ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရောင်းလိုဝယ်လိုအားပေါ်မူတည်ပြီး ရွှေဈေးပြောင်းနိုင်တဲ့ အနေအထားရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ပါတယ်။
ပြည်တွင်းဈေးကွက်မှာ သည်ရက်ပိုင်း ရွှေဈေးနှုန်းကျဆင်းနေပြီး သည်လ မတ်လ (၁)ရက်က ရွှေတစ်ကျပ်သား ကျပ် (၁,၀၆၆,၀၀၀)ရှိရာကနေ သည်လ (၂)ရက်မှာတော့ ရွှေတစ်ကျပ်သား (၁,၀၅၆,၅၀၀၊ ၁,၀၅၈,၂၀၀)ခန့်သို့ ကျဆင်းလာပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ သည်လ (၁)ရက်က တစ်ထရိုင်အောင်စ အမေရိကန်ဒေါ်လာ (၁၃၀၆ မှ ၁၃၁၅)ကြား ရှိခဲ့ပြီး တစ်ထရိုင်အောင်စ (၁၂၉၂)ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
‘ ရွှေဈေးကျတာ ဒေါ်လာဈေးကျတာကြောင့်ကျတာ (၂)ရက်ပေါင်းဆို တစ်ဒေါ်လာကို ကျပ်(၂၀)ကျော်သွားတာ ခုဟာက (၁၃)ကျပ်လောက် အရောင်း၊ ငွေဈေးက လောလောဆယ် မတက်နိုင်သေးဘူး၊ ကမ္ဘာ့ရွှေဈေးကတော့ မနက်ဖြန် ကြည့်ရမှာ ခုခန့်မှန်းရခက်နေတယ်၊ ကျွန်တော်တို့ မှန်းတာတော့ အလားအလာကို ဈေးကွက်ကြည့်ရမှာ ဈေးကွက်ကတော့ ကမ္ဘာ့ဈေးကွက်ကို ကြည့်ရဦးမှာ၊ ဟောင်ကောင်ဈေးကွက်အဖွင့်မှာ ဈေးတအားကျလို့ ရောင်းထားတဲ့သူတွေက ဝယ်လိုအားများလို့ ပြန်တက်သွားရင်တော့တက်မှာ ကျမယ်ထင်ပြီး ဆက်ရောင်းတဲ့ဟာပေါ်လာရင်တော့ ဒါသေချာပေါက်က (တစ်ထရိုင်အောင်စ) (၁၂၈၂/၈၀)အထိ ကျသွားမှာပဲ ‘ လို့ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောပါတယ်။
လက်ရှိဈေးကွက်မှာ ရွှေဈေးကျဆင်းနေသလို ဈေးကွက်အတွင်း အရောင်းအဝယ် အခြေအနေက ဝယ်ရောင်းပုံမှန်အနေအထားနဲ့ အသင့်အတင့် ကောင်းမွန်နေတယ်လို့ သိရပါတယ်။
Credit: The Kumudra