ပြည်သူများ အိမ်ရာဝယ်ယူရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ကနဦးပေးသွင်းငွေ (၂)ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်လျက်ရှိ

ပြည်သူများ အိမ်ရာဝယ်ယူရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ကနဦးပေးသွင်းငွေ (၂)ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 12:28 pm တွင် တင်ခဲ့သည်
5607 ကြိမ် ကြည့်ရှု့ပြီး

ပြည်သူများ အိမ်ရာဝယ်ယူရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ကနဦးပေးသွင်းငွေ (၂)ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တည်ဆဲအမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အပြီးသတ်ညှိနှိုင်းလျက်ရှိပြီး ပြီးပြတ်ပါက ခန့်မှန်း တစ်လ နှစ်လအတွင်း ပြည်သူများလက်ဝယ်သို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖေဖော်ဝါရီလ (၂၅)ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ ပြောကြားခဲသည်။

“ အိမ်ရာဝယ်ယူရန် လျှောက်ထားသူပေါင်း (၆၀၂၇)ဦးအနက် စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူ (၇၂၂)ဦးအား ပထမအသုတ်အဖြစ် (၂၀၁၈)ခုနှစ် ဇူလိုင်လအတွင်းက စနစ်တကျ ရွေးချယ်ရောင်းချပေးခဲ့ပြီးဖြစ်ပါကြောင်း ဝယ်ယူခွင့်ရရှိသူ ပြည်သူများအနက် တစ်လုံးတစ်ခဲတည်း ချက်ချင်းငွေ ပေးသွင်းနိုင်သည့် ပြည်သူများကို ရောင်းချပြီးဖြစ်သော်လည်း အိမ်ရာအပေါင်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုသည့် ပြည်သူများနှင့် ပက်သက်၍ ပုံမှန်အိမ်ရာ ချေးငွေအတိုးနှုန်း (၁၃)ရာခိုင်နှုန်းအစား သက်သာသောအိမ်ရာချေးငွေ အတိုးနှုန်း (၈.၅)ရာခိုင်နှုန်းဖြင့် ချေးပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သည် ဂျပန်နိုင်ငံအစိုးရအဖွဲ့နှင့် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိပြီး အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေထုတ်ချေးရန် အသင့်ဖြစ်လျက်ရှိပါကြောင်း နေထိုင်ခွင့်ပေးမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများတွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်နေပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း “ ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီသည် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနတန်ဖိုးနည်းအိမ်ရာ၊ ကနောင်တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံအိမ်ရာတို့တွင် တိုက်ခန်းပေါင်း (၇၀၃)ခန်းနှင့် တန်ဖိုးသင့်အိမ်ရာတိုက်ခန်းပေါင်း (၁၆၁)ခန်း၊ စုစုပေါင်း (၈၆၄)ခန်းကို ဝယ်ယူလျှောက်ထားသူပေါင်း (၆၀၂၇)ဦးအနက် စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီသူ (၇၂၂)ဦးအား ပထမအသုတ်အဖြစ် (၂၀၁၈)ခုနှစ် ဇူလိုင်လအတွင်းက စနစ်တကျ ရွေးချယ်ရောင်းချပေးခဲ့ပြီးဖြစ်ပါကြောင်း သိရသည်။

Credit: အကျိုးဆောင်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service