစ်ပေါ်နေတဲ့အခက်အခဲတစ်ခုရှိပါတယ်။တိုက်တွေဆောက်ရင် ၁၇ ပေအမြင့်ကိစ္စပါ။ တချို့ကလည်းစာချုပ်တွေချုပ်ပြီးသွားပါပြီ။ တချို့ ကလည်းအိမ်ရှင်တွေနဲ့လက်မှတ်တွေထိုးပြီးသွားပြီ။ ပိုက်ဆံတွေ လည်းပေးပြီးသွားပြီ။ အပေးအယူတွေလည်း လုပ်ထားတာတွေ ရှိတယ်။ အဲဒီမှာအသင်းသား တွေအားလုံးကိုကြေညာပါတယ်။အခက်အခဲရှိနေတဲ့အမှန်အကန်သတ်မှတ်ထားတဲ့ ဥပဒေအရအခက်အခဲရှိနေတဲ့ကန်ထရိုက်တာ တွေ ကျွန်တော်တို့ဆီကိုတင်ပြပါ။အသင်းကနေတစ်ဆင့် ဆောင် ရွက်မယ်ဆိုပြီးပြောထားတာရှိပါ တယ်။

တိုက်အလုံးပေါင်း ၁၀ဝ ကျော်တင်ပြလာပါတယ်။ အဲ့ဒါကို (ယာ/အုံ)ဌာနမှူးဆီကိုတင်ပြပြီး တော့မှ ကျွန်တော်တို့အတွင်းရေးမှူးက တစ်စိုက်မတ်မတ်နဲ့လိုက်ပြီး တော့မှ ဆောင်ရွက်နေတာ မကြာခင်အချိန်အတွင်းမှ ဒီဟာကို ဆောင်ရွက်ပေးမယ်လို့ဌာနမှူးကပြောသလို မြို့တော်ဝန်ကြီးကလည်းပြောပါတယ်""ဟု ၄င်းကပြော သည်။

မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ်(MLCA)ကိုဖွဲ့စည်းရခြင်းသည် အသင်း သားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်ဖြစ်သည့်အတွက်အသင်းသားများအနေဖြင့်အခက် အခဲများကိုတင်ပြကာ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ဦးကျော် ဝင်းက ပြောသည်။

ယခင်က လမ်းအကျယ်အ ဝန်းနှင့်ကိုက်ညီပါက မြေညီထပ် ကို ၁၇ ပေအမြင့် ဆောက်လုပ် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ၁၂ ပေသာအမြင့်သာ ဆောက်လုပ် ရန် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA) မှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

""ကန်ထရိုက်တာက နဂိုသူ တို့မပြောခင်အချိန်ကစပြီး စာချုပ် ချုပ်ထားတဲ့အလုံးတွေရှိတဲ့အ တွက် အသင်းကိုလာရောက်အကူအညီတောင်းတော့ ဥက္ကဋ္ဌဦးကျော်ဝင်းက ဝန်ကြီးချုပ်ဆီသွားပြီးတော့ တွေ့ဆုံတယ်။ ၁၇ ပေ အမြင့် ဆောက်လုပ်ဖို့ မြေရှင်နဲ့စာချုပ်ချုပ် ထားပြီးဖြစ်တဲ့အတွက် ၁၇ ပေကို တောင်းဆိုတာကို ဝန်ကြီးချုပ်က မြို့တော်ဝန်ကိုစာနဲ့ ချထားပေး လိုက်တယ်။ ၁၇ ပေအမြင့်ကို တကယ်မြေရှင်နဲ့ချုပ်ထားတာ တွေကိုစိစစ်ပြီး ခွင့်ပြုပေးလိုက်ပါ ဆိုပြီး စာနဲ့ပို့ပေးလိုက်တယ်။ သို့ သော်လည်း ကန်ထရိုက်တာတွေ ကခုထက်ထိမရသေးဘူး""ဟု ၄င်း ကပြောသည်။

အဆိုပါနှစ်ပတ်လည် အခမ်းအနားသို့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA)၏နာယကကြီးများ၊ အသင်းဝင်များ၊ မိတ်ဖက်ညီနောင် အသင်းအဖွဲ့များ၊ ဆောက်လုပ် ရေးလုပ်ငန်းနှင့်ပတ်သက်ဆက် နွှယ်နေသော လုပ်ငန်းရှင်များတက် ရောက်ခဲ့ကြသည်။

Credit: Democracy today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service